Category: News

  • အိမ်အကူပုံစံနဲ့ အလုပ်လာလျှောက်တဲ့ ကျာ၊းဖြ၊န့်အကွက်သစ်

    အိမ်အကူပုံစံနဲ့ အလုပ်လာလျှောက်တဲ့ ကျာ၊းဖြ၊န့်အကွက်သစ်

    အိမ်အကူပုံစံနဲ့ အလုပ်လာလျှောက်တဲ့ ကျားဖြန့်အကွက်သစ် (အိမ်ရှင်မတွေ အထူးဂရုပြုကြပါ) အိမ်အကူအသစ်ရတာ (၃) ရက်ရှိပီ ဒီနေ့တော့ထုတ်လိုက်ပြီ။ ဘာလဲဆိုတာ မပြောဘူးနော် စာဖတ်ပီးသာစဉ်းစာတော့…။ -အသက် ၁၉ ရုပ်က Model အတိုင်းပဲအိမ်အကူနဲ့တောင်မတူ -စရောက်တဲ့နေ့ကကြည့်လိုက်တာ လက်သည်းတွေက နည်းနည်းနောနောအရှည်ကြီးတွေမဟုတ်ဘူး။ အဲ့ဒါညှပ်ခိုင်းတော့ လက်သည်းအတုတပ်ထားတာတဲ့ အမခွင့်ပေးရင် သူဆိုင်မှာသွားဖြုတ်ပေးမယ်နော်တဲ့။ စကားပြောတာ လုံးဝအိမ်အကူနဲ့ကိုမတူဘဲ ယဉ်ကျေးပီးတော်တော်ကို လူချစ်အောင်ပြောနိုင်တယ် – တနေကုန်ဖုန်းပြောတယ် – ညဆို တညလုံး ၃:၀၀/၄:၀၀ ထိ စာတွေရိုက်တယ် – သန့်ရှင်းရေး လုံးဝမရ / ဘာမှ ရေရေရာရာမလုပ် – ဖုန်းပဲသုံးတော့ ဪ ဘဲတွေများတယ်ထင်တယ် ချောတာကိုလို့ထင်ခဲ့တာ – ဒါပေမဲ့လူအိပ်ချိန်တာသူမအိပ်ပဲ စာတွေတတောက်တောက်။ မနက်လဲဖုန်းတွေဖြေတောက်လျောက် ပုံက လင်တရူးလို လင်တွေနဲ့ပြောတဲ့ပုံနဲ့ တူမနေဘူး။…

