Category: News
-

အထူးဒေသ ၁ တွင် ကိုးကန့်ဒေသနှင့်မုံးကိုးခရိုင်ကို MNDAA က အပြည့်အ၀ ပြန်လည် ထိန်းချုပ်
အထူးဒေသ ၁ တွင် ကိုးကန့်ဒေသနှင့်မုံးကိုးခရိုင်ကို MNDAA က အပြည့်အ၀ ပြန်လည် ထိန်းချုပ်နိုင်သည့် အပြင် သိန္နီနှင့်ကွတ်ခိုင်ဒေသများတွင်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးမှ မရှိတော့ဘဲ လွတ်မြောက်လာခဲ့ပြီဟု ကြေညာ မြန်မာနိုင်ငံ၏ အထူးဒေသ ၁ တွင် ကိုးကန့်ဒေသနှင့်မုံးကိုးခရိုင်ကို MNDAA က အပြည့်အ၀ ပြန်လည် ထိန်းချုပ်နိုင်သည့် အပြင် သိန္နီနှင့်ကွတ်ခိုင်ဒေသများတွင်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးမှမရှိတော့ဘဲ လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း MNDAA က ထုတ်ပြန်ကြေညာသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ MNDAA ၏ နန်ထင်မိန် (Nantingmen) တောင်ကုန်းကို အောင်မြင်စွာ ချီတက်သိမ်းပိုက်နိုင်ခဲ့သည့် နေ့ထူးနေ့မြတ်တွင် MNDAA က အထက်ပါအတိုင်း ကြေညာခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၅…
-

နတ်တလင်း၊ ဇီးကုန်းနှင့် မင်းလှမြို့နယ်ရှိ စစ်တပ် စခန်းများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်
နတ်တလင်း၊ ဇီးကုန်းနှင့် မင်းလှမြို့နယ်ရှိ စစ်တပ် စခန်းများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄၀ ဦး သေဆုံး ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် မင်းလှမြို့နယ်ရှိ စစ်တပ် စခန်းများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄၀ ဦး သေဆုံးခဲ့ကြောင်း အမှတ် ၃၈၀၁ တပ်ရင်း ၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ (YOMA GBK PDF) နှင့် သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောဆိုသည်။ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် အစောပိုင်းတွင် နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် မင်းလှမြို့နယ် အတွင်းရှိ အကြမ်းဖက် အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်…
-

နိုင်ငံတကာအဖွဲ့အစည်းများမှ အမေရိကန် နုတ်ထွက်မှု မြန်မာအပေါ် သက်ရောက်မှုရှိနိုင်
နိုင်ငံတကာ အဖွဲ့အစည်း ၆၀ ကျော်ကနေ အမေရိကန် နုတ်ထွက်သွားမှုနဲ့အတူ ရန်ပုံငွေထောက်ပံ့မှုတွေလည်း ရပ်ဆိုင်းမှာဖြစ်တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေရှိလာနိုင်သလို မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့လည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပြောပါတယ်။ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်း ၃၁ ခု၊ တခြားအဖွဲ့အစည်း ၃၅ ခု၊ စုစုပေါင်း နိုင်ငံတကာအဖွဲ့အစည်း ၆၆ ခုကနေ အမေရိကန်ပြည်ထောင်စုနုတ်ထွက်ကြောင်း သမ္မတဒေါ်နယ်ထရမ့်ပ်က ဒေသစံတော်ချိန် ဇန်နဝါရီ ၇ ရက်နေ့ မှာ အမိန့်စာထုတ်ပြန်ခဲ့တာပါ။ ဒီနုတ်ထွက်မှုကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့နဲ့ရပ်တည်နေရတဲ့ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် တိုက်ရိုက်သက်ရောက်မှုတွေ ရှိလာနိုင်သလို သွယ်ဝိုက်သက်ရောက်မှုတွေလည်း ရှိလာနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ကလေးသူငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုအရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်အရေး၊ ဒီမိုကရေစီအရေးတွေမှာ တိုက်ရိုက်သက်ရောက်မှုတွေ ရှိလာနိုင်ပြီး…
-

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲ မသမာမှု စစ်တပ်ဩဇာခံ UEC ဖြေရှင်းမပေး
စစ်ကောင်စီပြုလုပ်တဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ မဲပေးစက်ပြဿနာတွေ၊ ကြိုတင်မဲကိစ္စတွေနဲ့ မဲမသမာမှုတွေရှိခဲ့ပေမဲ့ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ပြေလည်အောင်မဖြေရှင်းဘဲ ရွေးကောက်ပွဲနောက်အပိုင်းတွေကျမှ ပိုကောင်းအောင်ပြုလုပ်မယ်လို့ပြောဆိုတဲ့ အပေါ် ဝေဖန်ခံနေရပါတယ်။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့က မဲရုံတွေထဲမှာလည်း မဲပေးစက်အခက်အခဲတွေနဲ့ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးတပါတီတခုတည်းကိုပဲ ခလုပ်နှိပ်ပြီး မဲပေးခဲ့ရတဲ့ မသမာမှုတွေရှိခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီလိုမဲမသမာမှုရှိခဲ့တဲ့အပေါ် ကော်မရှင်က ဖြေရှင်းချက်မပေးဘဲ နောက်အပိုင်းတွေမှသာ အဆင်ပြေအောင် လုပ်ပေးမယ်ဆိုတာ မရိုးသားဘူးလို့ ထားဝယ်မြို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)က ကိုမင်းလွင်ဦးက ပြောပါတယ်။ “ကျနော်တို့ နားလည်တာက သူတို့ မဲလိမ်မဲခိုးတာကို သူတို့စက်ချွတ်ယွင်းလို့ အားနည်းချက် တစုံတရာရှိသွားလို့ ဆိုတဲ့ဟာမျိုး ဖာထေးပြီးတော့ပြောတယ်လို့ နားလည်တယ်။ ဒါပေမဲ့ အရမ်းကို ထင်သာမြင်သာရှိတာက မဲပေးရင်းနဲ့မှ စက်က USDP တခုတည်းကိုပဲ…
-

“တော်လှန်ရေး”စကားလုံးသုံးနှုန်းမှုဖြင့် ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းကို ထောင်ဒဏ် ၁ နှစ် ချ
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာမှာ တော်လှန်ရေးဆိုတဲ့ စကားလုံးကို သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီရဲ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၁ နှစ် ချလိုက်တယ်လို့ ပါတီဝင်တွေဆီက သိရပါတယ်။ ဇန်နဝါရီ ၈ ရက် မနက် ၁၁ နာရီခွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ရွေးကာဥပဒေပုဒ်မ ၅၈(ဂ) အရ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် ချလိုက်တာလို့ ပါတီဝင်တယောက်က DVB ကို ပြောပါတယ်။ “ဒီဇင်ဘာလ ၂၃ ရက်ကတည်းက တရားရင်ဆိုင်နေရတာ၊ အဲဒီကတည်းက အမိန့်ချလို့ရတယ်။ အမိန့်ချလိုက်ရင် ရုပ်ပျက်ဆင်းပျက်ဖြစ်မှာစိုးလို့ ဝင်ပြိုင်ခိုင်းပြီး ရွေးကောက်ပွဲပြီးမှ အမိန့်ချတာ။ ထောင်ဒဏ် ၁ နှစ်ကို အလုပ်ကြမ်းပါ ထည့်ပြီးချတာ။” သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း…