Category: News
-

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်
စစ်တပ်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို မဟာမိတ်အဖွဲ့တွေ တိုက်ခိုက် စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်တဲ့နေ့မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်းကျောင်းကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။ “ဒီနေ့က နှစ်ပွဲ။ လပခကိုပစ်တယ်။ သံတောင်ကြီး ဘုရင့်နောင်တပ်ကိုလည်း ထပ်ပစ်ထားတယ်” လို့ BWMက ပြောပါတယ်။ စစ်ကောင်စီရွေးကောက်ပွဲ ပြုလုပ်တဲ့ ဒီနေ့ (ဒီဇင်ဘာ ၂၈) နံနက် ၁ နာရီမှာ မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုန်း ငါးလုံးပစ်ခဲ့တာဖြစ်ပြီး လေးလုံးအောင်မြင်ခဲ့တယ်လို့ BWM ကထုတ်ပြန်ထားပါတယ်။ အဲဒီစစ်ဆင်ရေးကို BWM ရဲ့ ဦးဆောင်မှုနဲ့ No More Dictatorship (NMD-PDF) ၊ Shadow (အညာ) နဲ့ Infinity…
-

သီတာယုမွန်လက်အောက်ခံ ပြည်သူ့စစ်မေသုံးဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီး
မြင်းခြံမြိုနယ်က သီတာယုမွန်လက်အောက်ခံ ပြည်သူ့စစ်မေသုံးဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီး မန္တလေးတိုင်း၊ မြင်းခြံမြို့အနီးမှာ သီတာယုမွန်လက်အောက်ခံ ပြည်သူ့စစ်မေသုံးဦးကို ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဖမ်းဆီးရမိတယ်လို့ ထနောင်းမြေစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ဆေးမေးမြန်းနေတဲ့ကာလ ဖြစ်တဲ့အတွက် သတင်းအချက်အလက်များနဲ့ ကိုယ်ရေးအချက်အလက်တွေကို ထုတ်ပြန်မယ်လို့ ထနောင်းမြေစစ်ကြောင်းက အသိပေးပါတယ်။ ထနောင်းမြေစစ်ကြောင်းတာဝန်ရှိသူက “ သေနတ်တွေတော့ မပါဘူး။ ထွက်ပြေးသေးတယ်။ သီတာယုမွန် တပည့်မလေးတွေမှန်း သိတယ်” လို့ ပြောပါတယ်။ အဆိုပါပြည်သူ့စစ်မေသုံးဦးက မိုင်းထိထားတဲ့အတွက် ဆေးကုသပေးနေရတယ်လို့ ထနောင်းမြေစစ်ကြောင်းက ပြောပါတယ်။ ဒီဖမ်းဆီးမှုကို ထနောင်းမြေစစ်ကြာင်းနှင့် မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်း တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ Photo – ထနောင်းမြေစစ်ကြောင်း
-

ကြံ့ဖွတ်ပါတီက ကြိုတင်မဲအများဆုံး ရရှိမှုအပေါ် တရားမျှတမှုမရှိ၍ လုံး၀ လက်မခံဟု ကျားဖြူပါတီ၏ တောင်ငူခရိုင်ဥက္ကဋ္ဌ ဦးကျော်စိုး ကန့်ကွက်
ကြံ့ဖွတ်ပါတီက ကြိုတင်မဲအများဆုံး ရရှိမှုအပေါ် တရားမျှတမှုမရှိ၍ လုံး၀ လက်မခံဟု ကျားဖြူပါတီ၏ တောင်ငူခရိုင်ဥက္ကဋ္ဌ ဦးကျော်စိုး ကန့်ကွက် စစ်တပ်က ယနေ့ စတင်သည့် ရွေးကောက်ပွဲအပိုင်း ၁ တွင် ကြံ့ဖွတ်ပါတီက ကြိုတင်မဲအများဆုံး ရရှိနေမှုအပေါ် တရားမျှတမှုမရှိဘဲ တစ်ဖက်သတ်ဆန်၍ လုံး၀ လက်မခံဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ-ကျားဖြူပါတီ-SNDP ၏ တောင်ငူခရိုင် ဥက္ကဋ္ဌ ဦးကျော်စိုးက လူမှုကွန်ရက်မှတစ်ဆင့် ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ ဒီဇင်ဘာလ ၂ ရက်နေ့ ရေတာရှည်မြို့နယ်တွင် ကြိုတင်မဲများကို ကောက်ယူရာ ကြံ့ဖွတ်ပါတီက မဲအများဆုံးရရှိပြီး ကျန်ပါတီများမှာ အနည်းငယ်သာရရှိကြောင်း၊ ယင်းကြိုတင်မဲများမှာ တရားမျှတမှု မရှိဘဲ တစ်ဖက်သတ်ဆန်၍ ကန့်ကွက်ကြောင်း ၎င်းက ဆိုသည်။ “ရေတာရှည်မြို့နယ်မှာ ၁၅၈၃ မဲ ကြိုတင်မဲကောက်ယူတဲ့ နေရာမှာ ကျွန်တော်တို့…
-

ရွေးကောက်ပွဲနေ့ တနင်္သာရီတိုင်းစစ်ကော်မရှင်ရုံး၊ မန္တလေးနန်းတွင်း စစ်ဌာနချုပ်နှင့် မြဝတီကြံ့/ဖွံ့ရုံး ဗုံးကြဲခံရ
ကမာရွတ်မြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို မိုင်းခွဲ တိုက်ခိုက် ရန်ကုန်တိုင်း ၊ ကမာရွတ်မြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးကို မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီ ၄၅ မိနစ်ခန့်တွင် ကမာရွတ်မြို့ နယ် ၊ အမှတ် ၃ ရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ်၏ မြို့ နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို တော်လှန်ရေး ရဲဘော်များက ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း…
-

နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်ကို ၁ဝ၇ မမရှော့ဒုံးများဖြင့်တိုက်ခိုက်
မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်ကို ၁ဝ၇ မမရှော့ဒုံးများဖြင့်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ စစ်တပ်က တန်ပြန်ရမ်းသမ်းပစ်ခတ်မှု ကြောင့် မြို့နေပြည်သူတချို့ ထိခိုက်ဒဏ်ရာရ အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ကန့်ကွက်သည့်အနေဖြင့် မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်ကို ၁ဝ၇ မမရှော့ဒုံးများဖြင့်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးသွားကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယနေ့ ဒီဇင်ဘာလ ၁ ရက် နံနက်အစောပိုင်း ၁ နာရီခန့်က မန္တလေးနန်းတွင်းရှိ အာဏာသိမ်းစစ် ကော် မရှင်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အတွင်းသို့ ၁ဝ၇ မမ ရှော့တိုက်ဒုံး ၅ လုံးကို ပစ်ခတ်ရာ…