Category: News
-

မြန်မာမိန်းကလေး ၁ ဦး အီး-စီးကရက်ကြောင့် စင်ကာပူတွင် နေထိုင်ခွင့်ဆုံးရှုံးသည့် ပထမဆုံးနိုင်ငံခြား သားဖြစ်လာ
အီတိုမီဒိတ်ပါဝင်သော အီလက်ထရောနစ်စီးကရက် (Kpod)ကို လက်ဝယ်တွေ့ရှိမှုကြောင့် အသက် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေးတဦးသည် စင်ကာပူတွင် ရေရှည်လူဝင်မှုကြီးကြပ်ရေးအဆင့်အတန်း ရုပ်သိမ်းခံရသည့် ပထမဆုံး နိုင်ငံခြားသား ဖြစ်လာခဲ့သည်။ နိုဝင်ဘာလ ၁၄ ရက်က ရဲအရာရှိများ၏ ပုံမှန်စစ်ဆေးမှုအတွင်း အီတိုမီဒိတ်မူးယစ်ဆေးပါသည့် အီလက် ထရောနစ်စီးကရက်ကို ၎င်းတွင် လက်ဝယ်တွေ့ရှိခဲ့ကြောင်း စင်ကာပူပြည်ထဲရေးဝန်ကြီးဌာန (MHA) နှင့် ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့ (HSA) တို့၏ ဒီဇင်ဘာ ၈ ရက်၊ ပူးတွဲသတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ အခြားပြစ်မှုများအတွက် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများကို ကူညီရန် စင်ကာပူတွင် ဆက်လက် နေထိုင် ခွင့်ပြုသည့် အထူးခွင့်ပြုမိန့်ကို ၎င်းအား ထုတ်ပေးထားသည်။ “ရဲအမှု ပြီးဆုံးပြီးနောက်၊ သူမကို ပြည်နှင်ဒဏ်ပေးပြီး စင်ကာပူကို ပြန်လည်ဝင်ရောက်ခွင့် တားမြစ် ပိတ်ပင်သွားမှာ…
-

အပစ်ရပ် ကတိကို လေးစားလိုက်နာကြဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားကို ထရမ့် တောင်းဆိုထား
အပစ်ရပ် သဘောတူညီထားမှုကို ဆက်ပြီး လေးစား လိုက်နာပေးကြဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားကို အမေရိကန် အစိုးရက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။ ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်တွေတုန်းက အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြား နယ်စပ် စစ်ရေး တင်းမာမှုတွေ ပြန်လည် စတင်လာပြီး ကမ္ဘောဒီးယားက လက်နက်ကြီးတွေနဲ့ ပစ်ခဲ့သလို ထိုင်းကလည်း နယ်စပ်မှာရှိတဲ့ ကမ္ဘောဒီးယား စစ်စခန်းတွေနဲ့ ကာစီနိုရုံ တစ်ခုကို F-16 တိုက်လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲခဲ့ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် အငြင်းအခုံကို အကြောင်းပြုပြီး ဇူလိုင် လကုန်ပိုင်းတုန်းက ၅ ရက်ကြာ စစ်ခင်း တိုက်ခိုက်ခဲ့ဖူးပါတယ်။ အဲဒီနောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ မလေးရှား ဝန်ကြီးချုပ် အီဘရာဟင်…
-

ဆီလုပ်ငန်းရှင်များအားလုံး ပြည်ပထွက်ခွာခွင့် စစ်တပ်က ယာယီပိတ်ပင်ထား
စစ်တပ်က စက်သုံးဆီကုမ္ပဏီပိုင်ရှင်များကို မသမာမှု လုပ်သည်ဟုဆိုကာ ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ဇန်နဝါရီလ ၂၆ ရက်နေ့ နောက်ဆုံးထား ပြန်ပေးရန် ရာဇသံပေးထားပြီး ဆီလုပ်ငန်းရှင်များအားလုံး ပြည်ပထွက်ခွာခွင့် စစ်တပ်က ယာယီပိတ်ပင်ထား အကြမ်းဖက် စစ်တပ်က စက်သုံးဆီကုမ္ပဏီပိုင်ရှင်များကို ဆီတင်သွင်းရောင်းချရာတွင် မသမာမှုများ လုပ်သည်ဟုဆိုကာ ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ဇန်နဝါရီလ ၂၆ ရက်နေ့ နောက်ဆုံးထား ပြန်ပေးရန် ရာဇသံပေးထားပြီး ဆီလုပ်ငန်းရှင်များအားလုံး ပြည်ပထွက်ခွာခွင့် စစ်တပ်က ယာယီပိတ်ပင်ထားကြောင်း စက်သုံးဆီလုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ပြောဆိုသည်။ စက်သုံးဆီ ကုမ္ပဏီ၊ ဆီလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ စက်သုံးဆီများ တင်သွင်းရောင်းချရာတွင် မသမာမှုများ လုပ်ဆောင်ခဲ့သော လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး သန့်စင်နှင့် ညွှန်ကြားရေးမှူးချုပ် ရွှေမော် တို့ကို စစ်တပ်က နိုဝင်ဘာလအတွင်း…
-

