Category: News
-

BGF အသွင်ပြောင်း KNA တပ်တွင်းရှိ စစ်တပ် မိသားစုဝင်များ အမြန် ပြောင်းရွှေ့
ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့စခန်းတွေမှာ ပူးတွဲတာဝန်ထမ်းဆောင်နေကြတဲ့ စစ်ကောင်စီတပ်က အရာရှိ၊ တပ်သားနဲ့ တပ်မိသားစုတွေကို BGF ကနေ ကရင်အမျိုးသားတပ်မတော် (KNA) တပ်ဖွဲ့ ပြောင်းလဲချိန်မှာ ဇန်နဝါရီ ၂ ရက်ကနေ စတင် ပြောင်းရွှေ့နေပြီလို့ KNA တပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။ အထက်အရာရှိ စစ်ကောင်စီတာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်အရ ပြောင်းရွှေ့တာဖြစ်ပြီး BGF တပ်ရင်းတခုမှာ စစ်ကောင်စီတပ်ဗိုလ်တပ်သားတပ်မိသားစု အယောက် ၃၀ ကနေ ၄၀ လောက်ရှိတယ်လို့ သိရပါတယ်။ မြဝတီမြို့ဘက်က စစ်ကောင်စီတပ်တွေက ခလရ ၂၇၅ စခန်းကို ပြောင်းရွှေ့ရပြီး မြိုင်ကြီးငူ ဘက်က တပ်ဗိုလ် တပ်သားတွေက ဘားအံမြို့တပ်မ ၂၂ ဘက်ကိုပြောင်းရွှေ့ရကာ မိသားစုဝင်တွေကတော့ မော်လမြိုင်ဘက်ကို ပြောင်းရွှေ့ရပါတယ်။ ဇန်နဝါရီ ၁…
-

ဇော်ဘုန်းဟိန်းကို အင်းစိန်ထောင်သို့ လွှဲပြောင်း
မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသော ဇော်ဘုန်းဟိန်းကို အင်းစိန်ထောင်သို့ လွှဲပြောင်းလိုက်ပြီး အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဆက်လက်အမှုဖွင့်၊ အသနားခံစာ အကြိမ်ကြိမ်တင်သော်လည်း လွှတ်မပေး အကြမ်းဖက် မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသော ဇော်ဘုန်းဟိန်းကို အင်းစိန်ထောင်သို့ လွှဲပြောင်းလိုက်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဆက် လက် အမှုဖွင့်ထားကြောင်း အင်းစိန်ထောင်သတင်းရင်းမြစ်က ပြောဆိုသည်။ မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် ၁၁ နှစ်ကျခံနေရသော ဇော်ဘုန်းဟိန်းကို ဒီဇင်ဘာလအတွင်း အင်းစိန် အကျဉ်း ထောင်သို့ လွှဲပြောင်းခဲ့ပြီး ယင်းသို့ လွှဲပြောင်းမှုမှာ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ် ရဲစခန်းတွင် (ပ)အမှတ် ၃၅၈/၂၀၂၅ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မဘသနှင့်စစ်တပ်ထောက်ခံသူ…
-

မကွေးတိုင်း စစ်ရေးအခြေအနေ သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့မှ စတင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၏ ကွပ်ကဲမှုအောက်ရှိ ခရိုင်စစ်ဌာနများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ)သည် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ မကွေးတိုင်းအတွင်းရှိ အကြမ်းဖက် စကမ၏ အခြေပြုစခန်းများအား အဆက်မပြတ် ထိုးနှက်တိုက်ခိုက်လျက်ရှိရာ ယနေ့အချိန်ထိ ဖြစ်ပေါ်တိုးတက်မှုများအား အောက်ပါအတိုင်း သတင်းထုတ်ပြန်အပ်ပါသည်။ (၁) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာရှိ ရန်သူ့စစ်ဆေးရေးဂိတ်အား ပခုက္ကူခရိုင် စစ်ဌာန၏ ကွပ်ကဲမှုဖြင့် မိမိတို့ တပ်ဖွဲ့များ စီးနင်းတိုက်ခိုက်ရာ ရန်သူ (၃) ဦး ကျဆုံးပြီး အဆိုပါ ဂိတ်အား သိမ်းပိုက်ရရှိခဲ့ပါသည်။ (၂) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင်…
-

Non-CDM ဝန်ထမ်းနှင့်မိသားစုများကိုပါ လက်နက်တပ်ဆင်ပေးပြီး စစ်တိုက်ခိုင်း
ကသာမြို့သိမ်းတိုက်ပွဲ ၇ ရက်မြောက်လာချိန် စစ်တပ်နှင့်ရဲစခန်းသို့ သွားရောက် ခိုလှုံသည့် Non-CDM ဝန်ထမ်းနှင့်မိသားစုများကိုပါ လက်နက်တပ်ဆင်ပေးပြီး စစ်တိုက်ခိုင်း စစ်ကိုင်းတိုင်း၊ ကသာမြို့သိမ်းတိုက်ပွဲ ၇ ရက်မြောက်လာချိန် စစ်တပ်စခန်းများထံသို့ သွားရောက် ပူးပေါင်းသည့် Non-CDM ဝန်ထမ်းများနှင့်မိသားစုဝင်များကိုပါ လက်နက်တပ်ဆင်ပေးပြီး စစ်တိုက်ခိုင်းနေကာ ငြင်းဆန်မရ ဖြစ်နေကြောင်း ခမရ ၃၀၉ တပ်အတွင်း ခိုလှုံရောက်ရှိနေသည့် Non-CDM ဝန်ထမ်းတချို့နှင့် အဆက်အသွယ်ရှိနေသော နေပြည်တော်ထွေ/အုပ်ဝန်ထမ်းသတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ပြီး ကသာမြို့သိမ်းတိုက်ပွဲကို KIA နှင့် PDF တပ်များက ဆင်နွှဲပြီးနောက် ထွေ/အုပ်ရုံး၊ မြို့နယ်တရားရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ လ၀က အပါအဝင် ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းများနှင့် မိသား စုများမှာ စစ်တပ်နှင့်ရဲများထံသို့ သွားရောက် ပူးပေါင်းခိုလှုံကြကြောင်း၊ တချို့သော…
-

ကသာတိုက်ပွဲမှာ စစ်တပ်စခန်း ၄ ခုအထိ တော်လှန်ရေးတပ်တွေသိမ်းထား
ကသာတိုက်ပွဲမှာ စစ်တပ်စခန်း ၄ ခုအထိ တော်လှန်ရေးတပ်တွေသိမ်းထားပြီး မြို့တွင်းအထိ ထိုးစစ်ဆင်နေ စစ်ကိုင်းတိုင်း၊ ကသာမြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်စခန်း ၄ ခုအထိကို တော်လှန်ရေးတပ်တွေဖက်မှ သိမ်းပိုက်ရရှိထားတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲတဲ့ ဒီဇင်ဘာ ၂၆ ရက်က မြို့ပြင်ရှိ ကာကင်းစခန်း ၂ ခုနဲ့ ဒီဇင်ဘာ ၃၀ ရက်မှာ မြို့တွင်း အမှတ် ၅ နဲ့ အမှတ် ၈ ရပ်ကွက်ရှိ အထိုင်စခန်း ၂ ခု တို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ “ကျနော်တို့ မြို့ပြင်က ကာကင်း ၂ ခုရယ်၊ နောက်မြို့ထဲမှာရှိတဲ့ ရပ်ကွက် ၅ က စစ်ကော်မရှင် ထိုင်ထားတဲ့ စိုးမိုးကုန်း၊ ဘုန်းကြီးကျောင်းပေါ့။…