Category: News

  • လှိုင်သာယာဖြစ်စဥ်မှ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းအချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီး

    လှိုင်သာယာဖြစ်စဥ်မှ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းအချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီး

    ပစ္စည်းခိုးတယ်ဆိုပြီး သားအမိ ၂ ယောက်အား နှိပ်စက်ခဲ့တဲ့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၅ ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်က တွယ်တာသူ အထည်ဆိုင်ပိုင်ရှင်နဲ့ ဗီဒီယိုရိုက်တင်ခဲ့တဲ့ ဝန်ထမ်းကို အောက်တိုဘာ ၂၁ ရက် နေ့လယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၂၀ ရက်က တွယ်တာသူဆိုင်မှ စတီးဇလုံ အလုံး ၂၀ ခိုးတယ်ဆိုပြီး အမျိုးသမီးနဲ့ ကလေးငယ်အား ရိုက်နှက်ကာ ဓာတ်တိုင်မှာ ကြိုးတုပ်ထားတဲ့ ဗီဒီယို လူမှုကွန်ရက်မှာ ပျံ့နှံခဲ့ပြီးနောက် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမှာ စိုးတဲ့အတွက် စစ်ကောင်စီ လက်အောက်ခံရဲတွေက ဖမ်းဆီးခဲ့တာလို့ မြိုခံတယောက်က ပြောပါတယ်။ “အဲ့အမျိုးသမီးက ဗီဒီယိုတွေဖျက်ပြီး Tiktok အကောင့်ပါ ချိန်းလိုက်တာ။ ဒါပေမဲ့ မရဘူး၊ ရပ်ကွက်မှာ အုတ်အော်သောင်းတင်းဖြစ်နေပြီ၊…

  • ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ်သား ၁၅ ဦးသေဆုံး

    ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ်သား ၁၅ ဦးသေဆုံး

    ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ်သား ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွာသစ်ကျေးရွာ၌ အထိုင်ချတပ်စွဲ ထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ် သား ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အ မှတ် ၂ စစ်ဆင်ရေးနယ်မြေ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွာသစ်ကျေးရွာ၌ အင်အား ၆၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကိုဝင် ရောက်တိုက် ခိုက်ခဲ့ရာ…

  • မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၃ ဦးသေဆုံး အကြမ်းဖက်စစ်တပ်က မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၃ ဦးသေဆုံးသွားကြောင်း မိုးကုတ်ဒေသခံပြည်သူများက ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့ ဘုရားငါးဆူ အနီးဝန်းကျင်နှင့် ကန်တော်ဖူဆယ် ဘောလုံးကွင်းကို လေယာဉ်ဖြင့် ဗုံးကျဲချခြင်းဖြစ်ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ကလေးငယ် ၃ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ “မိုးကုတ်အရှေ့ပိုင်းကို ဗုံး ၂ ကြိမ်ကျဲပါတယ်။ ဗုံး ၁ လုံးက ဘုရားငါးဆူနားမှာ ၁ လုံးကျတယ်။…

  • အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိ

    အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိ

    အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိဟုဆို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိဟု သိရှိရကြောင်း မလေးရှားအစိုးရနှင့် ပုံမှန်ထိတွေ့ဆက်ဆံမှုများ လုပ်နေရသည့် တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ အောက်တိုဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့ အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ခေါင်းဆောင်စာရင်းတွင် မင်းအောင်လှိုင်ပါဝင်သည်ဟု အကြမ်းဖက်စစ်တပ် လော်ဘီများက ဝါဒဖြန့်နေကြသော်လည်း လက်တွေ့တွင် မလေးရှားက မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိဟု သိရှိရသည်။ “အာဆီယံဥက္ကဋ္ဌ မလေးရှားက ထိပ်သီးအစည်းအဝေး တက်ဖို့ စစ်ခေါင်းဆောင်ကို ဖိတ်ထားတာမရှိဘူး။ ထိပ်သီးအစည်းအဝေးတက်ဖို့က အာဆီယံဥက္ကဋ္ဌက ဖိတ်မှ တက်ရတာပါ။ အခုထက်ထိတော့…

  • ခမောက်ကြီးမြို့နယ်၌ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ပျူစောထီး ၃ ဦး ဖမ်းဆီး ပစ်ခတ်ခံရ

    ခမောက်ကြီးမြို့နယ်၌ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ပျူစောထီး ၃ ဦး ဖမ်းဆီး ပစ်ခတ်ခံရ

    တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ ရပ်ရွာအုပ်ချုပ်ရေး၊ ရာအိမ်မှူးနဲ့ ပျူစောထီးခေါင်းဆောင်တို့ကို ဖမ်းဆီးခဲ့ပြီးနောက် ပြန်လည်ခုခံလို့ဆိုပြီး ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၁၄ ရက် မနက် ၈ နာရီလောက်က ခမောက်ကြီးမြို့နယ်၊ လုံးဖောကျေးရွာမှာ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ ပျူစောထီးခေါင်းဆောင် ဦးအေးစိုးနဲ့ အေးချမ်းသာကျေးရွာက ပျူစောထီး ဦးသက်ဦး တို့ကို ဖမ်းဆီးခဲ့ပြီးနောက် နေ့လယ် ၁၂ နာရီ လောက်မှာ ဖမ်းဆီးထားရာကနေ ထွက်ပြေးတာကြောင့် ၃ ယောက်စလုံးကို လိုက်လံ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ခံ ကိုလပြည့်က ပြောပါတယ်။ “ဒီသုံးယောက်ကို ဖမ်းဆီးမိပြီးမှ ပြန်လည်ခုခံတယ်ဆိုလို့ ရဲဘော်တွေကနေ ပစ်ခတ် ရှင်းလင်းလိုက်ကြတာပါ။ သက်ဦး ဆိုတဲ့လူမှာ သေနတ်အတို ပါတယ်၊…