Category: News

  • တန့်ယန်းမှာ အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရပြီး ငွေသိန်း ၅၀၀ နဲ့ ပြန်ရွေးခိုင်း

    တန့်ယန်းမှာ အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရပြီး ငွေသိန်း ၅၀၀ နဲ့ ပြန်ရွေးခိုင်း

    ရှမ်းမြောက် တန့်ယန်းမြို့နယ်မှာ အသက် ၁၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး အမျိုးသား ၆ ဦးက ပြန်ပေးဆွဲခဲ့ပြီး ငွေသိန်း ၅၀၀ နဲ့ ပြန်ရွေးခိုင်းတဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။ ရှမ်းတောင် မိုင်းရှူးမြို့နယ် မဟယ်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၈ နှစ်အမျိုးသမီးတစ်ဦးဟာ တန့်ယန်းမြို့နယ်မှာ အလုပ်ရမယ်ဆိုပြီး အွန်လိုင်းကနေတစ်ဆင့် အမျိုးသားတစ်ဦးနဲ့ ဆက်သွယ်ပြီး တန်ယန်းမြို့ကို ရောက်ရှိချိန် ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ဆိုပါတယ်။ တန့်ယန်းမြို့ကို ရောက်ရှိချိန် အမျိုးသား ၆ ဦးရဲ့ ပြန်ပေးဆွဲတာခံရပြီး ငွေသိန်း ၆၀၀ ပေးဖို့ ဖိအားပေးခဲ့ရာ မပေးနိုင်ရင် အနည်းဆုံး သိန်း ၂၀၀ ပေးဖို့ ပြောခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ “အလုပ်ရမယ်ဆိုပြီး ခေါ်လာတာ။ ပြန်ပေးဆွဲတဲ့​ အထဲမှာ အဲကောင်မလေးရဲ့…

  • ရောဂါကုရင်း စမူဆာပါ ဘုန်းပေး

    ရောဂါကုရင်း စမူဆာပါ ဘုန်းပေး

    ထိုင်းက အမျိုးသမီးတယောက်က ကျန်းမာရေးမကောင်း လို့ အထက်လမ်း အောက်လမ်းကုပေးတဲ့ ဆရာဘုန်းကြီး တပါးထံ သွားကြည့်ခဲ့တယ်။ ဘုန်းကြီးဆီရောက်တော့ ဟိုစမ်းဒီစမ်းနဲ့ နင့်ရဲ့ကိုယ်ထဲမှာ သရဲပူးနေတယ်၊သရဲက ဆမူဆာနားမှာပူးကပ်နေ တယ်လို့ဆိုကာ လက်က စမူဆာထိ နယ်ကျော်သွားခဲ့တယ်။ အဲ့ချိန်မှာ အမျိုးသမီးနဲ့ အတူပါလာ တဲ့ ဆွေမျိုးတော်စပ်သူက ဗွီဒီယိုမှတ်တမ်းယူထားခဲ့တယ်။ တကယ်တမ်းတော့အမျိုးသမီးက မူ:ယ-စ်ဆေ:သုံးစွဲခဲ့သူဖြစ်ပြီး လက်ရှိမှာ ဆေးဖြတ်လိုက်ခြင်းကြောင့် ကျန်းမာရေးမကောင်းချင်သလိုဖြစ်နေတာဟု ဆရာဝန်က ပြောပြပြီးနောက်၊ သရဲဝင်ပူးကပ်နေတာ တကယ်မဟုတ်ပဲ ဘုန်းကြီးက လိမ်စား၊ လုပ်စားနေတာပါလို့ မီဒီယာတွေကို ဖြေကြား ခဲ့ပါတယ်။ Crd.photo

