Category: News
-

တောင်တွင်းကြီးတွင် လက်နက်ခဲယမ်းသယ်သည့်စစ်ကား တံတားကိုတိုက်မိပေါက်ကွဲ၊ စစ်သား ၅ ဦးထက်မနည်းသေဆုံး
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ စစ်ကား ၁ စီးဟာ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းက တံတားဘေးဘောင်ကိုတိုက်မိပြီး ခဲယမ်းတွေပေါက်ကွဲခဲ့လို့ ပြည်သူ ပြည်သူ ၃ ယောက်နဲ့ စစ်သား ၅ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အမည်မဖော်လိုတဲ့ ဒေသခံတယောက်က “ညနေ ၃ နာရီလောက်မှာ တောင်ဘက်ကနေ မောင်းလာပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်သားတချို့တင်လာတဲ့ စစ်ကား ၁ စီးက ရွာမြောက်ဘက်နားမှာရှိတဲ့ ချောင်းကူးတံတားအဝင် ဘေးဘောင်ကိုတိုက်မိပြီးတော့ အဲဒီကားပေါ်တင်လာတဲ့ စစ်ပစ္စည်းတွေလည်း ပေါက်ကွဲတဲ့ဟာကွဲ၊ ဘေးလွင့်ကျတဲ့ဟာတွေ ကျကုန်တာဗျ” လို့ ပြောပါတယ်။ စစ်ကားတိမ်းမှောက်ပေါက်ကွဲတာကြောင့် စစ်သား ၅ ယောက်ထက်မနည်းသေဆုံးခဲ့သလို အရပ်သားခရီးသွားကား ၁ စီးကို ဗုံးစတွေထိမှန်ခဲ့တာကြောင့်လည်း ပြည်သူ ၃ ယောက်ထက်မနည်း…
-

ခင်ဦးတိုက်ပွဲတွင် သေဆုံးသွားသော စစ်သားအလောင်းများ စစ်တပ်က လာမကောက်ဘဲ စွန့်ပစ်ထားသဖြင့် တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်း မီးသဂြိုလ်ပေးရ
ခင်ဦးတိုက်ပွဲတွင် သေဆုံးသွားသော စစ်သားအလောင်းများ စစ်တပ်က လာမကောက်ဘဲ စွန့်ပစ်ထားသဖြင့် တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်း မီးသဂြိုလ်ပေးရ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း တိုက်ပွဲတွင် သေဆုံးသွားသော စစ်သားအလောင်းများ စစ် တပ်က လာမကောက်ဘဲ စွန့်ပစ်ထားသဖြင့် တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်း မီးသဂြိုလ်ပေးရကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ခင်ဦးပကဖ)မှ တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ခင်ဦးမြို့နယ်၊ မုံလှကျေးရွာအတွင်း ၄ ရက်အကြာ ယာယီ တပ်စွဲ အထိုင်ချထာသော အကြမ်းဖက် စစ်တပ်သည် ပျဥ်ထောင်ပျူစောထီးရွာသို့ အင်အား ၁၈၀ ခန့်ဖြင့် ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ် စစ်ကြောင်းတစ်ခုလုံး ပျက်သွားပြီး စစ်သား ၈၀…
-

လိပ်ကျွန်း လူသတ်မှု- သံသယနှင့် စီရင်ချက် နောက်ကွယ်က မြန်မာလုပ်သားနှစ်ဦး ဘဝဇာတ်လမ်း
လိပ်ကျွန်း လူသတ်မှု- သံသယနှင့် စီရင်ချက် နောက်ကွယ်က မြန်မာလုပ်သားနှစ်ဦး ဘဝဇာတ်လမ်း ဤအဖြစ်အပျက်သည် ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ဗြိတိသျှ ခရီးသွားများဖြစ်သည့် Hannah Witheridge (အသက် ၂၃ နှစ်) နှင့် David Miller (အသက် ၂၄ နှစ်) တို့ စုံတွဲသေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွဲးခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာ နေရာတွင် တွေ့ရှိရသည့် စီးကရက်တိုများ နှင့် ဆံပင်များ မှရရှိသော DNA နမူနာများနဲ့ ကိုက်ညီသူကို ရှာဖွေရန် ကျွန်းပေါ်ရှိ နိုင်ငံခြားသား ခရီးသွားများ နှင့် ရွှေ့ပြောင်းလုပ်သားများကို စစ်ဆေးခဲ့ပါတယ်။ နောက်ပိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ ကို ပိုမိုပစ်မှတ်ထား စစ်ဆေးခဲ့ပြီး ပြစ်မှုဖြစ်ပွားသည့်နေရာနှင့် နီးစပ်သော နေရာများတွင်…
-

