Category: News
-

အာဆီယံထိပ်သီးအစည်းအဝေး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် ဖွင့်လှစ်
မြန်မာမပါဘဲ နိုင်ငံတကာခေါင်းဆောင်တွေစုံညီတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က (၄၇) ကြီမြောက် အာဆီယံထိပ်သီးအစည်းအဝေး မြင်ကွင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ အောက်တိုဘာ ၂၆ ရက် ဒီနေ့ ကွာလာလမ်ပူမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဟာ ‘မြန်မာတွေ ပိုင်ဆိုင်မှုနဲ့ မြန်မာဦးဆောင်မှု’သာ ဖြစ်ရမယ်လို့ ပြောကြားသွားပါတယ်။ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်အရ အာဆီယံဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို လျှော့ချဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို လျှော့ချဖို့အတွက် ရရှိနိုင်တဲ့ လမ်းကြောင်းတိုင်းနဲ့ မိတ်ဖက်တိုင်းကို အသုံးပြုနေပေမဲ့ ရေရှည်တည်တံ့တဲ့ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကို အတင်းအကျပ် ပြဋ္ဌာန်းလို့မရကြောင်းနဲ့ မြန်မာ့ငြိမ်းချမ်းရေးဟာ ‘မြန်မာတွေ ပိုင်ဆိုင်မှုနဲ့ မြန်မာဦးဆောင်မှု’သာ ဖြစ်ရမယ်၊ ဒါမှလည်း ပြန်လည်သင့်မြတ်ရေးက ရေရှည်တည်တံ့မှာဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီကနေ့ မလေးရှားနိုင်ငံမှာ…
-

ဆက်ကြေးကောက်ရန် ထွက်လာသော ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး
မင်းတုန်းမြို့အဝင် လမ်းပေါ်တွင် ခရီးသည်တင်ကားများကို ဆက်ကြေးကောက်ရန် ထွက်လာသော ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီး လက်နက် ၂ လက်နှင့်ကျည်ဆန်များ ရရှိ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့အဝင် လမ်းပေါ်တွင် ခရီးသည်တင်ကားများကို ဆက်ကြေးကောက်ရန် ထွက်လာသော ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီး လက်နက် ၂ လက်နှင့်ကျည်ဆန်များ ရရှိကြောင်း အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် – ၄ တပ်ရင်းမှ တာဝန်ခံကိုမြတ်က ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် မကွေးတိုငး်၊ သရက်ခရိုင် ၊ မင်းတုန်းမြို့၊ အင်းလည်ကုန်းကျေးရွာအနီး၊…
-

ထိုင်းနိုင်ငံမှာ အသက် ၂၂ နှစ်အရွယ် မြန်မာအမျိုးသားကို လက်နှစ်ဖက်ကြိုးတုပ်ကာ လည်လှီး T-တ်ပြီး
ထိုင်းနိုင်ငံမှာ အသက် ၂၂ နှစ်အရွယ် မြန်မာအမျိုးသားကို လက်နှစ်ဖက်ကြိုးတုပ်ကာ လည်လှီး T-တ်ပြီး ပီနံဥစိုက်ခင်းထဲမှာ အလောင်းပစ်ပြီးထွက်ပြေးသွားခဲ့တဲ့ တရားခံကို ထိုင်းရဲတပ်ဖွဲ့ကအောက်တိုဘာလ၂၄ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရားခံဟာ သေဆုံးသွားသူရဲ့မိန်းမကိုဖုန်းဆက်ပြီး နင့်ယောက်ျား အသတ်မခံချင်ဘူးဆိုရင် ဘတ်ငွေ ၅ သောင်း ရှာလာပေးဆိုပြီး တောင်းတယ်၊ ဆုံးသွားသူရဲ့မိန်းမကလည်း သူ့ယောက်ျားကိုစိတ်ပူတော့ တရားခံတောင်းတဲ့ ဘတ်ငွေ ၅ သောင်း သွားရှာတယ် ဒါပေမယ့် မရခဲ့ဘူး။ ၁ သောင်းပဲရတယ်။ ဒီလိုနဲ့ ရလာတဲ့ ဘတ်ငွေ ၁ သောင်းကို အရင်ယူထားဦးဆိုပြီး တရားခံကိုလွှဲပေးပြီးတဲ့နောက်မှာ တရားခံကို ဆက်သွယ်လို့လည်းမရတော့ဘူး။ အဲဒီနောက်မှာ ယောက်ျားဖြစ်သူ အသတ်ခံရပြီး ပီနံဥစိုက်ခင်းထဲမှာ အလောင်းပစ်ထားတာကို ထိုင်းရဲတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဆုံးသွားသူရော တရာခံပါ နှစ်ယောက်စလုံး မြန်မာတွေဖြစ်ကြပါတယ် ။..
-

