၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ပြည်သူအယောက် ၃၀ ကျော်သေဆုံးခဲ့ ရပြီလို့ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုကြောင့် ဇန်နဝါရီလ ၁ ရက်ကနေ ၇ ရက်နေ့အထိ အမျိုးသမီး ၈ ဦး နဲ့ အမျိုးသား ၁၁ ဦး စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့တာကို နာမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ AAPP ကပြောပါတယ်။
တချိန်တည်းမှာပဲ အတည်ပြုဖို့လိုအပ်နေဆဲ သေဆုံးအရပ်သား ၁၆ ဦးရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ AAPP ကဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုကြောင့်သေဆုံးသူအများစုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး စစ်ကိုင်းတိုင်းက ၁၂ ဦးဖြင့် သေဆုံးသူအများဆုံးရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၅ ဦးပါဝင်တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မတရားစစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၇ ရက် အထိ အကြမ်းဖက် စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ တွေနဲ့ ပြည်သူစုစုပေါင်း ၇၆၆၉ ဦး ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန် ထားပါတယ်။


Leave a Reply