Category: News

  • “တော်လှန်ရေး”စကားလုံးသုံးနှုန်းမှုဖြင့် ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းကို ထောင်ဒဏ် ၁ နှစ် ချ

    “တော်လှန်ရေး”စကားလုံးသုံးနှုန်းမှုဖြင့် ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းကို ထောင်ဒဏ် ၁ နှစ် ချ

    ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာမှာ တော်လှန်ရေးဆိုတဲ့ စကားလုံးကို သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီရဲ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၁ နှစ် ချလိုက်တယ်လို့ ပါတီဝင်တွေဆီက သိရပါတယ်။ ဇန်နဝါရီ ၈ ရက် မနက် ၁၁ နာရီခွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ရွေးကာဥပဒေပုဒ်မ ၅၈(ဂ) အရ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် ချလိုက်တာလို့ ပါတီဝင်တယောက်က DVB ကို ပြောပါတယ်။ “ဒီဇင်ဘာလ ၂၃ ရက်ကတည်းက တရားရင်ဆိုင်နေရတာ၊ အဲဒီကတည်းက အမိန့်ချလို့ရတယ်။ အမိန့်ချလိုက်ရင် ရုပ်ပျက်ဆင်းပျက်ဖြစ်မှာစိုးလို့ ဝင်ပြိုင်ခိုင်းပြီး ရွေးကောက်ပွဲပြီးမှ အမိန့်ချတာ။ ထောင်ဒဏ် ၁ နှစ်ကို အလုပ်ကြမ်းပါ ထည့်ပြီးချတာ။” သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း…

  • ရခိုင်အချုပ်အခြာနှင့် ပိုင်နက်နယ်မြေ ၉၀ ရာခိုင်နှုန်းအထက်ကို ရခိုင်ပြည်သူများထံ ပေးအပ်ထား

    ရခိုင်အချုပ်အခြာနှင့် ပိုင်နက်နယ်မြေ ၉၀ ရာခိုင်နှုန်းအထက်ကို ရခိုင်ပြည်သူများထံ ပေးအပ်ထား

    ရခိုင်အချုပ်အခြာနှင့် ပိုင်နက်နယ်မြေ ၉၀ ရာခိုင်နှုန်းအထက်ကို ရခိုင်ပြည်သူများထံ ပေးအပ်ထားကြောင်း AA ပြော ရခိုင်ဘိုးဘွားများ ဆုံးရှုံးထားသော အချုပ်အခြာ ပိုင်နက်နယ်မြေများကို အလုံးစုံ မသိမ်းပိုက်နိုင်သေးသော်လည်း ၉၀ ရာခိုင်နှုန်းအထက်ကို ရခိုင်ပြည်သူများ လက်ထဲသို့ ပြန်လည်အပ်နှံထားပြီဖြစ်ကြောင်း အာရက္ခတပ်တော် ULA/AA က ဇန်နဝါရီလ ၅ ရက်တွင် ပြောသည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA မှ ၁၅ ကြိမ်မြောက် သက္ကမအမျိုးသားနေ့ အခမ်းအနားသို့ ပို့ပေးသော သဝဏ်လွှာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားထားခြင်းဖြစ်သည်။ ၁၇၈၄ ခုနှစ်ကတည်းက ကျဆုံးသွားသော ရခိုင့်အချုပ်အခြာအာဏာကို ပြန်လည် ရရှိနိုင်ရေး တော်လှန်တိုက်ထုတ် ကြိုးပမ်းမှုများမှာ တစ်ရက်မှ ရပ်တန့်ခြင်းမရှိဘဲ ယနေ့အထိပင် ဖြစ်ကြောင်း AA က ပြောသည်။ ရခိုင့်တော်လှန်ရေး ခေါင်းဆောင်များသည်…

