Category: News

  • ဆားလင်းကြီး မတောင်းတတိုက်နယ်ဆေးရုံကို စစ်တပ်ကဗုံးကြဲ၊ ပြည်သူ ၃ ဦး သေဆုံး

    ဆားလင်းကြီး မတောင်းတတိုက်နယ်ဆေးရုံကို စစ်တပ်ကဗုံးကြဲ၊ ပြည်သူ ၃ ဦး သေဆုံး

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အနောက်ခြမ်း မတောင်းတတိုက်နယ်ဆေးရုံပေါ်ကို စစ်ကောင်စီက ဝေဟင်ကနေ ဗုံးကြဲတာကြောင့် ပြည်သူ ၃ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတောင်းတတိုက်နယ်ဆေးရုံကို ဇန်နဝါရီ ၄ ရက် နေ့ နေ့လယ် ၂ နာရီလောက်မှာ နမခ စစ်တပ်အတွင်းကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ရွာသားတယောက်က “ဗုံးသီးက ၃ လုံးချတာ။‌ ဆေးရုံပေါ်ကို ကျတာ။‌ ဆေးကုသခံယူ‌နေတဲ့ ပြည်သူ‌မြေးအဘိုး ၂ ယောက်၊ ဆရာဝန်တယောက် စုစုပေါင်း ‌‌‌‌‌‌‌၃ ယောက် သေဆုံးတာဗျ။ ထိခိုက်သူ‌တွေလည်း များတယ်။ လုံခြုံ‌ရေးအရ ချက်ချင်း နေရာပြောင်းရွှေ့ရလို့ ဒဏ်ရာရသူဦးရေကိုတော့ အတိအကျမပြောနိုင်ဘူး” လို့ ပြောပါတယ်။ မတောင်းတတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က ၂၀၂၅…

  • ကျောက်ဖြူတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

    ကျောက်ဖြူတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

    ကျောက်ဖြူတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်ကအကျအဆုံးများဖြင့် နောက်ဆုတ်ပေးနေရ “အကြမ်းဖက်စစ်တပ်က အထိနာပြီး နောက်ဆုတ်ပြေးတယ်။ အာရက္ခတပ်တော်AAက လိုက်တိုက်တော့တိုက်ပွဲ နေရာအနှံ့ပြန်လည်ကျယ်ပြန့်လာတဲ့အနေအထားရှိတယ်။ AAက အပြင်းထန်ဆုံး ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်” ‌‎ ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင် အနီးဝန်းကျင်မှာ အာရက္ခတပ်တော်(AA)နှင့်အကြမ်းဖက်စစ်တပ်ရဲ့တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်က အရာရှိတွေအပါအဝင် အကျအဆုံးများနေကာ နေရာတစ်ခုပြီး တစ်ခု နောက်ဆုတ်နေရသည်ဟု ဒေသခံ စစ်ရေးရင်းမြစ် တစ်ဦးက ပြောကြားသည်။ “ စစ်တပ်က အထိနာပြီး နောက်ဆုတ်ပြေးတယ်။ AAက လိုက်တိုက်တော့တိုက်ပွဲ နေရာအနှံ့ပြန်လည်ကျယ်ပြန့်လာတဲ့အနေအထားရှိတယ်။ AAက အပြင်းထန်ဆုံး ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်” ဟု ပြောသည်။ ထိုသို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေသဖြင့် ကျောက်ဖြူကို အေအေက သိမ်းလိုက်ပြီဟု သတင်းများ အွင်လိုင်းတွင် ပျံ့နှံ့လာသော်လည်း…

  • လွတ်လပ်ရေးနေ့ အလံထောင်ရန် ငြင်းဆန်သူကို ရဲနှင့် စစ်တပ်က ရိုက်နှက်၊ ဖမ်းဆီး

    လွတ်လပ်ရေးနေ့ အလံထောင်ရန် ငြင်းဆန်သူကို ရဲနှင့် စစ်တပ်က ရိုက်နှက်၊ ဖမ်းဆီး

    ရန်ကုန်တိုင်းအတွင်း အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးက နေအိမ်တွေကို အတင်းအကျပ် နိုင်ငံတော် အလံထောင်ခိုင်းနေသလို ငြင်းဆန်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇန်နဝါရီ ၃ ရက် ညနေပိုင်းက ရွှေပြည်သာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်မှာ အလံထောင်ဖို့ လာပြောတဲ့ ရပ်ကွက်ရာအိမ်မှူးကို ‘မထောင်ရင် ဘာလုပ်မှာလဲ’ လို့ ပြန်မေးခဲ့တဲ့ အမျိုးသားတယောက်ကို ရဲနဲ့ စစ်တပ်က လာရောက်ဖမ်းဆီး ရိုက်နှက်ခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူကပြောပါတယ်။ “ညနေ ၃ နာရီ လောက်ပေါ့။ အလံထောင်ရမယ်၊ ဝယ်ထားတာ မရှိရင် သူတို့ဆီက ဝယ်ရမယ်ဆိုပြီး လာပြောတာ။ အဲဒါကို မထောင်ရင် ဘာလုပ်မှာလဲလို့ ပြန်မေးလို့။ ဘာလုပ်မလဲ သိရမယ်ဆိုပြီး တအောင့်နေတော့ လာဖမ်းသွားတာ” ဇန်နဝါရီ ၄ ရက် ၇၈…

  • မာဒူရိုနှင့် ဇနီးအား ချက်ချင်း ပြန်လွှတ်ပေးရန် တရုတ် တောင်းဆို

    မာဒူရိုနှင့် ဇနီးအား ချက်ချင်း ပြန်လွှတ်ပေးရန် တရုတ် တောင်းဆို

    ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်မှ အမေရိကန် တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရပြီးနောက် လက်ရှိတွင် အမေရိကန်၌ ထိန်းသိမ်းခံထားရသည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးဖြစ်သူတို့ကို ချက်ချင်း ပြန်လွှတ်ပေးရန် တရုတ်နိုင်ငံက ယနေ့တွင် တောင်းဆိုလိုက်သည်။ “သမ္မတ မာဂျုရိုနဲ့ ၎င်းရဲ့ဇနီးတို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို အာမခံပေးဖို့၊ သူတို့ကို ချက်ချင်း ပြန်လွှတ်ပေးဖို့၊ ဗင်နီဇွဲလားအစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းနေမှုတွေကို ရပ်တန့်ဖို့နဲ့ ဒီပြဿနာကိုတွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ အမေရိကန်ကို တရုတ်နိုင်ငံက တောင်းဆိုပါတယ်” ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံနှင့် ယင်းနိုင်ငံ၏ သမ္မတအပေါ် အမေရိကန်ပြည်ထောင်စု၏ ပြောင်ပြောင်တင်းတင်း အင်အားသုံး လုပ်ဆောင်ချက်အပေါ် တရုတ်နိုင်ငံအနေဖြင့် အလွန်အမင်း တုန်လှုပ်မိသလို…

  • ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်

    ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်

    ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း CNA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့ ကလေးမြို့ဘက်မှ ဖလမ်းမြို့ဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို CNA အပါအဝင် ချင်းတော်လှန်ရေး တပ်ပေါင်းစုက ခွမ်ကလေးရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁၀ ဦးသေဆုံးကာ…