  • ဘုန်းကြီးက ‘အမျိုးသမီး’ အပေါ် ထုံးတမ်းစဉ်လာတွေ ကျင့်သုံးပြတယ်

    ဘုန်းကြီးက ‘အမျိုးသမီး’ အပေါ် ထုံးတမ်းစဉ်လာတွေ ကျင့်သုံးပြတယ်

    အမျိုးသမီးတစ်ဦးဖြစ်ပုံရပြီး အပေါ်ပိုင်းဗလာဖြစ်နေသူတစ်ဦးအပေါ် ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက အထူးအခမ်းအနားတစ်ခု ပြုလုပ်နေသည့်ပုံသည် ပျံ့နှံ့သွားပြီး ဘုန်းကြီးများသည် အမျိုးသမီးများကို ထိကိုင်ခွင့်မရှိသောကြောင့် ထိုင်းအင်တာနက်အသုံးပြုသူများထံမှ ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။ သို့သော် ဆွဲဆောင်မှုမြှင့်တင်သည့်အခမ်းအနားတွင် ပါဝင်ခဲ့သည့် ဓာတ်ပုံထဲမှလူက တနင်္ဂနွေနေ့နံနက်တွင် ဇာတ်လမ်းသည် အပြောင်းအလဲတစ်ခုဖြစ်ခဲ့သည်- “ကျွန်တော်က လိင်ပြောင်းလဲခွဲစိတ်မှု မလုပ်ရသေးတဲ့ လိင်ပြောင်းထားသူပါ။ သန္ဓေတားဆေးတွေ သောက်နေလို့ ကျွန်တော့်ရင်ဘတ်က ပုံမှန်ထက် ပိုကြီးနေသလိုပဲ” ဟု မှတ်ချက်ရေးသားခဲ့သည်။ လိင်ပြောင်းထားသူက သူနှင့် သူ့မိသားစုသည် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ အိုဒါမီယန်မှ နာမည်ကြီးဘုန်းကြီးတစ်ပါးကို ဘန်ကောက်ရှိ ၎င်းတို့၏နေအိမ်သို့ ဖိတ်ကြားခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့သည် နောက်လိုက်များစွာနှင့်အတူ လိုက်ပါလာသော ဘုန်းကြီးအား ၎င်းတို့အတွက် အခမ်းအနားတစ်ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ပါဝင်သည့် အမျိုးသားများသည် ၎င်းတို့၏…

  • ၃၅ ယောက် နိုင်ရုံနဲ့  မင်းအောင်လှိုင် သမ္မတဖြစ်တဲ့ လုပ်ဇာတ်ရွေးကောက်ပွဲ

    ၃၅ ယောက် နိုင်ရုံနဲ့ မင်းအောင်လှိုင် သမ္မတဖြစ်တဲ့ လုပ်ဇာတ်ရွေးကောက်ပွဲ

    အာဏာသိမ်းစစ်တပ်က အပိုင်း ၃ ပိုင်းခွဲ ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အငြင်းပွားစရာ ကိန်းဂဏန်းတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ဖော်ထုတ်ဖို့ လုပ်တဲ့ပွဲ မဟုတ်ပါဘူး။ မင်းအောင်လှိုင်ကို သူ့ဘာသာပေးထားတဲ့ “ယာယီ” ဆိုတဲ့ နာမဝိသေသနကို ဖြုတ်ပြီးတော့ သမ္မတစလွယ်ဆင်ပေးဖို့ လုပ်တဲ့၊ ကြံ့ခိုင်ရေးပါတီက အမတ် ၃၅ နေရာလောက် နိုင်ရုံနဲ့ အစိုးရဖွဲ့သွားနိုင်မယ့် လုပ်ပွဲဖြစ်ပါတယ်။ တိုင်းပြည်ကို မတရား သိမ်းပိုက်ထားသူတယောက် ဥပဒေနဲ့ညီသယောင် အတည်ပြုချက် ယူချင်ရုံသက်သက်လုပ်တဲ့ လုပ်ပွဲ ဖြစ်တယ်ဆိုတာ အချက်အလက်တွေအရ တွက်ချက် ဆန်းစစ်သွားမှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်မှုနဲ့ တရားမျှတမှု ဆိုတဲ့ အခြေခံအချက်တွေ လုံးဝ ကင်းမဲ့နေပါတယ်။ ပထမဆုံးအနေနဲ့ ဒါဟာ ပြိုင်ဘက်မရှိတဲ့ ရွေးကောက်ပွဲပါ။ ၂၀၂၁…

  • MWD News (မြဝတီ သတင်း) စာမျက်နှာကို TikTok က ဖယ်ရှားလိုက်ပြီ

    MWD News (မြဝတီ သတင်း) စာမျက်နှာကို TikTok က ဖယ်ရှားလိုက်ပြီ

    👏🏽 Breaking – MWD News (မြဝတီ သတင်း) စာမျက်နှာကို TikTok က ဖယ်ရှားလိုက်ပြီ၊ မြန်မာစစ်တပ်ဝါဒမှိုင်းဖြန့်ယန္တရားအပေါ် ထင်ရှားသည့် အရေးယူမှုဖြစ်လာ MWD (မြဝတီ) ကို မြန်မာစစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးက ကြီးကြပ်လုပ်ကိုင်နေခြင်းဖြစ်သည်။ Justice For Myanmar သည် TikTok ထံ စာရေးသားပေးပို့၍ စစ်အုပ်စုအကောင့်များအတွက် ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်နေမှုများနှင့်ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများအပေါ် မေးခွန်းထုတ်ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ TikTok က MWD News (မြဝတီ သတင်း)အကောင့်အား ဖြုတ်ချလိုက်ခြင်းလည်းဖြစ်သည်။ TikTok နှင့် အခြားနည်းပညာကုမ္ပဏီအားလုံးအနေဖြင့် ကျန်ရှိနေသေးသည့် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များအား ဖြုတ်ချရန်နှင့် ၄င်းတို့၏ပလက်ဖောင်းများအား စစ်အုပ်စုက အသုံးပြုနေခြင်းကို ပိတ်ပင်ရန် Justice For…