Category: News
-

စစ်ကောင်စီမှ ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ “ပူးတွဲထုတ်ပြန်ကြေညာချက်”
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီမှ ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ “ပူးတွဲထုတ်ပြန်ကြေညာချက်” ဧရာဝတီတိုင်းအတွင်း ကျွန်ုပ်တို့တော်လှန်ရေးအင်အားစုများဘက်မှ တော်လှန်စစ်များကို တိုးချဲ့၍ ကျယ်ပြန့်စွာ လုပ်ဆောင်လျက်ရှိပါသည်။ တစ်စထက်တစ်စ နယ်မြေများဆုံးရှုံးလာရသော အကြမ်းဖက် စစ်အုပ်စုသည် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူနှင့် နေအိမ်အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်၍ စစ်ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်းကျူးလွန်လျက် ရှိသည်ကို ယခင်ကြေညာချက်များတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ အကြမ်းဖက်စစ်အုပ်စုမှ နေ့စဥ်ရက်ဆက် ဆိုသလို ဆက်လက်၍ အရပ်သားပြည်သူများအား ဦးတည်တိုက်ခိုက်မှုများကို ပူးတွဲပါစာရင်းဇယားများ အတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည်။ နယ်မြေများစွာ လက်လွှတ်ဆုံးရှုံးထားရပြီး စစ်ရေးအရရှုံးနိမ့်နေသော အကြမ်းဖက်စစ်အုပ်စုသည် အတုအယောင်ဟန်ပြရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား ပြုလုပ်နေသော်လည်း တစ်ဖက် တွင်သူရဲဘောဆန်စွာ အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ နေ့စဥ်နှင့်အမျှ ဆက်တိုက် ပြုလုပ်လာနေသည်ကိုတွေ့ရသည်။ ကျွန်ုပ်တို့အနေဖြင့် အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်ခဲ့ရသော ပြည်သူလူထုများ၏ မိသားစုများနှင့်ထပ်တူ…
-

မြစ်ကြီးနားမြို့လယ်ကောင်မှာ မိန်းကလေးတစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်သူတွေက လူတစ်ဦးကို ထပ်သတ်ဖြတ်
မြစ်ကြီးနားမြို့လယ်ကောင်မှာ မိန်းကလေးတစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်သူတွေက လူတစ်ဦးကို ထပ်သတ်ဖြတ် မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ လူအုပ်စုက သူတို့ဖမ်းသွားတဲ့ အမျိုးသားကိုလည်း သတ်ဖြတ်လိုက်ပြီဖြစ်ပါတယ်။ ဒေသခံတွေကြောက်ရွံ့ထိတ်လန့်ခဲ့တဲ့ ဒီဖြစ်ရပ်က ဒီဇင်ဘာ ၂၅ရက် ခရစ္စမတ်ညက ဖြစ်ပွားခဲ့တာပါ။ အသက် ၄၀ခန့်အရွယ်အမျိုးသမီးနှစ်ဦးနဲ့ အသက်၂၁နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ခရစ္စမတ် ည ၈နာရီခန့်မှာ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်က အပြန် အမျိုးသားခြောက်ဦးက တားဆီးရိုက်နှက်ပြီး ၂၁နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးတွေကို လမ်းမှာထားခဲ့ပြီး လမ်းသွားလမ်းလာကားတစ်စီးကိုလည်း သေနတ်နဲ့ပစ်တားဆီးခဲ့ပါတယ်။ ပြီးတော့ ကားမောင်းလာတဲ့ ကိုဇော်မိုးအောင်ကို ကားနဲဲ့ဖမ်းခေါ်သွားတာပါ။ ဒီနေ့ ဒီဇင်ဘာ ၃၁ရက်မှာတော့ ကိုဇော်မိုးအောင် သေဆုံးသွားပြီလို့ မိသားစုဝင်တွေက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။ “ကားပြန်မရဘူး။ ရုပ်အလောင်းပြန်တွေ့တာ။ လုံးဝကို လက်မခံနိုင်စရာပဲ”လို့ ကိုဇော်မိုးအောင်ရဲ့ မိတ်ဆွေတစ်ဦးက…
-

အကြွေးသိန်း 3500မပေးချင်လို လူငှား သ@တ်တဲ့ မြန်မာပလာဇာကားပါကင်က လူသ@တ်မှု
ရန်ကုန်မြို့ရှိ မြန်မာပလာဇာကားပါကင်တွင် သြဂုတ်လအတွင်းက အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့်အမှုဖြစ်စဉ်၌ ကျူးလွန်သူနှစ်ဦးကို သေဒဏ်ချမှတ် ရန်ကုန်မြို့ မြန်မာပလာဇာကားပါကင်တွင် ၂၀၂၅ ခုနှစ် သြဂုတ်လအတွင်းက အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့်အမှုဖြစ်စဉ်၌ ကျူးလွန်သူနှစ်ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ ယင်းလူသတ်မှုတွင် ကျူးလွန်သူနှစ်ဦးကို ယနေ့(ဒီဇင်ဘာ ၃၀ ရက်)တွင်သေဒဏ်ချမှတ်ခဲ့ကြောင်း အဆိုပါ ဖြစ်စဉ်တွင် အသတ်ခံခဲ့ရသည့် ဒေါ်စမ်းစမ်းအေး၏ သမီးဖြစ်သူ မပိုပိုအိန္ဒြာချစ်က လူမှုကွန်ရက်တွင်ရေးသားထားသည်။ လူသတ်မှုကျူးလွန်သူနှစ်ဦးမှာ မြတ်သူရကျော်နှင့် မျိုးလွင်ဦးတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးကို ကမာရွတ်ခရိုင်တရားရုံးက သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ “ဒီနေ့ မေမေ့အတွက်တရားမျှတမှုယူနိုင်တဲ့နေ့ တရားခံနှစ်ယောက်လုံး သေဒဏ်ကျတဲ့နေ့၊ သမီးရော သားရော ဒီထက်မက တာဝန်ကျေအောင်ကြိုးစားပါမယ်မေမေ။ မေမေဒီထက်မက ကောင်းတဲ့ဘုံဘဝရောက်နေမယ် လို့ယုံကြည်ပါတယ်။ချစ်သောမေမေရေ အမြဲသတိရနေပါတယ်”ဟု မပိုပိုအိန္ဒြာချစ်က လူမှုကွန်ရက်တွင်ရေးသားထားသည်။ အဆိုပါလူသတ်မှုသည် ၂၀၂၅ ခုနှစ် သြဂုတ် ၅ ရက်က…
-

ပျောက်သွားပီး ၆ ရက်အကြာမှာ DB သာပြန်တွေ့ခဲ့ရတဲ့ ၁၆ နှစ်အရွယ် သားငယ်လေး
ပျောက်သွားပီး ၆ ရက်အကြာမှာ DB သာပြန်တွေ့ခဲ့ရတဲ့ ၁၆ နှစ်အရွယ် သားငယ်လေး 💔 ခလေးတွေကို အပြင်သွားရင် ဂရုစိုက်ကြပါ ပစ္စည်းပါရင် ပိုလို့တောင် သတိထားသင့်ပါတယ် လူကိုရန်မပြုရင်ဖြေသာပေမယ့် အခုနောက်ပိုင်း လက်ရဲ ဇက်ရဲတွေများလာတာနဲ့အမျှ လူ့အသက်တွေလည်းဈေးပေါလာပါတယ် အခုတစ်ခါမှာလည်း ဒီကလေးကတော့ ပီးခဲ့တဲ့ရက်ပိုင်း မိဘတွေက လူပျောက်တင်ထားတာအားလုံးတွေ့လိုက်ကြမယ်ထင်ပါတယ် 24 ရက်နေ့ကတည်းက ပျောက်နေခဲ့တာပါ ဒါကြောင့် မိသားစုတွေက ခုလိုလူပျောက်တင်ခဲ့ကြပါတယ်။ “Please🙏🙏🙏 သားငယ်လေးပျောက်နေတာ တစ်ည တစ်ရက်ရှိပါပြီ။ တောင်ကြီးမြို့ (ထ-4) G-10မှာပညာသင်ကြားနေတာပါ။ 24ရက်နေ့ညနေ နေအိမ်မှ ဆိုင်ကယ်နဲ့ထွက်သွားပြီး ပြန်မရောက်လာလို့ပါ။ တွေ့ရှိပါက အမြန်ဆုံး ဆက်သွယ် အကြောင်းကြားပေးကြပါရှင့် သားရေ စိုင်းA ဒီနေ့ကျောင်းပြန်ဖွင့်ပြီလေ သားဘယ်ရောက်နေလည်း ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘာတွေပဲဖြစ်ခဲ့ပါစေ အိမ်အမြန်ပြန်လာပါနော်သား မယ့်မယ့်အရမ်းစိတ်ပူနေရပြီသားရေ သားကိုချစ်တဲ့သူအားလုံးအရမ်းစိတ်ပူနေကြတယ်…
-

စစ်တပ်လုပ်မယ့် ကျုံးဘေးက နှစ်သစ်ကူးပွဲကို ရှောင်ရှားဖို့ BWM သတိပေး
စစ်ကောင်စီလုပ်မယ့် မန္တလေးမြို့ ကျုံးဘေးက နှစ်သစ်ကူးပွဲကို ရှောင်ရှားဖို့ Brave Warriors for Myanmar အဖွဲ့က သတိပေးလိုက်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက် ညမှာ မန္တလေးမြို့၊ ၂၆ လမ်းနဲ့ ၆၆ လမ်းထောင့် ကျုံးအရှေ့တောင်ထောင့်မှာပြုလုပ်မယ့် စစ်ကောင်စီရဲ့ နှစ်သစ်ကူးပွဲကို ရှောင်ရှားသင့်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးနန်းတွင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ Brave Warriors for Myanmarအဖွဲ့က သတိပေးပါတယ်။ BWM နဲ့ မဟာမိတ်အဖွဲ့တွေဟာ ပြည်သူတွေ အမြဲဘေးကင်းဖို့ အစဉ်တစိုက် ဂရုစိုက်သွားမှာဖြစ်ပြီး တော်လှန်ရေး အရှိန်အဟုန် မြင့်တက်လာတာနဲ့အမျှ စစ်ကောင်စီနဲ့ ၎င်းတို့ကိုထောက်ခံတဲ့အသိုင်းအဝိုင်းကို ရှောင်ရှားကြဖို့ Warriors for Myanmar အဖွဲ့က ထပ်မံ သတိပေးပါတယ်။ “မဲပေးနေတဲ့ အချိန်ကာလတောင်…