Category: News

  • တမူး၊ နမ့်မွန်းတားရွာတိုက်ပွဲ  စစ်တပ်စစ်​ကြောင်း လေကြောင်းပစ်ကူယူဆုတ်ခွာထွက်ပြေး

    တမူး၊ နမ့်မွန်းတားရွာတိုက်ပွဲ စစ်တပ်စစ်​ကြောင်း လေကြောင်းပစ်ကူယူဆုတ်ခွာထွက်ပြေး

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် တမူးမြို့နယ်မှ နမ့်မွန်းတားရွာအား ပြန်သိမ်းယူရန် စစ်ကောင်စီတပ်က အကြိမ်ကြိမ် စစ်ကြောင်းထိုးနေပြီး ယနေ့တိုက်ပွဲ၌လေကြောင်းမှ သုံးကြိမ် ဗုံးလာကြဲခဲ့သည်။ ဩဂုတ်လ ၈ရက်မနက်ပိုင်းတွင် နန်မွန်းတားရွာကိုနံနက် ၁၁နာရီ ၃၅မိနစ်၊ နေ့ခင်း ၁၂နာရီ ၃၅မိနစ်၊ ညနေ ၅နာရီ ၅၀မိနစ်တို့တွင် ဂျက်ဖိုက်တာဖြင့်ဗုံးလာကြဲခဲ့သည်။ သို့​သော်ကာကွယ်ရေးရဲဘော်များအထိခိုက်မရှိခဲ့ပေ။ နမ့်မွန်းတားရွာကို ဩဂုတ်လ ၅ရက်မှစ၍ စစ်တပ်က ပျူစောထီး၊ကသည်းသူပုန် များနှင့်အတူပူးပေါင်း၍အင်အားတစ်ရာကျော်ဖြင့် စစ်ကြောင်းထိုးလာသဖြင့်တိုက်ပွဲဖြစ်ခဲ့ပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ သို့သော် ဩဂုတ်လ ၅ရက်နောက်ပိုင်း နေ့စဥ်စစ်ကြောင်းထိုး​နေရာ သြဂုတ် ၈ ရက်တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပွားခဲ့သည်။ ရွာအားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အပြည့်အဝထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းသတင်းရင်းမြစ်တစ်ဦးကပြောသည်။ ” ၄ ရက်ကြာတိုက်ပွဲထဲမှာ ကိုယ့်ဘက်မှာ နည်းနည်းတော့ထိခိုက်တယ်။ စစ်ကောင်စီဘက်ကသေဆုံးတာတွေများတယ်။ လက်နက်ခဲယမ်း တွေလည်းရထားတယ်။ ဒီနေ့တိုက်ပွဲမှာ လေကြောင်းကနေလာပစ်ပြီး ဆုတ်ပြေးတာ”ဟုအဆိုပါသတင်းရင်းမြစ်ကပြောသည်။ နမ့်မွန်းတားရွာသည် ကလေး-တမူးအာရှလမ်းပေါ်တွင်တည်ရှိပြီးတမူးမြို့နှင့် ၁၂မိုင်အကွာ၌ရှိသည်။ နမ့်မွန်းတားရွာနှင့်တမူးမြို့ကြား…

  • ရုပ်ရှင်အစည်းအရုံးဝင်များ၏ ဇာတ်ကားကိုသာ ရိုက်ခွင့်ပြုမည်

    ရုပ်ရှင်အစည်းအရုံးဝင်များ၏ ဇာတ်ကားကိုသာ ရိုက်ခွင့်ပြုမည်

    ရုပ်ရှင်အစည်းအရုံးဝင် အနုပညာရှင်၊ အတတ်ပညာရှင်တွေပါဝင်တဲ့ ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ တေးသီချင်းတွေကိုသာ လာမယ့် အောက်တိုဘာ ၁ ရက်ကစပြီး ရိုက်ကူးခွင့် ပြုမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဩဂုတ် ၈ ရက်မှာ အသိပေး ကြေညာပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ ရုပ်ရှင်နဲ့ ဆက်စပ်လုပ်ငန်း လိုင်စင်တွေ လျှောက်ထားတဲ့အခါ ထောက်ခံချက်ပေးတာတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ရုံတင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲ၊ ဗီဒီယိုဇာတ်လမ်း၊ တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို စတာတွေ ရိုက်ကူးတဲ့အခါမှာလည်း ရိုက်ကူးခွင့်ပေးတာ ဆင်ဆာကြည့်ရှုပေးဖို့ ဆင်ဆာအဖွဲ့ကို ထောက်ခံတင်ပြတာ တွေကိုလည်း နိုင်ငံတော် တည်ဆဲဥပဒေတွေ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဖွဲ့စည်းပုံ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင် ရွက်ရတယ်လို့လည်း…

  • ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖယ်ရှားခြင်းကို စစ်အုပ်စု ဆက်တိုက်လုပ်လာ

    ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖယ်ရှားခြင်းကို စစ်အုပ်စု ဆက်တိုက်လုပ်လာ

    ဒေါ်အောင်ဆန်းစု၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်အား ဖယ်ရှားခြင်း အစီအစဉ်များကို စစ်အုပ်စုက ဆက်တိုက်လုပ်ဆောင်လာနေပြီး ယခုရက်ပိုင်းအတွင်း နေပြည်တော်နှင့် ပဲခူးမြို့ရှိ ကြေးရုပ်အချို့ ဖယ် ရှားခံလိုက်ရသည်။ ပဲခူးမြို့လည် လမ်းဆုံတွင်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို စစ်ကော်မရှင်က ယမန်နေ့ (ဩဂုတ်လ ၇ ရက်) ည ၁၂ နာရီမှ နံနက် ၁ နာရီအတွင်း ဖြိုချဖယ်ရှားသွားခဲ့ကြောင်း ပဲခူးမြို့ ဒေသခံများက ပြောသည်။ ဗိုလ်ချုပ်ကြေးရုပ် အောက်ခုံကို ဖြိုချဖျက်ဆီးခဲ့ပြီး ရုပ်ထုကို မည်သည့်နေရာသို့ သယ်ဆောင်သွားခဲ့ကြောင်း မသိရှိရသေးပေ။ ယင်း ရုပ်ထုကို ဖယ်ရှားရာတွင် ပဲခူးမြို့ တမြို့လုံး နီးပါးကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခဲ့ပြီး “ခိုးကြောင်ခိုးဝှက်” ဖယ်ရှားသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ဒီလုပ်ရပ်က အတော်ဆိုးတာပဲ၊ ကိုယ်တွေငယ်ငယ်က အားကစားနေ့တို့…

  • မန္တလေးတိုင်းအထက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေ
  • ရုရှားတပ်ရင်း ၁ ခုလုံးကို ချေမှုန်းခဲ့သည့် ယူကရိန်းအထူးတပ်ဖွဲ့

    ရုရှားတပ်ရင်း ၁ ခုလုံးကို ချေမှုန်းခဲ့သည့် ယူကရိန်းအထူးတပ်ဖွဲ့

    ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့မှ ထိပ်တန်းတပ်ဖွဲ့ဖြစ်သော တီမားအထူးတပ်ဖွဲ့သည် သူရဲကောင်းအဖြစ် သတ်မှတ်ခံနေရပြီဖြစ်သည်။ ယူကရိန်း၏ အကြောက်ရဆုံးအထူးတပ်ဖွဲ့အဖြစ် ကာလရှည်ရပ်တည်နေသည့် အထူးတပ်ဖွဲ့သည် စစ်ပွဲတွင် အရဲရင့်ဆုံး ချေမှုန်းမှုကို စတင်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ၊ ဆူမီဒေသတွင် မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့ပြီ ဖြစ်သည်။ အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များသည် ရုရှားရှေ့တန်းစစ်မျက်နှာနှင့်ဝေးရာ ရန်သူ့နေရာများကို စိမ့်ဝင်ထိုးဖောက်ပြီး ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ကာ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်စဥ် ကွပ်ကဲရေးဌာနများကို ဖျက်ဆီးနိုင်ခဲ့ပြီး ရုရှားတပ်ရင်းတခုလုံးကို ချေမှုန်းနိုင်ခဲ့သည့်အပြင် ရုရှား၏ထိုးစစ်ကိုလည်း ရပ်တန့်နိုင်ခဲ့ကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။ ရုရှားတပ်ဖွဲ့ဝင် ၃၃၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၅၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့(HUR) က ပြောကြားခဲ့သည်။ လျှို့ဝှက်လှုပ်ရှားလေ့ရှိသော အဆိုပါတပ်ဖွဲ့သည် ၄၁ လကြာ စစ်ပွဲအတွင်း အရှုပ်ထွေးဆုံးနှင့် မှတ်ကျောက်အတင်ထိုက်ဆုံး စစ်ဆင်ရေးအချို့ကို ဆင်နွှဲခဲ့ပြီး ချီးကျူးဂုဏ်ပြုခံနေရကာ ယူကရိန်းတွင် ဒဏ္ဍာရီဆန်ဆန်ဂုဏ်ပုဒ်ကို…