  • ၂၀၂၆ ခုနှစ် ပထမပတ်အတွင်း စစ်အုပ်စုကြောင့် ပြည်သူအယောက် ၃၀ ကျော်သေဆုံးပြီ

    ၂၀၂၆ ခုနှစ် ပထမပတ်အတွင်း စစ်အုပ်စုကြောင့် ပြည်သူအယောက် ၃၀ ကျော်သေဆုံးပြီ

    ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ပြည်သူအယောက် ၃၀ ကျော်သေဆုံးခဲ့ ရပြီလို့ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုကြောင့် ဇန်နဝါရီလ ၁ ရက်ကနေ ၇ ရက်နေ့အထိ အမျိုးသမီး ၈ ဦး နဲ့ အမျိုးသား ၁၁ ဦး စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့တာကို နာမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ AAPP ကပြောပါတယ်။ တချိန်တည်းမှာပဲ အတည်ပြုဖို့လိုအပ်နေဆဲ သေဆုံးအရပ်သား ၁၆ ဦးရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ AAPP ကဆိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုကြောင့်သေဆုံးသူအများစုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး စစ်ကိုင်းတိုင်းက ၁၂ ဦးဖြင့် သေဆုံးသူအများဆုံးရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင်…

  • ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က MNDAA ရုံးတွေမှာ မြန်မာနိုင်ငံတော်အလံ လွှင့်ထူ

    ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က MNDAA ရုံးတွေမှာ မြန်မာနိုင်ငံတော်အလံ လွှင့်ထူ

    ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးတွဲထိန်းချုပ်ထားတဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က MNDAA ရုံးတွေမှာ မြန်မာနိုင်ငံတော်အလံ လွှင့်ထူ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် – AA၊ တအာင်းတပ်-TNLAနဲ့ ကိုးကန့်တပ် – MNDAA တို့ ပူးတွဲထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ MNDAA ရုံးတချို့မှာ မြန်မာနိုင်ငံအလံ လွင့်ထူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ရေးဇုန်ဖြစ်တဲ့ အဲဒီ ၁၀၅ မိုင်က MNDAA ရုံးဌာနတချို့မှာ မနေ့ ဇန်နဝါရီ ၇ ရက်ကစပြီး မြန်မာနိုင်ငံတော်အလံ စလွှင့်ထူတာလို့ ဆိုပါတယ်။ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက “သူတို့နေတဲ့ရာတိုင်းထောင်တာမျိုးတော့ မဟုတ်ဘူး။ အရေးကြီးတဲ့ ရုံးတချို့ပဲ မြန်မာနိုင်ငံအလံထောင်တာ” လို့ ပြောပါတယ်။…

  • စစ်တပ်ကို ဝေဖန်သူအား K Pay အဝင်အထွက်ဖြင့် အကြောင်းပြ ဖမ်းဆီး

    စစ်တပ်ကို ဝေဖန်သူအား K Pay အဝင်အထွက်ဖြင့် အကြောင်းပြ ဖမ်းဆီး

    အာဏာသိမ်း စစ်ခေါင်းဆောင်ကို လူမှုကွန်ရက်တွင် ဝေဖန်ရေးသားသည်ဟု ဆိုကာ ဖမ်းဆီးရန် လှုံ့ဆော်ခံရသည့် အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦး ရန်ကုန်မြို့ လှိုင်မြို့နယ်နေအိမ်၌ အွန်လိုင်းငွေပေးချေမှုတစ်ခုဖြစ်သော K Pay အဝင်အထွက်များသည်ဟုဆိုကာ အကြောင်းပြ ဖမ်းဆီးခံရသည်။ လပေး ထမင်းနှင့်ဟင်း ချိုင့်ဆွဲရောင်းချသည့် ဦးကြည်မျိုးဇော်(ခ) ဦးကြည် ဆိုသူကို လူမှုကွန်ရက်တွင် စစ်ခေါင်းဆောင်အား ပုတ်ခတ်ရေးသားသည်၊ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ မျှဝေသည်၊ စစ်တပ်ကို ဝေဖန်သည့်စာများ ရေးသည်ဆိုသည့် စွပ်စွဲချက်များဖြင့် စစ်တပ်ဝါဒဖြန့်စာမျက်နှာတစ်ခုက ဖမ်းဆီးရန် ပြီးခဲ့သည့်ရက်များက လှုံ့ဆော်ခဲ့သည်။ ထို့နောက် ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၄ နာရီတွင် လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက် နေအိမ်တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များအပါအဝင် အရပ်ဝတ် လူရှစ်ဦးခန့်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူများက ပြောသည်။ “ရပ်ကွက်ရုံးကို…