  • လေးမျက်နှာမြို့နယ်က စစ်တပ်စခန်းအချို့ AA နဲ့ ပူးပေါင်းတပ်တွေ ထပ်မံသိမ်းပိုက်

    တိုက်ပွဲတွေပြင်းထန်နေတဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က စစ်တပ်စခန်းတချို့ကို အာရက္ခတပ်တော်(AA)နဲ့ ပူး‌ပေါင်းတပ်တွေက ထပ်မံသိမ်းလိုက်ပြီး စစ်တပ်ကလေကြောင်းကနေဗုံးကြဲနေပါတယ်။ လေးမျက်နှာမြို့နယ်၊သဲနုကုန်းရွာပတ်ဝန်းကျင်က စစ်ကောင်စီရှေ့တန်းစခန်းတချို့ကို AAနဲ့ ပူး‌ပေါင်းတပ်တွေက သိမ်းယူလိုက်တာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ဒီကနေ့ (နိုဝင်ဘာလ ၂၆ ရက်) မနက်ပိုင်းမှာ ပြောပါတယ်။ “ရွာနားက တိုက်ပွဲတော်တော်ပြင်းထန်တယ်။မုံရွာ-ပုသိမ်လမ်းပိုင်းနားမှာလည်းချတယ်။ စစ်တပ်ကကျတော့် လေကြောင်းကနေ ညဘက်တွေဆို ဗုံးကြဲပြီ။လက်နက်ကြီးကတော့ခဏခဏပစ်တယ်”လို့ ပြောပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲမှာစစ်တပ်ထိခိုက်သေဆုံးမှုတွေများပြားနေပြီးဂျက်ဖိုက်တာအပြင် စက်တပ်လေထီး၊ဒရုန်းတွေနဲ့ ဗုံးကြဲနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။ ညနက်ပိုင်းတွေမှာ လေကြောင်းကနေဗုံးကြဲလေ့ရှိပြီး လေးမျက်နှာမြို့နယ်ဘက်ကိုဦးတည်ပျံတဲ့ ဂျက်ဖိုက်တာအသံကို ဇလွန်၊ ဟင်္သာတမြို့မြို့နယ်တွေကနေ ညတိုင်းကြား​နေရတယ်လို့ ဒေသခံ​တွေကပြောပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသက ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာမှာနေထိုင်ကြဖို့၊ တိုက်ပွဲဖြစ်နေတဲ့ရွာတွေဘက်ကို မလာကြဖို့လည်း တော်လှန်စရေးအင်အားစုတွေကတော့ သတိပေးထားကြပါတယ်။ လေးမျက်နှာမြို့နယ်ဟာဟင်္သာတခရိုင်၊ကွင်းကောက်မြို့မှာရှ်ိတဲ့ စစ်တပ်ရဲ့တန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅)နဲ့လည်း မိုင်အနည်းငယ်သာဝေးပါတယ်။ အခုရက်ပိုင်းမှာ စစ်ကောင်စီက တတက(၅)ကို အင်အားအများအပြားဖြည့်းတင်းနေသလို အဲဒီကနေလက်နက်ကြီးတွေပစ်ခတ်မှု​တွေပိုမိုလုပ်​နေတယ်လို့…

  • လားရှိုးမြို့ပေါ် အမျိုးသမီးတစ်ဦး အကြောင်းမဲ့ သေနတ်ပစ်ခတ်ခံရ

    လားရှိုးမြို့ပေါ် အမျိုးသမီးတစ်ဦး အကြောင်းမဲ့ သေနတ်ပစ်ခတ်ခံရ

    သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် အမျိုးသမီးတစ်ဦးကို အမည်မသိလက်နက်ကိုင်မှ အကြောင်းမဲ့ သေနတ်ပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၅ ရက်) ညနေ ၅ နာရီခွဲတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ရှိ သိန္နီလမ်းမကြီးတွင် ဆိုင်ကယ် မောင်းနှင်နေသည့် အမျိုးသမီးတစ်ဦးကို အမည်မ သိ လက်နက်ကိုင်များမှ ကားတစ်စီးဖြင့် နောက်မှ လိုက်လာပြီး အကြောင်းမဲ့ သေနတ်ပစ်ခတ်ခဲ့ ကြောင်း လားရှိုးဒေသခံများက ပြောသည်။ “ကားဝိုင်းနားက ဖုန်းဆိုင်ရှေ့မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးကို သေနတ်နဲ့ ပစ်သွားတယ်။ လက်မောင်းကနေ ကျည်ဆံက ဖောက်ထွက်သွား တော့ ဒဏ်ရာပြင်းတယ်၊ အသက်အန္တရာယ်တော့ စိုးရိမ်ရဘူး။ ပစ်တဲ့လူက ကားနဲ့ နောက်ကနေ လိုက် လာပြီး ပစ်သွားတာ၊ အခုထိ…

