Category: News

  • ဝိတိုရိယဆေးရုံကြီး အနံ့တွေ ထွက်လာပြီ

    ဝိတိုရိယဆေးရုံကြီး အနံ့တွေ ထွက်လာပြီ

    ဝိတိုရိယဆေးရုံ ငွေရှင်းကောင်တာမှာ ပိုက်ဆံရှင်းတော့ မှန်းထားတာထက် ငွေအမောက်ပိုများနေလို့ အိမ်ကနေ kpay လှမ်းတောင်းလိုက်ရပါတယ် ငွေရှင်းကောင်တာမှာ ကျမက ငွေသားတဝက် Kpay တဝက်ရှင်းမယ်နော်လို့ပြောတာကို ကောင်တာက အမည် သန္တာမိုးဆိုတဲ့တယောက်က မျက်နာ မကြည်မသာနဲ့ ရုပ်ပျက်နေပီး Kpay နဲ့ ရှင်းရင်လဲ အကုန်လုံး kpay နဲ့ရှင်း ငွေသားနဲ့ရှင်းချင်လဲ ငွေသားနဲ့ပဲ အကုန်ရှင်းဆိုပီး လူကြားထဲမှာအရှက်ရအောင်ပြောပါတယ်။ 😪 ကျမတို့လဲ ချမ်းသာနေတာမဟုတ်ပါဘူး ရောဂါပျောက်ချင်လွန်းလို့ ဝိတိုရိယဆေးရုံမှာထိုင်တဲ့ ဆရာဝန်က တော်တယ် ပြောကြတာနဲ့ သွားပြခဲ့တာပါ။ Kpay နဲ့ချည်းပဲရှင်းရအောင်လဲ အိမ်က အပြည့်မပေးနိုင်လို့ပါ ဘောင်ချာဖြတ်ရတာ အဆင်မပြေဘူး ဘာညာနဲ့ပြောနေတာပါ။ ကျမရှက်လဲ တကယ်ရှက်ရပါတယ် ကျမက အက်လိုရှင်းဖို့မပါဘူး ငွေသားတဝက် Kpay တဝက်ပဲရှိတယ်လို့ထပ်ပြောမှ မျက်နာကြောတင်းပီး စိတ်ပျက်တဲ့ပုံစံနဲ့ ဘောင်ချာဖြတ်ပေးခဲ့တာပါ…

