Category: News
-
နတ်ရေကန်ဗျူဟာကို တပ်ကူနှင့် ရိက္ခာ ဆက်တိုက်ပို့၊ ရိုးမပေါ်တွင် တိုက်ပွဲဆက်နေ
စစ်ကောင်စီက နတ်ရေကန်ဗျူဟာဘက်ကို တပ်ကူနဲ့ရိက္ခာ ဆက်တိုက်ပို့နေပြီး တော် လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် ဒီဇင်ဘာလဆန်းပိုင်းထဲ ရိုးမပေါ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာကုန်းပေါ်မှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေဆီ ပဒါန်း အခြေစိုက် မစခ-၉၀၅ ကနေ တပ်ကူတွေ ပေးပို့နေတာကြောင့် ဒီဇင်ဘာလဆန်းပိုင်းထဲ ရိုးမပေါ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ စစ်ရေးရင်းမြစ်နဲ့ ဒေသခံက ပြောပါတယ်။ စစ်တပ်က နိုဝင်ဘာ ၃၀ ရက်မှာ စစ်ကား ၂ စီး၊ ဒီဇင်ဘာ ၄ ရက်နေ့လောက်မှာတော့ လမ်းဟောင်း ဘက်ကို ကား ၃ စီး၊ လမ်းသစ်ဘက်ကို ကား ၅ စီး စုစုပေါင်း ကား ၁၀ စီးထပ်မနည်းသုံးပြီး တပ်ကူ၊ ရိက္ခာနဲ့…
-

ကမ္ဘောဒီးယားကို ထိုင်းက လေကြောင်းမှ လက်တုံ့ပြန်တိုက်ခိုက်
ကမ္ဘောဒီးယား စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း ထိုင်းစစ်တပ်က ဒီဇင်ဘာ ၈ ရက်မှာ အတည်ပြုလိုက်ပါတယ်။ နယ်စပ်မှာ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ထိုင်းစစ်သားတယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့အပြီးမှာ အခုလို တုံ့ပြန်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကြားဝင်ညှိနှိုင်းပေးထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်လို့ ၂ နိုင်ငံစလုံးက အပြန်အလှန် စွပ်စွဲနေကြပါတယ်။ “ထိုင်းဘက်က အခုချိန်မှာ လေကြောင်းအင်အားသုံးပြီး နေရာတော်တော်များများက စစ်ရေးပစ်မှတ်တွေကို စတင်တိုက်ခိုက်နေပါပြီ” လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကမ္ဘောဒီးယားဘက်ကတော့ ထိုင်းစစ်တပ်ဟာ မနက်အရုဏ်တက်အချိန်မှာ နေရာ ၂ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိမိတို့ဘက်က လက်တုံ့ပြန်တာမျိုး မရှိသေးကြောင်း ပြောဆိုထားပါတယ်။ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း နယ်စပ်ခရိုင် ၄ ခုက…
-

ဘုန်းကြီးတစ်ပါးက ၅ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်၊ ကိုယ်ဝန် ၅ လကျော်ချိန် အတင်းဖြတ်ချခိုင်းလို့ ဆေးရုံရောက်
ဘုန်းကြီးတစ်ပါးက ၅ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်၊ ကိုယ်ဝန် ၅ လကျော်ချိန် အတင်းဖြတ်ချခိုင်းလို့ ဆေးရုံရောက် ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ အသက် (၅၆) ရှိနေပြီဖြစ်တဲ့ ဘုန်းကြီးတစ်ပါးက ကျောင်းတိုက်အတွင်း လာရောက်မှီခိုနေထိုင်နေရသူ ၅ တန်းကျောင်းသူ ကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန် ၅ လကျော်ချိန်မှ အတင်းဖြတ်ချခိုင်းလို့ ကလေးငယ်ဟာ ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြောင်းမြမြို့၊ ဘုရားငုတ်တိုရှမ်းစုကျေးရွာရှိ ငွေဟင်္သာတောရကျောင်းမှ အသက် (၅၆) နှစ်၊ ဝါတော် (၁၅) ဝါရှိ ရဟန်းဘွဲ့ ဦးဥတ္တမ၊ လူအမည် ဦးအေးလွင်ဆိုသူ ဘုန်းကြီးတစ်ပါးက ကျောင်းတိုက်တွင် မှီခိုနေထိုင်နေရသူ ၅ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ကလေးမိသားစုက…
-

