Category: News
-
Love of Siam
Love of Siam (2007) ချစ်ခြင်းတရားတိုင်းဟာလှပပါတယ်။ မိဘကသားသမီးအပေါ်ထားတဲ့အချစ် လူငယ်ကျောင်းသားဘဝမှာဖြစ်ခဲ့တဲ့အချစ် ဒါမှမဟုတ် မဖြစ်နိုင်တဲ့ချစ်ခြင်းတွေပေါ့…….. ဒီဇာတ်ကားလေးဟာ ထိုင်း BL ရုပ်ရှင်လောကရဲ့အစလို့ပြောလို့ရပါတယ်။ ကျေနာ်တို့ရဲ့ first love ဇာတ်ကားက Mario Maurer ရဲ့ BL ဇာတ်ကားဆိုလည်းမမှားပါဘူး။ တုန့်(Mario Maurer) နဲ့ မြူ တို့ဟာ ငယ်ငယ်တုန်းက အိမ်နီးနားချင်းသူငယ်ချင်းတွေပါ။ တနေ့မှာ မြူရဲ့အစ်မ တေန် ချင်းမိုင်မှာပျောက်ပြီး ပြန်မလာတဲ့အခါ ပျော်ရွှင်နေတဲ့မိသားစုလေးပျက်စီးပြီး အခြားမြို့ကိုပြောင်းသွားခဲ့တယ်။ အချိန်တွေကြာတဲ့အခါ မြူဟာ ဩဂတ်တီးဝိုင်းရဲ့တေးရေးဆရာ အဆိုတော်ဖြစ်နေပြီး တုန့်ကတော့ ခပ်ဆိုးဆိုးကျောင်းသားလေးဖြစ်နေတာပေါ့။ အချိန်ကြာမှပြန်တွေ့ကြတဲ့ သူတို့နှစ်ယောက်နဲ့သူငယ်ချင်းမေတ္တာကနေ ချစ်ခြင်းမေတ္တာကိုပြောင်းလဲသွားပုံကိုကြည့်ရှုရမှာပါ။ ဒီဇာတ်ကားထဲမှာမြူက သူ့ရဲ့ခံစားချက်ကို သီချင်းလေးတစ်ပုဒ်နဲ့ဖွင့်ဟခဲ့ပါတယ်။ ချစ်ခြင်းရဲ့အဓိပ္ပာယ်များစွာကိုခံစားရမဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်သင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ……..
-

မြစ်ငယ် အထကမှာ ဓားထိုးမှုဖြစ်လို့ သုံးယောက်ဒဏ်ရာရ
မန္တလေးတိုင်း၊ အမရပူရမြိုနယ်၊ မြစ်ငယ်မြို့ အ.ထ.က ကျောင်းမှာ ဓားထိုးမှုဖြစ်ပွားပြီး ကျောင်းသူနှစ်ယောက်နဲ့ ကျောင်းသားတယောက်တို့ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံမှာကုသမှုခံယူနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဓားထိုးခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေက Grade 11 ကျောင်းသား ကျောင်းသူတွေဖြစ်တဲ့ မစုမြတ်နိုးဦး ၊ မရွှေစင်ငြိမ်း ၊မောင်မျိုးမင်းထွန်းဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။ “ဖြစ်တာက ကျောင်းသားအချင်းချင်းတော့မဟုတ်ဘူး။ ကျောင်းသူတယောက်ရဲ့အမက သူ့ညီမကို အအေးဘူးပေးမယ်ဆိုပြီး ကျောင်းထဲဝင်ပြီး လုပ်သွားတာလို့သိရတယ်။ အဲဒါကို တခြားကျောင်းသူတွေက ဝင်ဆွဲတာမှာ ဒဏ်ရာရကုန်တာ။ ဓားနဲ့လည်ပင်းထိုးခံရတဲ့တယောက်ကတော့ ပြင်းတယ်သိရတယ်။” လို့ ဒေသခံကပြောပါတယ်။ ဓားထိုးမှုမှာ လည်ပင်းထိုးသွင်းဒဏ်ရာ လက်ခုံနဲ့ လည်ပင်း ပြတ်ရှဒဏ်ရာတွေရရှိခဲ့ပြီး ကျောင်းသားတွေကို ဆေးခန်းမှတဆင့် ဆေးရုံကို မြစ်ငယ်ကြက်ခြေနီအသင်းခွဲမှ အရေးပေါ်ပို့ဆောင်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ဖြစ်စဥ်အခြေအနေအသေးစိတ် ကို ကူညီကယ်ဆယ်ရေးသွားရောက်ခဲ့တဲ့ မြစ်ငယ်ကြက်ခြေနီအသင်းခွဲကိုဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဥ်မှန်ကြောင်းပြောဆိုပေမယ့် အသေးစိတ်အခြေအနေကို ဖြေဆိုဖို့အဆင်မပြေကြောင်း ငြင်းဆိုခဲ့ပါတယ်။ ခုလို…
-