စစ်တပ်ဘက်တော်သား အဆိုတော်ယုန်လေး၏ သိန်း ၆၀၀၀ ကျော် အကုန်ကျခံရိုက်ထားသော “မြို့ပြထဲက လမ်းမ” ရုပ်ရှင် ကြည့်ရှုသူ တစ်ဦးမှ မရှိ
မြန်မာနိုင်ငံတွင် လူမိုက်များနှင့် ပေါင်း၍ ငွေကျပ် သိန်းရာထောင်ချီရယူ မိုက်ကြေးခွဲ အကြွေးတောင်း အလုပ်လုပ်ကိုင်နေသော အဆိုတော်ယုန်လေးက ဒါရိုက်တာအဖြစ် သိန်း ၆၀၀၀ ကျော် အကုန်ကျခံရိုက်ထားသော “မြို့ပြထဲက လမ်းမ” ရုပ်ရှင် လူမကြည့်၍ အနုပညာလောကမှ အနားယူရန် များနေပြီဖြစ်ကြောင်း ယမန်နေ့ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထုတ်ပြန်သည်။ အဆိုတော်ယုန်လေးက ဒါရိုက်တာအဖြစ် “မြို့ပြထဲက လမ်းမ” ရုပ်ရှင်ကို ၁ နှစ်ခွဲကြာရိုက်ကူးခဲ့ကြောင်း၊ အဆိုပါရုပ်ရှင်ဇာတ်ကားအတွက် ငွေကျပ် သိန်း ၆၀၀၀ အကုန်ကျခံ ရိုက်ကူးခဲ့ကြောင်း၊ သို့ရာတွင် ယနေ့ စတင်ရုံတင်သည့်အချိန်တွင် ကြည့်ရှုသူ ၁ ဦးမှမရှိ၍ ရုံပိတ်လိုက်ရပြီး တစ်နှစ်လုံးအတွက် ဝင်ငွေအနည်းဆုံး ဇတ်ကားအဖြစ် စံချိန်တင်သွားကြောင်း ထုတ်ဖော်ပြောဆိုသည်။ “မုန်းတဲ့ သူတွေ တိုက်ခိုက်တဲ့ သူတွေ နိုင်ပါတယ်။ အနုပညာလောက…
-

နေပြည်တော်က ပုဂ္ဂလိကပိုင် ကြေးမုံဆေးရုံကို စစ်ကောင်စီ ချိပ်ပိတ်
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက် ဝေဒလမ်းမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကပိုင် ကြေးမုံဆေးရုံကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၅ ရက်မှာ ချိပ်ပိတ်လိုက်တယ်လို့ မြိုခံတွေဆီက သိရပါတယ်။ ကြေးမုံအထွေထွေရောဂါကုဆေးရုံကို စစ်ကောင်စီ တပ်၊ ရဲ၊ ထွေအုပ်နဲ့ကျန်းမာရေးဌာနက နိုဝင်ဘာ ၂၅ ရက်က ဝင်စစ်ဆေးခဲ့ပြီးနောက် ချိပ်ပိတ်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။ “ရှောင်တခင်စစ်ဆေးတာမဟုတ်ဘူး၊ သတင်းအတိအကျရလို့ လာစစ်တဲ့ပုံစံ။ ဒက္ခိဏသီရိမှာ လူတွေ တခုခုဖြစ်ရင် ကြေးမုံဆေးရုံကိုပဲသွားကြတယ်။ ဝန်ဆောင်မှုလည်းကောင်းတယ်၊ ဂရုစိုက်မှုလည်းရှိတယ်။ သတင်းကြားတာတော့ စစ်ဆေးရုံက ပါရဂူဗိုလ်မှူးတယောက်က အဲဆေးရုံမှာ CDM ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုပြီးတိုင်လို့ လာပြီးချိပ်ပိတ်သွားတယ်လို့ ပြောနေကြတယ်။” လိုင်စင်သက်တမ်းကုန်တာကြောင့် ဆေးရုံပိတ်ထားရတာဖြစ်ပြီး လိုင်စင်အတွက် ဆေးရုံက တာဝန်ရှိသူတွေ လုပ်ဆောင်နေပြီး ဘယ်အချိန်မှာ ပြန်ဖွင့်မယ်ဆိုတာ မသိကြောင်း ဆေးရုံနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က…