  • ဒီလူကိုတွေ့ရင် မိန်းကလေးတွေ သတိထား ဆင်ခြင်နိုင်ဖို့

    ဒီလူကိုတွေ့ရင် မိန်းကလေးတွေ သတိထား ဆင်ခြင်နိုင်ဖို့

    အလုပ်သွားရင် ကားဂိတ်ထိအမေကလိုက်ပို့ပေးနေကျပါ ဒီနေ့တရက်လေးအမေလိုက်မပို့လို့ ကိုယ့်ဘာသာ ၁ ယောက်ထဲ ၅၆ ထိပ်ဂိတ်မှာကားစောင့်နေတာ😔 ကားဂိတ်မှာ ကားစောင့်နေတဲ့လူတွေလည်းရှိတယ် နေရာကလည်း အကျယ်ကြီးကို အသက်ကြီးပြီးအချိန်မစီးတဲ့အကောင်တကောင် အနားကပ်လာပြီး ကိုယ့်ပါးကိုလာနမ်းဖို့လုပ်လို့ ဆောင့်တွန်းပြီး တခြားလူတွေရှိတဲ့ဘက်မှာ သွားရပ်နေလိုက်တယ် ။ ကားပေါ်ရောက်တော့လည်း ကားကမထွက်သေးဘူး ခဏရပ်ထားတုန်း ကားလည်းအရမ်းမကြပ်နေဘူး ကားပေါ်ထိရောက်လာပြီး မသိရင်လူကြပ်သလိုလိုနဲ့ ကိုယ့်အနားပဲ အတင်းလာတိုးပြီး ကိုယ့်ပါးကိုလာနမ်းမလိုလုပ်တော့ ကိုယ်ကလည်းအစထဲက အငြိမ်မခံဘဲ အရှက်အကြောက်မရှိ လူကြားထဲ ထအော်ရဲတဲ့သတ္တိရှိတော့ အော်ပေးလိုက်တယ် အကိုတစ်ယောက်က သူနဲ့နေရာချင်းလဲပြီး ကိုယ့်ကိုကာထားပေးလို့ ကျေးဇူးတင်ပါတယ် ဖုန်းထုတ်ပြီးသူ့မျက်နှာကိုပုံရိုက်တော့မှ နင့်ကိုဘာလုပ်လို့လဲ ဆိုပြီး အရူးကွက်နင်းပြီး​ ဘုန်းကြီးကျောင်းကွေ့ရောက်တော့ဆင်း​ပြေးသွားပါတယ် မိန်းကလေးတွေ အပြင်တယောက်ထဲသွားလာရင် သတ္တိထားကြပါနော် ❗️ ဒီလူကိုတွေ့ရင် မိန်းကလေးတွေ သတိထား ဆင်ခြင်နိုင်အောင် များများရှယ်ပေးသွားကြပါဦး။ ပုံက အဲ့လူပုံပါ

  • BBC မီဒီယာ လုပ်ငန်းစုကို အသရေဖျက်မှုနဲ့ ထရမ့် တရားစွဲ

    BBC မီဒီယာ လုပ်ငန်းစုကို အသရေဖျက်မှုနဲ့ ထရမ့် တရားစွဲ

    ဗြိတိန် မီဒီယာ လုပ်ငန်းစုကြီး BBCကို အသရေဖျက်မှုနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရားစွဲဆိုလိုက်ပါတယ်။ BBCရဲ့ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးထုတ်လုပ်တဲ့ Panorama အစီအစဉ်မှာ ထရမ့်ရဲ့ မိန့်ခွန်းတစ်ခုကို မူရင်း အဓိပ္ပါယ်နဲ့ အရမ်းလွဲချော်အောင် တည်းဖြတ် ပြင်ဆင်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ရှေ့နေတွေက တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တုန်းက ထရမ့်ကို ထောက်ခံသူတွေက အမေရိကန် လွှတ်တော်ထဲ အင်အားသုံး စီးနင်းခဲ့တဲ့ ဖြစ်စဉ်မတိုင်ခင် ထရမ့်ပြောကြားခဲ့တဲ့ မိန့်ခွန်းကို BBCက ပြုပြင် တည်းဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တည်းဖြတ်မှုရဲ့ ရလဒ်က ထရမ့်ဟာ မင်းမဲ့စရိုက်ဆန်ဆန် ဆူပူမှုတွေ ကျူးလွန်ကြဖို့ ထောက်ခံသူတွေကို တိုက်တွန်းတောင်းဆိုသလို ဖြစ်သွားပါတယ်။…