မိုးကုတ်နှင့် သပိတ်ကျင်းမြို့ ဗုံးကြဲခံရ၊ ၈ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ
အောက်တိုဘာလ ၂၁ ရက် နေ့လယ် ၃ နာရီခန့်တွင် မိုးကုတ်မြို့အရှေ့ပိုင်း ကန်တော် ဖူဆယ်ဘောလုံးကွင်းအနီးသို့ စစ်ကော်မရှင် တိုက်ခိုက်ရေး လေယာဉ်တစ်စီးက လေးမိနစ်ခြား၍ ဗုံး နှစ် ကြိမ်ကြဲချခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် လေး နှစ်အရွယ် အပါအဝင် ကလေး သုံး ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ဖူဆယ်အားကစားကွင်းနှင့် လူနေအိမ် ခုနစ် လုံးလည်း ပျက်စီးခဲ့သည်ဟု ကူညီကယ်ဆယ်ရေးလုပ်ကိုင်ခဲ့သည့် ဒေသခံအမျိုးသားက ပြောသည်။ “ကလေးတွေက ဘောလုံးကန်နေကြချိန် အကြဲခံလိုက်ရတာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။ သေဆုံးသည့် ကလေးသုံးဦးသည် မိုးကုတ်မြို့ ကန်တော်ရပ်ကွက်နေ အသက် ၁၀ နှစ်အရွယ် မခူရှီး၊ ၁၂ နှစ် အရွယ် မမွန်ဘူးနှင့် ခြောက်…
-

Non CDM များ “မဲမပေး မနေရစနစ်” စစ်ကော်မရှင် ကျင့်သုံး
စစ်ကော်မရှင်သည် လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ၎င်းတို့လက်အောက်ခံ အရပ်ဘက် ဝန်ထမ်းများအား “ မဲမပေး မနေရစနစ် ” ကျင့်သုံးမည်ဟု နေပြည်တော်ရှိ စစ်ကော်မရှင် ဝန်ထမ်းများထံက သိရသည်။ စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ အောက်တိုဘာလ ၁၃ ရက်နေ့အထိ မဲပေးနိုင်သူများစာရင်း (မဲစာရင်း) ကို စစ်ကော်မရှင်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေညာထားရာ ထိုစာရင်းတွင် ဝန်ထမ်း အမည်များ ပါ မပါနှင့် မဲစာရင်းတွင် ကျန်နေခဲ့ခြင်း မရှိစေရန် ဝန်ကြီးဌာနများက အမိန့်စာဖြင့် ညွှန်ကြားထားကြောင်း နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိအမျိုးသားတစ်ဦးက ပြောသည်။ မဲစာရင်းတွင် အမည်မပါဝင်ပါက တောင်းဆိုလွှာ ပုံစံ ၃ (က) (ခ) တို့ဖြင့် မဲစာရင်းထုတ်ပြန်သည့် နေ့မှစ၍ ၁၄ ရက်အတွင်း…
-

လှိုင်သာယာတွင် အမျိုးသမီး ၁ ဦးအား သတ်ပြီး ရွှေထည်နှင့် ဖုန်းလုသူကို ဖမ်းမိ
ရန်ကုန်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက်၊ ဝန်ထမ်းကြီးအိမ်ရာ ကမ်းပတ်လမ်းမှာ အမျိုးသမီးတယောက်ကို ဓားနဲ့ထိုးသတ်ပြီး ရွှေထည်ပစ္စည်းနဲ့ ဖုန်းလုခဲ့သူကို စစ်ကောင်စီလက်အောက်ခံ ရဲတွေက အောက်တိုဘာ ၂၂ ရက် ညနေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ နေ့လယ် ၂ နာရီခွဲက အမှတ် ၁၅ ရပ်ကွက်၊ ဝန်ထမ်းကြီးအိမ်ရာ ကမ်းပတ်လမ်းမှာ ပုပ်ပွနေတဲ့ အမျိုးသမီးတယောက် ရုပ်အလောင်းကို တွေ့ရှိရာက CCTV မှတ်တမ်းတွေကို စစ်ဆေးရင်း ရဲတွေက ပြစ်မှုကျူးလွန်သူကို ဖမ်းမိခဲ့တာလို့ ၁၅ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။ “လုယက် သတ်ပြီး လွှင့်ပစ်ထားတာ၊ ၂ ရက် ၃ ရက်လောက် ရှိပြီထင်တယ်။ အလောင်းက ပုပ်ပွနေပြီ။ အုပ်ချုပ်ရေးနဲ့ ရဲတွေက CCTV…