တေးသံရှင် အဒီနို Idiots Band နှုတ်ဆက်ပွဲမှာ…
တေးသံရှင် အဒီနို Idiots Band နှုတ်ဆက်ပွဲမှာ သီဆိုဖျော်ဖြေနေရင်း လဲကျကွယ်လွန် အောက်တိုဘာ ၂၅ ရက် ညပိုင်းမှာEastern Yangon Event Park တွင် ပြုလုပ်ခဲ့တဲ့ IDIOTS တီးဝိုင်းရဲ့ နှုတ်ဆက်ဖျော်ဖြေပွဲ မှာ Fever 109 ဂီတအဖွဲ့က တေးသံရှင် အဒီနို ဟာ သီဆိုဖျော်ဖြေရင်း စင်ပေါ်မှာ ရုတ်တရက် လဲကျခဲ့ပြီး ေ-သဆုံးသွားတယ်လို့ သိရပါတယ်။ “မငိုနဲ့တော့” သီချင်းကို သီဆို ဖျော်ဖြေနေရင်း ရုတ်တရက် လဲကျခဲ့ပြီး ကွယ်လွန်သွားခဲ့တာလို့လည်း သိရပါတယ်။ အဆိုရှင် အဒီနို ဟာ သူ့ရဲ့ နှလုံးကျန်းမာရေးမကောင်းတဲ့ကြားက Idiots နှုတ်ဆက်ပွဲကို လာရောက် ဖျော်ဖြေတာဖြစ်ပြီး သူက နှလုံးသွေးကြောပိတ်ရောဂါကို ကုသထားရပြီး နှလုံးမှာ Heart Stent…
-

အဆိုတော် အဒီနို စင်ပေါ်မှာ ရုတ်တရက်လဲကျသေဆုံး
Idiotsအဖွဲ့ နှုတ်ဆက်ဖျော်ဖြေပွဲမှာ ရေမွန်သီချင်းနဲ့ နှုတ်ဆက်သီဆိုတဲ့ အဆိုတော်အဒီနို စင်ပေါ်မှာ ရုတ်တရက်လဲကျသေဆုံး Idiots အဖွဲ့ရဲ့ နှုတ်ဆက်ဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေတဲ့ Fever 109အဖွဲ့ရဲ့ အဆိုရှင် အဒီနိုဟာ စင်ပေါ်မှာဖျော်ဖြေနေရင်း နှလုံးဖောက်ပြီး လဲကျသေဆုံးသွားတယ်လို့ ဂီတအသိုင်းအဝိုင်းက အသိပေးထားပါတယ်။ အဒီနိုဟာ သူတို့အဖွဲ့ရဲ့ဖျော်ဖြေမှုအစီအစဉ်မှာ ရေမွန်ရဲ့ မငိုနဲ့တော့ သီချင်းနဲ့ နှုတ်ဆက်သီဆိုနေရင်း လဲကျသွားတာကို ဗီဒီယိုဖိုင်တွေမှာတွေ့မြင်ရပါတယ်။ “ဘပီ နှုတ်ဆက်ပွဲမှာ ဖျော်ဖြေရင်း ကိုယ်တိုင် နှုတ်ဆက်သွားတာဘဲ။ Rest In Peace Ko Adino ရေ ။အေးဆေးပြန်ဆုံကြမယ်ပြောရင်း ထွက်သွားပြန်ပေါ့။ပြောဖူးခဲ့သလိုဘဲ သီချင်းတွေ ထားသွားတာကအမြတ်လို့ဘဲ သဘောထားရမှာဘဲ။ “လို့ အဆိုတော် နိုဗန်ထူးက သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာရေးသားထားပါတယ်။ အဒီနိုဟာ အရင်ကလည်းက နှလုံးရောဂါအခံရှိသူဖြစ်ပြီး Stent ထည့်ထားရသူဖြစ်တယ်လို့ သူနဲ့ ရင်းနှီးတဲ့…