Category: News

  • ကျောက်ဖြူတွင် စစ်ကော်မရှင်စစ်ကြောင်းများ AA ထံချေမှုန်းခံရ၍ အသေအပျောက်များနေ

    ကျောက်ဖြူတွင် စစ်ကော်မရှင်စစ်ကြောင်းများ AA ထံချေမှုန်းခံရ၍ အသေအပျောက်များနေ

    တပ်ဖွဲ့ဝင်အချို့ကို AA အရှင်ဖမ်းမိထားပြီး နေရာအနှံ့အပြားတိုက်ပွဲပြင်းထန်လာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်၏ ရိက္ခာလာပို့သည့်စစ်ကြောင်းနှင့် ကင်းလှည့်စစ်ကြောင်းများသည် အာရက္ခတပ်တော်(AA)ထံ ချေမှုန်းခံရ၍ အသေအပျောက်များပြီး တပ်ဖွဲ့ဝင်အချို့ကို AA က အရှင်ဖမ်းမိထားကြောင်း သတင်းရရှိသည်။ ကျောက်ဖြူမြို့နယ်ရှိ အမှတ်(၃၂)ရဲတပ်ရင်း၊ သစ်ပုတ်တောင်တိုက်နယ်ဖက် မြို့ပြင်အနှံ့အပြားတွင် ရိက္ခာပို့ပြီး ကင်းလှည့်နေသော စစ်ကြောင်းများသည် AA ၏ ပြောက်ကျားစနစ်နှင့် နည်းဗျူဟာအသစ်တို့ဖြင့် ကြားဖြတ်တိုက်ခိုက်ခံနေရပြီး အသေအပျောက်များနေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “အဓိက စစ်ကြောင်းတွေထွက်တာတွေကို AA ဖက်က ပြောက်ကျားစနစ်နဲ့ အလစ်သုတ်ဝင်တိုက်တာ။ AA ဖက်က ဒရုန်းတွေ၊ လက်နက်တွေပစ်ပြီးတိုက်တာ။ သူတို့က မကြာခဏချေမှုန်းခံနေရတယ်အခုနောက်ပိုင်း။ သေတဲ့အလောင်းတောင် မကောက်နိုင်ဘူး။ ရဲတပ်ရင်း (၃၂)ဖက်၊ လိပ်ခ‌မော်၊ ဒိုးတန်းတောင်ဖက်၊ သစ်ပုတ်တောင်တိုက်နယ်ဖက်မှာ စစ်ကြောင်းထိုးတယ်။ ကင်းလှည့်တယ်” ဟု ပြောသည်။…

  • ခါမီနီ မော်စကိုသို့ ပြေးရန်ပြင်

    ခါမီနီ မော်စကိုသို့ ပြေးရန်ပြင်

    ဆန္ဒပြ ပြည်သူများကို တစ်ယောက် ၅ ပေါင်ခွဲပေး၍ ချွေးသိပ်ပြီး ခါမီနီ မော်စကိုသို့ ပြေးရန်ပြင် ဒီဇင်ဘာ ၂၈ ရက်မှ စတင်ပြီး ကုန်စျေးနှုန်း ကြီးမြင့်လာခြင်းနှင့် ငွေကြေးတန်ဖိုး လျော့ကျလာခြင်းကြောင့် တီဟီရန်မြို့တော်ရှိ စျေးသည်များ စတင်ဆန္ဒပြရာမှ နိုင်ငံအတွင်း မြို့ပေါင်း ၂၀ ကျော် တွင် လူထုအုံကြွမှုကြီး ဖြစ်ပွားနေကာ ထိန်းမရသည့် အခြေအနေကြောင့် အီရန် ခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာ မင်းမူ အုပ်ချုပ်နေသော ၈၆ နှစ်အရွယ် အလီခါမီနီသည် အနီးဆုံးမိသားစု အပေါင်းအပါ ၂၀ ဝန်းကျင်ဖြင့် မော်စကိုသို့ ထွက်ပြေးတော့မည် ဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းရင်းမြစ်အရ သိရသည်။ စားသောက်ကုန် စျေးနှုန်းများ ၇၂ ရာခိုင်နှုန်း မြင့်တက်နေပြီး ငွေကြေး ဖောင်းပွမှုနှုန်းမှာ တစ်နှစ်…

  • မိုးကုတ်တွင် ကျောက်ရှာသူ ၁၀၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးငွေတောင်း

    မိုးကုတ်တွင် ကျောက်ရှာသူ ၁၀၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးငွေတောင်း

    မိုးကုတ်အကျဉ်းထောင်အနောက်ဘက်မှာရှိတဲ့ ချောင်းအတွင်း ကျောက်ရှာသူ (ဒေသအခေါ် ခနဲဆေးသူ) ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီး ငွေတောင်းခဲ့တယ်လို့ မြို့ခံ မျက်မြင်သက်သေတယောက်က ပြောပါတယ်။ ဒီဇင်ဘာ ၅ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ကျောက်ရှာနေသူတွေဆီ ကားအကြီး ၅ စီး လောက်နဲ့ ရောက်ရှိလာပြီး ဖမ်းဆီးငွေတောင်းကာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ “ခနဲဆေးဆယ် ဆိုတာက ရေစီးနဲ့ပါလာတဲ့ ကျောက်တွေ မျောလာတာကို ဆန်ခါနဲ့ စစ်ပြီး စုတာဗျ။ ကျောက်တွင်းတွေကနေ စီးဆင်းလာတဲ့ရေတွေ ဆိုတော့ဗျ။ စက်တွေ၊ ပစ္စည်းတွေ သိမ်းသွားတယ်ဗျ။ လူပဲ လွှတ်ပေးလိုက်တာဗျ။ မြင်တာတော့ ၁၀၀ ကျော်လောက် ရှိမယ်။ တယောက်ကို သိန်းဂဏန်း ပိုက်ဆံတောင်းပြီးတော့ ပြန်လွှတ်တာတဲ့၊ ရိုက်တာ၊ နှက်တာတော့ မတွေ့ရဘူး။…

  • ကသာမြို့ပေါ်  ၄ နေရာကို လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကြဲ၊  ကလေး ၁ ဦးသေဆုံး

    ကသာမြို့ပေါ် ၄ နေရာကို လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကြဲ၊ ကလေး ၁ ဦးသေဆုံး

    စစ်ရေးပြင်းထန်နေသော ကသာမြို့ပေါ် တွင် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတစ်ခု ၊ ကျေးရွာ နှစ်ရွာကို လေကြောင်းမှ ဗုံးကြဲ၊ ပစ်ခတ်မှုအတွင်း ၁၁ နှစ် ကလေးတစ်ဦး သေဆုံးခဲ့ကာ မိခင်ဖြစ်သူ ဒဏ်ရာရခဲ့သည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့ပေါ်နေရာ လေးခုကို ယမန်နေ့တစ်ရက်အတွင်း လေကြောင်းမှ ဗုံးကြဲ၊ ပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အဆောက်အအုံများ မီးလောင်ပျက်စီးခဲ့ပြီး ကလေးတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကသာမြို့တောင်ဘက်အစွန်ရှိ မြိုင်ဘုန်းကြီးကျောင်း၊ မြို့မြောက်ဘက်ရှိ နတ်ကြီးကုန်းရွာ၊ ကသာမြို့တောင်ဘက် သုံးမိုင်ခန့်အကွာရှိ သိမ်အင်းကျေးရွာတို့ကို ဗုံးကြဲခဲ့သလို ညနေ ၅ နာရီခန့်တွင် ရပ်ကွက် (၅ ) ရှိ အထက်တန်းကျောင်းအနီး ဗုံးသုံးလုံးကြဲချခဲ့ခြင်းဖြစ်သည်။ “မြိုင်ကျောင်းရယ် သိမ်အင်းရွာရယ် နတ်ကြီးကုန်းဘက်ရယ်…

  • ကျွန်အဖြစ်မလုပ်တော့ဘဲ သခင်ပဲလုပ်တော့မယ်လို့ KNA ဗိုလ်မှူးချုပ် ပြော

    ကျွန်အဖြစ်မလုပ်တော့ဘဲ သခင်ပဲလုပ်တော့မယ်လို့ KNA ဗိုလ်မှူးချုပ် ပြော

    ကျွန်အဖြစ်မလုပ်တော့ဘဲ သခင်ပဲလုပ်တော့မှာဖြစ်ပြီး မိမိတို့မြေကို မိမိတို့ကိုယ်တိုင်သာ အုပ်ချုပ်မယ်လို့ ကရင်အမျိုးသားတပ်မတော် KNA အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းက ပြောပါတယ်။ အခုရက်ပိုင်းထဲ ကျင်းပခဲ့တဲ့ BGF က KNA ဘက်တံဆိပ်သစ်ကို ပြောင်းလဲတပ်ဆင်လိုက်တဲ့ အခမ်းအနားတစ်ခုမှာ KNA အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းက သူ့ရဲ့ တပ်သားတွေကို အမှာစကားပြောကြားခဲ့ရာမှာ ထည့်သွင်းပြောဆိုသွားခဲ့တာပါ။ KNA အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်း က “ကိုယ့်တိုင်းပြည်ကိုယ့်လွတ်လပ်ရေးအတွက် အားလုံး ကိုယ်ကိုယ်တိုင်သာလုပ်ဆောင်ရမယ်။ သခင်ပဲလုပ်မယ် ကျွန်တော့မလုပ်နိုင်ဘူး သဘောပေါက်တယ်နော်” လို့ ဆိုပါတယ်။ ကရင်အမျိုးသားတပ်မတော် KNA ကို ကရင်နယ်ခြားစောင့်တပ် BGF ကနေ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး စတင်ပြောင်းလဲဖွဲ့စည်းလိုက်ကာ BGF ဘက်တံဆိပ်ကို…