ပြောင်းလဲခဲ့ရ ထိုခဏ
ကျွန်တော် တစ်ခါမှ မစဉ်းစာခဲ့ဖူးဘူး။ ဒီလိုဖြစ်လာမယ်ဆိုတာလည်း စကားအဖြစ်တောင် မပြောခဲ့ဖူးဘူး။ လောကကြီးက တခါတလေ ခံယူချက်တွေ စိတ်ဓာတ်တွေကို ပြောင်းလည်းသွားအောင် အဖြစ်အပျက်တွေကို ဖန်တီးကြုံကြိုက်စေတယ်။ လိုက်ပွဲဆိုတာမျိုး ပေါင်တစ်ချောင်းပိုင်တယ်ဆိုတာမျိုးပြောတဲ့သူကို ခပ်ညံ့ညံ့ယောကျ်ားလို့ မြင်လေ့ရှိတဲ့ ကျွန်တော်ဟာ အခု မှန်ကြည့်တိုင်း အဲ့လိုလူကို မြင်နေရအောင် ဘယ်လိုပြောင်းလဲခဲ့တာလဲ၊ ဘာတွေက ဖြစ်စေခဲ့တာလဲ၊ သေချာတာကတော့ ကျွန်တော်ကိုယ်တိုင် ပါဝင်ဖြစ်ပျက်ခဲ့မိတာ၊ မူးလို့ဖြစ်သွားတာ စိတ်မထိန်းနိုင်လို့ပါ ဆိုတာတွေကို ကျွန်တော်လက်မခံခဲ့မိဘူး။ စိတ်ထဲမှာမရှိရင် မဖြစ်ဘူးလို့ ထင်ခဲ့မိပေမဲ့ တကယ်ကြုံလာတော့ သွေးထဲက ဆန္ဒတွေဟာ ကျွန်တော်မသိအောင် ကာလအတော်ကြာ ပုန်းနေခဲ့တယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်တော့်မိန်းမက ညီအစ်မ ၃ ယောက်ထဲမှာ အကြီးဆုံး။ ဒုတိယနဲ့ အငယ်ဆုံးက ၅ နှစ်စီ ငယ်တယ်။ ကျွန်တော့်ရဲ့ အထင်အမြင်တွေကို ပြောင်းလဲပြီး…
-

UFC သမိုင်းရဲ့ မြန်မာနိုင်ငံဖွား MMA ဖိုက်တာ Joshua Van အကြောင်း🇲🇲
Joshua Van ကို ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဟားခါးမြို့ ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပြီး လက်ရှိ အနားယူသွားတဲ့ အောင်လအန်ဆန် လိုပဲ မြန်မာ့ဂုဏ်ဆောင် MMA ဖိုက်တာတစ်ဦး ဖြစ်ပါတယ်။ လက်ရှိတွင် ကမ္ဘာ့အကြီးဆုံးပြိုင်ပွဲ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UFC ရဲ့ Flyweight တန်းမှာ ယှဉ်ပြိုင်နေပြီး၊ UFC သမိုင်းတစ်လျှောက် လက်မှတ်ရေးထိုးနိုင်ခဲ့သည့် ပထမဆုံး မြန်မာနိုင်ငံသား တစ်ဦးအဖြစ် သမိုင်းမှတ်တမ်းတင်ခဲ့ရပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ စာရင်းအရ Joshua Van ဟာ UFC ဖလိုက်ဝိတ် အဆင့်သတ်မှတ်ချက်တွင် နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။ စုစုပေါင်း ၁၇ ပွဲ…