Category: News
-

ဒီပဲယင်းနယ် လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စု လေကြောင်းဗုံးကြဲမှုကြောင့် အသက် ငါးနှစ်အောက်ကလေးငယ် နှစ်ဦးအပါအဝင် သေဆုံးသူ ၁၈ ဦးရှိလာ
ဒီပဲယင်းနယ် လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စု လေကြောင်းဗုံးကြဲမှုကြောင့် အသက် ငါးနှစ်အောက်ကလေးငယ် နှစ်ဦးအပါအဝင် သေဆုံးသူ ၁၈ ဦးရှိလာ စစ်ကိုင်းတိုင်း၊ ပဲယင်းနယ်အရှေ့ခြမ်းက မရကန်ကျေးရွာကို ဒီဇင်ဘာလ ၅ ရက်နေ့ ည ၈ နာရီခန့်မှာ စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ငါးနှစ်အောက်ကလေးငယ်အပါအဝင် ပြည်သူ ၁၈ ဦးသေဆုံးထားပြီး ထိခိုက်ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရတဲ့ ပြည်သူတွေလည်း ရှိနေသေးတယ်လို့ ဒီပဲယင်းနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ ဒီပဲယင်းနယ် မရကန်ကျေးရွာကို စစ်အုပ်စုတပ်က ဂျက်ဖိုက်တာအမျိုးအစားလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက်ငါးနှစ်အောက် ကလေးငယ်နှစ်ဦးနဲ့ အမျိုးသမီးတွေအပါအဝင် ပြည်သူ ၁၈ ဦးထိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာ ရသူတွေလည်း အများအပြားရှိနေပြီး ဆေးဝါးကုသမှုတွေ ဆက်လုပ်နေသလို စိုးရိမ်ရတဲ့…
-

ဘောလုံးပွဲကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စုက ဗုံးကြဲသတ်
ဒီပဲယင်းမှာ ဘောလုံးပွဲကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စုက ဗုံးကြဲသတ်လို့ ပြည်သူ ၁၃ ဦး သေဆုံး စစ်အုပ်စုက အကြောင်းမဲ့ တနေကုန် ဒီပဲယင်းနယ် ကျေးရွာတွေကို ဗုံးပတ်ကြဲနေ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ဒီဇင်ဘာ ၅ ရက်ည ၈ နာရီမှာ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ သေဆုံးတဲ့ပြည်သူ ၁၃ ဦး ရှိကာ ဒဏ်ရာရသူတွေလည်း များတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီပဲယင်းနယ် အရှေ့ခြမ်း၊ မရကန်းကျေးရွာရှိ လက်ဖက်ရည်ဆိုင်ကို မိတ္ထီလာမြို့ကနေ တက်လာတဲ့ MIG-29 အမျိုးအစား တိုက်လေယာဉ်နဲ့ စစ်အုပ်စုက နှစ်ကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး လက်ဖက်ရည်ဆိုင်အတွင်း ဘောလုံးပွဲ ကြည့်ပြီး ထိုင်နေတဲ့ ဒေသခံတွေ သေဆုံးတာလို့ ဆိုပါတယ်။…
-

မိုးကုတ်အနောက်ပိုင်းက စစ်တပ်စခန်းကုန်းတစ်ခုကို တော်လှန်ရေးတပ်ပေါင်းစု သိမ်းပိုက်
စစ်အုပ်စုတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အနောက်ပိုင်းက ဘောလုံးကြီးရွာနဲ့ ဘောလုံးလေးရွာဘက်က စစ်အုပ်စုစခန်းတစ်ခုကို ဒီဇင်ဘာလ ၃ ရက်မှာ မိုးကုတ်တော်လှန်ရေး တပ်ပေါင်းစုတွေက သိမ်းပိုက်ထားနိုင်ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။ နိုဝင်ဘာ ၂၉ ရက်ညပိုင်းမှာ ထောင်နဲ့ချီတဲ့ စစ်အုပ်စုတပ်တွေဟာ မိုးကုတ်မြို့ထဲ ဝင်ရောက်လာပြီးနောက် နိုဝင်ဘာ ၃၀ ရက်ကစပြီး ဒီဇင်ဘာ ၄ ရက်နေ့အထိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုကြား တိုက်ပွဲတွေ မြို့အစွန်ဘက်မှာ ဆက်လက်ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။ “မိုးကုတ်မြို့ အနောက်ပိုင်းဘက်က ဘောလုံးကြီး၊ ဘောလုံးလေးဖက်က စစ်စခန်းကုန်းတစ်ခုကို တပ်ပေါင်းစုက သိမ်းပိုက်ထားနိုင်ပါပြီ။ စခန်းသိမ်းတာတော့ ရဲဘော်သုံးယောက်ဒဏ်ရာရပါတယ်။ မစိုးရိမ်ရဘူး“ လို့ မိုးကုတ်မြို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။ တိုက်ပွဲအတွင်း ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတစ်လုံး ဘော်လုံးလေးရွာဘက်ကို ကျရောက်ပေါက်ကွဲတာခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦးနဲ့…
-

ပထမဆုံးသော FIFA ငြိမ်းချမ်းရေးဆုရရှိသွားတဲ့ ဒေါ်နယ်ထရန့်
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ ကနေဒီစင်တာမှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ပြုလုပ်တဲ့ ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အုပ်စုအဆင့် မဲခွဲမှုမတိုင်ခင် အခမ်းအနား မြင်ကွင်းများကို တွေ့ရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ပထမဆုံးသော FIFA ငြိမ်းချမ်းရေးဆုကို ရရှိသွားခဲ့ပါတယ်။ (Photos: EPA/AFP)
-
