ရှမ်းမြောက် တန့်ယန်းမြို့နယ်မှာ အသက် ၁၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး အမျိုးသား ၆ ဦးက ပြန်ပေးဆွဲခဲ့ပြီး ငွေသိန်း ၅၀၀ နဲ့ ပြန်ရွေးခိုင်းတဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။

ရှမ်းတောင် မိုင်းရှူးမြို့နယ် မဟယ်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၈ နှစ်အမျိုးသမီးတစ်ဦးဟာ တန့်ယန်းမြို့နယ်မှာ အလုပ်ရမယ်ဆိုပြီး အွန်လိုင်းကနေတစ်ဆင့် အမျိုးသားတစ်ဦးနဲ့ ဆက်သွယ်ပြီး တန်ယန်းမြို့ကို ရောက်ရှိချိန် ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ဆိုပါတယ်။

တန့်ယန်းမြို့ကို ရောက်ရှိချိန် အမျိုးသား ၆ ဦးရဲ့ ပြန်ပေးဆွဲတာခံရပြီး ငွေသိန်း ၆၀၀ ပေးဖို့ ဖိအားပေးခဲ့ရာ မပေးနိုင်ရင် အနည်းဆုံး သိန်း ၂၀၀ ပေးဖို့ ပြောခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

“အလုပ်ရမယ်ဆိုပြီး ခေါ်လာတာ။ ပြန်ပေးဆွဲတဲ့​ အထဲမှာ အဲကောင်မလေးရဲ့ ရည်စားလည်းပါတယ်။ သူတို့ကို ရှမ်းအဖွဲ့ (SSPP) က ဖမ်းမိတာတဲ့” လို့ ဖြစ်စဥ်သိရှိသူ တန့်ယန်းမြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပစ်မှုကျူးလွန်သူ အသက် ၂၀ နှစ်ဝန်းကျင်ရှိ အမျိူးသား ၆ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP တန့်ယန်းမြို့ ရပ်ကွက်- ၆ မှာ ဖမ်းဆီးရမိပြီး အရေးယူသွားမယ်လို့ SSPP ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

တန့်ယန်းမြို့နယ်မှာ SSPP တပ်အပြင် ဝတပ်ဖွဲ့-UWSA နဲ့ စစ်ကောင်စီတပ်တို့လည်း သွားလာလှုပ်ရှားတဲ့နေရာ ဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *