Category: News
-

မှော်ဘီလေတပ်စခန်းဌာနချုပ်ကို အသေခံ ဒရုန်းဖြင့် တိုက်ခိုက်
ရန်ကုန် မှော်ဘီလေတပ်စခန်းဌာနချုပ်ကို အသေခံ ဒရုန်းဖြင့် တိုက်ခိုက်မှု ဗိုလ်မိုးဝေကျော်အပါအဝင် ၂ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ
-

ညောင်ဦးမှာ ရာအိမ်မှူး ၁ ဦး နဲ့ ကြံ့ခိုင်ရေးပါတီဝင် ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဒဟတ်ကန်ကျေးရွာမှာ ကျေးရွာရာအိမ်မှူး ၁ ဦးနဲ့ ကြံ့ခိုင်ရေးပါတီဝင် ၂ ဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။ ပစ်ခတ်ခံရသူတွေက ဒဟတ်ကန်ကျေးရွာ ရာအိမ်မှူး အသက် ၅၈ နှစ်အရွယ် ဦးတင်စိုး၊ အဆိုပါကျေးရွာနေ ရပ်ကျေးကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်တဲ့ ၅၂ နှစ်အရွယ် ဦးဝင်းနိုင်၊ ၃၃ နှစ်အရွယ် ဦးချမ်းသာတို့ဖြစ်ပြီး ဇွန် ၉ ရက် ယမန်နေ့မနက် ၉ နာရီကျော်မှာ နေအိမ်တွေမှာရှိနေချိန် ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။ ” အဲ့ဘက်ခြမ်းမှာ စခန်းတွေဝင်စီးခံရတာကော သေနတ်တွေ ဆုံးရှုံးခံရတာတွေအရင်ကရှိခဲ့တယ်။ ခုဟာ အရင်ကတိုင်တဲ့ ဒလန်တွေ၊ ပျုတွေကို ရှင်းတာလို့တော့ သိရတယ်”လို့ ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။ သေနတ်နဲ့ပစ်ခံရတာတွေကြောင့် ရာအိမ်မှူးနဲ့ကြံ့ခိုင်ရေးပါတီဝင် ၂ ဦးတို့မှာ ဦးခေါင်းနဲ့ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့နေရာမှာပဲ…
-

ပုလဲနယ် တိုက်ပွဲမှာ စစ်အုပ်စု တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာ ရဲစခန်း တိုက်ပွဲမှာ စစ်အုပ်စုရဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးကို ပစ်ချခဲ့ပါတယ်။ အဲ့ဒီ တိုက်လေယာဉ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ပစ်ချခဲ့တာလို့ PLA က ကနဦး သတင်း ထုတ်ပြန်ပါတယ်။ ဇွန်လ ၁၀ ရက် ဒီကနေ့ မွန်းလွဲ ၁၂နာရီကျော်အချိန်၊ ပုလဲမြိုနယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ဂျက်ဖိုက်တာ တစ်စင်းကို ပစ်ချနိုင်ခဲ့တာလို့ PLA က ဆိုပါတယ်။ ကန့်ဒေါင့်ရွာ ရဲစခန်းကို သိမ်းပိုက်နိုင်ဖို့ ဇွန်လ ၂ရက်က စလို့ တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်အုပ်စု လေကြောင်းဗုံးကြဲ ခုခံနေတာ ဖြစ်ပါတယ်။ ပုလဲမှာ ပစ်ချခဲ့တဲ့ တိုက်လေယာဉ်ဟာ တရုတ်ထုတ်…
-
