Category: News
-

မြို့ခံတဝက် စစ်ရှောင်လိုက်ရတဲ့ ကသာမြို့ နောက်ဆုံးအခြေအနေ
ကသာမြို့မှာ ဒီဇင်ဘာလ(၄)ရက်နေ့ကစပြီး ပစ်ခတ်သံတွေနဲ့အတူ တိုက်ပွဲတွေ စလာခဲ့ပြီး ခုဆိုရင် တလနီးပါးရှိလာပြီဖြစ်ပါတယ်။ အဲဒီနေ့ နေ့လည် ၁၂ နာရီခွဲမှာ လေယာဉ်တွေနဲ့ ကသာမြို့အထွက် လမ်းနဘားကြီးရွာအနီးကိုဗုံးချသံ ၊ညအချိန်မြို့ထွက်မှာပစ်ခတ်၊ပေါက်ကွဲသံတွေကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဒီဇင်ဘာလ ၇ ရက်ည ၈ နာရီခွဲမှာ မြို့ပတ်လည်ကို လက်နက်ကြီးနဲ့ခမရ(၃၀၉)စစ်တပ်က ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်ညနဲ့မနက်မှာလည်း ဆက်လက်ပစ်ခတ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်၊ ၂၂ ရက်၊ ၂၃ ရက်တွေမှာနေ့အချိန်ညအချိန်တွေမှာလက်နက်ကြီး ပစ်ခတ်ခဲ့ပါတယ်။ “ လို့ ဆိုပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာတော့ ကသာမြို့အနီးအောင်ပုံကျေးရွာကိုလေယာဉ်နဲ့ ဗုံး(၂)လုံးကြဲခဲ့ပြီး ဒီဇင်ဘာလ ၂၅ ရက်၊ ၂၆ ရက်၊ ၂၇ ရက်တွေမှာမြို့ပတ်လည်ကိုဆက်တိုက်ပစ်ခတ်နေကာ ရွေးကောက်ပွဲ မကျင်းပခင် တရက်အလို…
-

နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲနဲ့ ဂီတဖျော်ဖြေပွဲ မန္တလေးမှာ စည်စည်ကားကား ကျင်းပမယ်
၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်ကို ကူးပြောင်းမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့ ည မန္တလေးမှာ နှစ်သစ်ကူးပျော်ပွဲရွင်ပွဲတွေနဲ့အတူ ဂီတဖျော်ဖြေပွဲတော်ကြီးကိုလည်း ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။ နှစ်သစ်ကူးပျော်ပွဲ ရွှင်ပွဲများနှင့်အတူ ဂီတဖျော်ဖြေပွဲကြီးကို ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၆ နာရီက စပြီး ၆၆ လမ်းနဲ့ ၂၆ လမ်း(ကျုံးထောင့်)မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန ကနေ သိရပါတယ်။ နှစ်သစ်ကူးပွဲတော်အတွက် ၂၆ လမ်း၊ ၆၆ လမ်းနဲ့ ၇၀ လမ်းကြားမှာ စားသောက်ဆိုင်တွေ ခင်းကျင်းရောင်းချပေးသွားမှာဖြစ်ပြီး ပွဲတော်ကိုလာတဲ့ ပရိတ်သတ်တွေ အဆင်ပြေဖို့ ၂၆ လမ်း၊ ၆၂ လမ်းမှ ၆၄ လမ်း၊ ၂၇ လမ်း…
-

မန္တလေးမှာ ပျူစောထီးတွေက အမျိုးသားတစ်ဦးရိုက်နှက်သတ်ပြီး အလောင်းအမှိုက်ပုံမှာစွန့်ပစ်
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ပျူစောထီးတွေက အမျိုးသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်ပြီး ရုပ်အလောင်းကို အမှိုက်ပုံလာပစ်သွားကြောင်း သတင်းရရှိပါတယ်။ မနေ့က ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်၊ ၅၉ လမ်း၊ ၁၁၄ လမ်းနဲ့ ၁၁၅ လမ်းကြားရှိ အမှိုက်ကန်အနီးမှာ ရိုက်နှက်နှိပ်စက်ခံထားရပြီး ဦးခေါင်းကြေမွဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို လူတစ်စုက လာရောက်စွန့်ပစ်သွားကြောင်း MDY Revolution က အသိပေးပါတယ်။ မျက်မြင်တွေ့ရှိသူတွေရဲ့အဆိုအရ အလောင်းလာပစ်သူတွေဟာ ၆၂လမ်း ၁၁၇ လမ်းနဲ့ ၁၁၈ ကြားရှိ ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက် ရပ်ကွက်ရုံးက ပျူစောထီးတွေ ဖြစ်ကြောင်း MDY Revolution က ထပ်မံ အသိပေးပါတယ်။ “တော်တော်သောင်းကျန်းနေတာ။ အဲဒီဘက် ဃ ရပ်ကွက်က ပျူတွေချည့်ပဲ။ ညဘက်ဆို…
-