  • ရွေးကောက်ပွဲပါဝင်သူတွေ စစ်အုပ်စုနဲ့ အလိုတူအလိုပါအဖြစ် သတ်မှတ်အရေးယူမယ်

    ရွေးကောက်ပွဲပါဝင်သူတွေ စစ်အုပ်စုနဲ့ အလိုတူအလိုပါအဖြစ် သတ်မှတ်အရေးယူမယ်

    ဓားမိုး၊ သေနတ်ထောက်ပြုလုပ်မယ့်ရွေးကောက်ပွဲပါဝင်သူတွေ စစ်အုပ်စုနဲ့ အလိုတူအလိုပါအဖြစ် သတ်မှတ်အရေးယူမယ်လို့ ခန္တီး PDF ထုတ်ပြန် စစ်ကောင်စီတပ်က ဓားမိုး၊သေနတ်ထောက်ပြီး ပြုလုပ်မယ့်ရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံကြမယ့် ပါတီကိုယ်စားလှယ်လောင်းတွေ၊ အတင်းအဓမ္မ မဲပေးခိုင်းသူ‌တွေ၊ မဲဆွယ်စည်းရုံးရေးဆင်းမယ့် ပုဂ္ဂိုလ်တွေဟာ စစ်အုပ်စုနဲ့ အလိုတူအလိုပါအဖြစ် သတ်မှတ်ရေးယူသွားမယ်လို့ ခန္တီး-PDFက သတိပေးထုတ်ပြန်ပါတယ်။ ပြည်သူတွေသတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှုတွေကနေ ရှောင်လွှဲနိုင်အောင် ထွက်ပေါက်ရှာနေတဲ့ အာဏာသိမ်းစစ်အုပ်စုဟာ ရွေးကောက်ပွဲကို ခန္တီးမြို့နယ်မှာ ဓါးမိုး၊ သေနတ်ထောက်ပြီး ပြုလုပ်ဖို့ကြိုးပမ်းနေပြီး ပူးပေါင်းပါဝင်ခြင်းမပြုဖို့ ဒီဇင်ဘာ ၁၄ရက် ရက်စွဲနဲ့ ထုတ်ပြန်သတိပေးတာဖြစ်ပါတယ်။ ရွေးကောက်ခံကြမယ့် ပါတီကိုယ်စားလှယ်လောင်းတွေ၊ အတင်းအဓမ္မ မဲပေး ခိုင်းသူ‌ တွေ၊ မဲဆွယ်စည်းရုံးရေးဆင်းမယ့် ပုဂ္ဂိုလ်တွေကို အထူးရွံ့ရှာစက်ယုတ် ရှုံ့ချတဲ့ အပြင် စစ်အုပ်စုနဲ့ အလိုတူအလိုပါ အားပေးအား မြောက်ပြု လုပ်သူ တွေအဖြစ် သတ်မှတ်ရေးယူသွားမယ်လို့ခန္တီး-PDF…

  • ရဲတွေဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာရုံသို့ လိမ်လည်ပို့ဆောင်ခံရတဲ့ထဲ ၁၄ နှစ်အရွယ် အမျိုးသမီးငယ်

    ရဲတွေဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာရုံသို့ လိမ်လည်ပို့ဆောင်ခံရတဲ့ထဲ ၁၄ နှစ်အရွယ် အမျိုးသမီးငယ်

    မူဆယ်မှာ လစာကောင်းရမယ်ဆိုပြီး ရဲတွေဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာရုံသို့ လိမ်လည်ပို့ဆောင်ခံရတဲ့ထဲ ၁၄ နှစ်အရွယ် အမျိုးသမီးငယ်လည်း ပါဝင်နေ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့ပေါ်မှာ လစာကောင်းရမယ်ဆိုပြီး အမျိုးသမီးငယ်တွေကို ပြည့်တန်ဆာရုံသို့ လိမ်လည်ပို့ဆောင်ခံရတာတွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲရှိ ကျေးရွာတစ်ရွာက အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၂ ဦးနဲ့ ၁၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို မူဆယ်က ပွဲစားတွေက လစာကောင်းရမယ်ဆိုပြီး ပြည့်တန်ဆာရုံသို့ လိမ်လည်ပို့ဆောင်ခဲ့တာလို့ လိမ်လည်ခံရသူ ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။ “သမီးတို့ ၃ ယောက်ကို ပွဲစားက မူဆယ်စီးကရက်စက်ရုံမှာ လစာကောင်းတယ်ပြောပြီး ရွာကနေ ခေါ်လာတာ။ ဒီရောက်တော့ (ဘိ)မှာ အလုပ်လုပ်ခိုင်းတယ်။ မလုပ်နိုင်ဘူးလို့ ငြင်းတော့ လမ်းစရိတ်…