  • မိုးကုတ်မြို့ထဲ စစ်အုပ်စုတပ်သား နှစ်ရာနီးပါး ရောက်ရှိနေ

    မိုးကုတ်မြို့ထဲ စစ်အုပ်စုတပ်သား နှစ်ရာနီးပါး ရောက်ရှိနေ

    TNLA ညွှန်ကြားချက်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ မြို့ကနေ ဆုတ်ခွာထား မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ အပစ်ရပ်ကြေညာပြီးနောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ခေါ်သွင်းလာတာကြောင့် စစ်အုပ်စုတပ်သား နှစ်ရာနီးပါးရောက်ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ မိုးကုတ်မြို့နယ်အတွင်းက ကျောက်ဖားဂိတ်မှာ အင်အား ၃၀၊ အစိုးရရုံးတွေမှာ အင်အား ၄၀၊ အောက်အချုပ်မှာ အင်အား ၂၀၊ အပေါ်အချုပ်မှာ အင်အား ၅၀နဲ့ ပြောင်းပြင်ရွာထိပ်က ရတနာရှင်လုပ်ကွက်မှာ အင်အား ၃၀ ကျော် ရောက်ရှိနေပြီး အဲဒီ စစ်အုပ်စုတပ်သားတွေကို နိုဝင်ဘာလ ၂၀ ရက်နောက်ပိုင်းမှာ ခေါ်သွင်းလာတာလို့ ဆိုပါတယ်။ စစ်အုပ်စုတပ်တွေကို မိုးကုတ်မြို့နယ် ၁၅ မိုင်ကျော်ဝေးတဲ့ ပြင်ဦးလွင်၊ ရှမ်းလမ်းဆုံကတဆင့် TNLA က ခေါ်သွင်းလာတာဖြစ်ပြီး မြို့ရဲ့နေရာတော်တော်များများမှာ စိမ့်ဝင်နေပြီလို့ ဆိုပါတယ်။ ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေ…

  • မတ္တရာနယ်မြေအားလုံးကို စစ်တပ်ပြန်ထိန်းချုပ်နိုင်ပြီးနောက် စဥ့်ကူးအစပ်အထိ စစ်ကြောင်းတွေရောက်နေ

    မတ္တရာနယ်မြေအားလုံးကို စစ်တပ်ပြန်ထိန်းချုပ်နိုင်ပြီးနောက် စဥ့်ကူးအစပ်အထိ စစ်ကြောင်းတွေရောက်နေ

    မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေအားလုံးနီးပါးကို စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် စဥ့်ကူးမြို့နယ်အစပ်က ကျေးရွာတွေအထိ စစ်ကြောင်းတွေရောက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။ မတ္တရာမြို့နယ်မှာ တော်လှန်ရေးတပ်တွေနောက်ဆုံးထိန်းချုပ်ထားနိုင်တဲ့ ပတ်လည်အင်းရွာကို နိုဝင်ဘာ ၂၄ ရက်မှာ လက်လွှတ်ခဲ့ရပြီးတဲ့နောက် မတ္တရာမြို့နယ်တခုလုံးနီးပါး စစ်တပ်လက်အောက်ပြန်လည်ရောက်ရှိသွားတာလို့ ဆိုပါတယ်။ “ဟုတ်တယ်ဗျ ကျည်ဖောက်သံမကြားပဲ ပတ်လည်အင်းရသွားပါတယ်။ စကစဘက်က တိုက်ပွဲဖြစ်တာတော့ရှိတယ်။ ရှမ်းမင်းသမီးခေါ်ဝေါ်တဲ့နားဖြစ်ခဲ့တာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အစပ်မှာရှိတဲ့ ပတ်လည်အင်းရွာဟာ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်က စစ်ကော်မရှင်တပ်တွေအထိုင်ချတပ်စွဲခဲ့တဲ့ကျေးရွာဖြစ်ပြီး အဲ့ဒီရွာကို စစ်ကော်မရှင်တပ် စစ်ကြောင်းတွေက နိုဝင်ဘာ ၂၄ ရက် ညပိုင်းမှာ ပြန်လည်ဝင်ရောက်လာပြီး နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လကစတင်ကာ စစ်ကော်မရှင်တပ်က လေကြောင်း၊ ဒရုန်းနဲ့တိုက်ခိုက်မှုတွေအပြင် မန္တလေးအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တပ်တွေနဲ့ စစ်တပ်လက်အောက်ပြည်သူ့စစ်တွေ ပူးပေါင်းအင်အားထောင်ချီသုံးပြီး မတ္တရာမြို့နယ်အတွင်း ထိုးစစ်ဆင်လာခဲ့တာပါ။ စစ်ကော်မရှင်တပ်ရဲ့ထိုးစစ်တွေကြောင့်…