ကြံ့ဖွတ်ပါတီက မဲဆန္ဒနယ် ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရထား
စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပခဲ့သော မြို့နယ် ၁၀၂ ခုအနက် ကနဦး မဲရလဒ်များအရ ကြံ့ဖွတ်ပါတီက မဲဆန္ဒနယ် ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရထားဟုဆို အကြမ်းဖက် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပခဲ့သော မြို့နယ် ၁၀၂ ခုတွင် ကြံ့ဖွတ်ပါတီက ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရရှိထားကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။ မြို့နယ်ပေါင်း ၁၀၂ ခုအနက်မှ ကြံ့ခိုင်ရေးပါတီက ရှုံးနိမ့်သော မဲဆန္ဒနယ် ၁၀ ခုဝန်းကျင် လတ်တလော သိရှိထားကြောင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ တချို့သော မဲဆန္ဒနယ်မြေများ၏ မဲရလဒ်များမှာ နေရာ ကွာဝေးနေ၍ အတိအကျ မသိရှိရသေးသော်လည်း ယေဘုယျ ခန့်မှန်းခြေအားဖြင့် အနိုင်ရရှိထားသည်ဟု သိရှိရကြောင်း၊…
-

ကောင်မလေးကို ဟိုတယ်ခေါ်တာ မလိုက်လို့တဲ့
စင်ကာပူကသတင်း မနေ့ကညနေ သူငယ်ချင်းတယောက်နဲ့ စီးတီးဟောနား တောင်ကုန်းအစပ်မှာ စကားပြောနေကြတုန်း မိန်းကလေးတယောက်ရဲ့စူးစူးဝါးဝါးအော်သံကြားတော့ ကိုက ထသွားကြည့်တယ်။ အဲဒီမှာ မိန်းကလေးက မြေပေါ်မှာ ငုတ်တုတ်လေး ယောကျာ်းတယောက်က မိန်းကလေးရဲ့လက်ကိုအတင်းဆွဲ၊ မိန်းကလေးရဲ့အိတ်ကို အတင်းဆွဲနေတော့ ကိုက ညီမ ဘာဖြစ်တာလဲမေးတယ်။ မိန်းခလေးက အတင်းငိုယိုပီး အကိုရယ် ကူညီပါ ကယ်ပါဆိုတာနဲ့ အဲဒီကောင်ကို တွန်းလိုက်ပီး အဲ့လိုမလုပ်ဖို့ပြောတယ်။ အဲ့ကောင်က ခများနဲ့မဆိုင်ဘူး ဘေးဖယ်နေတဲ့ ။ ငါမဖယ်နိုင်ဘူး ငါ့မျက်စိရှေ့မှာ မိန်းကလေးတယောက်ကို တွန်းထိုးဆွဲရမ်းပီး အနိုင်ကျင့်နေတာ ငါရပ်ကြည့်မနေနိုင်ဘူးပြောပီး သူအတင်းဆွဲယူထားတဲ့ မိန်းကလေးရဲ့အိတ်ကို ပြန်လုယူလိုက်တယ်။ အဲ့မှာ မိန်းကလေးက အရမ်းကြောက်ပီး အသားတွေစဆတ်ဆတ်တုန်နေတာ နဲ့ ညီမ မကြောက်နဲ့ ရဲခေါ်ပေးမယ်ဆိုပီး 999 ကိုဖုန်းဆက်လိုက်တယ်။ ရဲခေါ်ပီး ရဲမလာခင်ထိ မိန်းကလေးကို အတင်းလိုက်ဆွဲနေတုန်း။…