၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်ကို ကူးပြောင်းမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့ ည မန္တလေးမှာ နှစ်သစ်ကူးပျော်ပွဲရွင်ပွဲတွေနဲ့အတူ ဂီတဖျော်ဖြေပွဲတော်ကြီးကိုလည်း ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။
နှစ်သစ်ကူးပျော်ပွဲ ရွှင်ပွဲများနှင့်အတူ ဂီတဖျော်ဖြေပွဲကြီးကို ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၆ နာရီက စပြီး ၆၆ လမ်းနဲ့ ၂၆ လမ်း(ကျုံးထောင့်)မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန ကနေ သိရပါတယ်။
နှစ်သစ်ကူးပွဲတော်အတွက် ၂၆ လမ်း၊ ၆၆ လမ်းနဲ့ ၇၀ လမ်းကြားမှာ စားသောက်ဆိုင်တွေ ခင်းကျင်းရောင်းချပေးသွားမှာဖြစ်ပြီး ပွဲတော်ကိုလာတဲ့ ပရိတ်သတ်တွေ အဆင်ပြေဖို့ ၂၆ လမ်း၊ ၆၂ လမ်းမှ ၆၄ လမ်း၊ ၂၇ လမ်း ၆၈ လမ်းမှ ၇၀ လမ်း နဲ့ ၆၈ လမ်း ၂၇ လမ်းမှ ၂၉ လမ်းတွေမှာ ယာဥ်ရပ်နား အပ်နှံဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။
New Year ည နှစ်သစ်ကူးပွဲတော်ညတွင် နိုင်ငံကျော် သရုပ်ဆောင်၊ အဆိုတော်တွေဖြစ်တဲ့ မယ်လိုဒီ၊ မေလသံစဥ်၊ အေးမြဖြူ၊ သားစိုး၊ ဖိုးသောကြာ၊ ရဲထွဋ်ကျော်၊ ဇော်ကို၊ ချစ်ဇွဲသာ၊ ခိုင်ဇင်လင်း၊ ဇင်နွယ်ခိုင်၊ DJ Bella၊ Dancer တို့က ဖျော်ဖြေသွားမှာဖြစ်ပြီး မန်းစည်ပင်တေးဂီတအဖွဲ့ အပါဝင် ပရိတ်သတ်တွေနဲ့အတူ နှစ်သစ်ကူး မီးရှုး မီးပန်းတွေကို ရင်သပ်ရှုမောဖွယ် ပစ်ဖောက်ကျင်းပသွားမည်ဖြစ်လို့မန္တလေးမြို့တော်သူ၊ မြို့တော်သားများအနေနဲ့ ပျော်ရွှင်စွာအတူဆင်နွှဲနိုင်ရန် ဖိတ်ခေါ်ထားတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ကနေ သိရပါတယ်။
သတင်းဓာတ်ပုံ / ပြန်ကြားရေးဝန်ကြီးဌာန
ပုံစာ / ၂၀၂၄ ခုနှစ်က new year နေ့ ကျင်းပခဲ့တဲ့ (ပုံအဟောင်း)


Leave a Reply