သတိကြီးကြီးသာထားနေကြပါ၊ ဘယ်သူ့ကို အားကိုးလို့ အားကိုးရမှန်းမသိတော့ဘူး
သာကေတ Capital လမ်းမ ပေါ်မှာ လုပ်ရဲတာ နော် ဒီနေ့ မနက် ၁၁ :၀၀ ခန့်က ညီမတယောက် ဖုန်းဆက်တယ် သူ့ အမျိုးသား မူး-ယ-စ်ဆေး နဲ့ ဖမ်းမိလို့ သာကေတ ဝက်စု မှာ လာညှိဘို့ ခေါ်တယ် တဲ့ ဖုန်းက အဖမ်းခံရတဲ့ကောင်လေး ဖုန်းနဲ့ဘဲ ဆက်တာ လာတွေ့မယ်ပြောတော့ သဘော်ကျင်း ကိုလာပါ တဲ့ နောက်တခါ ဖုန်းထပ်ဆက်တော့ သာကေတ Capital နားလာပါတဲ့ Capital နားရောက်တော့ ဘယ်နှစ်ရောက်လာတာလည်း အကျီ ဘာဝတ်ထားလည်း မေးတယ် မေးနေချိန် လူတယောက်က တဖက် ကားလမ်းမ က ကြည့်နေတာ တွေ့ရတယ် အဲ့လိုမေးနေကတည်းက ရဲ မဟုတ်မှန်းသိတယ် ဒါပေမဲ့ ကိုယ့်လူက…
-

ဒီဇင်ဘာ ၁၀ ရက်နေ့ မည်သည့်ဝန်ထမ်းကိုမှ ခွင့်မပေးရန်၊ လူစုံတက်စုံ ရုံးတက်ခိုင်းရန် ဝန်ကြီးဌာနများအတွင်း ရုံးတွင်း အမိန့်များထုတ်
ဒီဇင်ဘာလ ၁၀ ရက် အသံတိတ်သပိတ်နေ့တွင် ပိတ်ထားမည့် ဆိုင်များ၊ အလုပ်ရုံများနှင့် ကုမ္ပဏီများကို အရေးယူရန်၊ ပြည်သူများ ပါဝင်နိုင်သော စျေးရောင်းပွဲများ၊ ပျော်ပွဲရွှင်ပွဲနှင့် လူထုလှုပ်ရှားမှုများ ဆောင်ရွက်ကြရန် စစ်တပ်က ညွှန်ကြား ဒီဇင်ဘာ ၁၀ ရက်နေ့ မည်သည့်ဝန်ထမ်းကိုမှ ခွင့်မပေးရန်၊ လူစုံတက်စုံ ရုံးတက်ခိုင်းရန် ဝန်ကြီးဌာနများအတွင်း ရုံးတွင်း အမိန့်များထုတ် အသံတိတ်သပိတ် ပြုလုပ်မည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပိတ်ထားမည့် ဆိုင်များ၊ အလုပ်ရုံများနှင့် ကုမ္ပဏီများကို ဖမ်းဆီးချိတ်ပိတ်အရေးယူရန်၊ ပြည်သူများ ပါဝင်နိုင်သော စျေးရောင်းပွဲများ၊ ပျော်ပွဲရွှင်ပွဲနှင့် လူထုလှုပ်ရှားမှုများ သက်ဆိုင်ရာ ဒေသန္တရအာဏာပိုင်များက ဆောင်ရွက်ကြရန် စစ်တပ်က ညွှန်ကြားထားကြောင်း နေပြည်တော်ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်တပ်၏ ရွေးကောက်ပွဲကို ကန့်ကွက်မည့် အသံတိတ်သပိတ်နှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက…