Category: News
-

KNA ကို မြဝတီမြို့မှ နှင်ထုတ်ခြင်းအပြင် ကရင်လက်နက်ကိုင် ၃ ဖွဲ့အား စစ်အုပ်စု ညွှန်ကြားချက်ထုတ်
KNA ကို မြဝတီမြို့မှ နှင်ထုတ်ခြင်းအပြင် ကရင်လက်နက်ကိုင် ၃ ဖွဲ့အား စစ်အုပ်စု ညွှန်ကြားချက်ထုတ် ကရင်နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်းထားသည့် ကရင်အမျိုးသားတပ်မတော်-KNA တပ်ဖွဲ့များကို မြဝတီမြို့မှ နှင်ထုတ်ခြင်းအပြင် မြို့တွင်းရှိ ကရင်လက်နက်ကိုင် (၃)ဖွဲ့အား စစ်အုပ်စုက အချက် ၄ ချက်ပါသည့် ညွှန်ကြားချက်ထုတ်လိုက်သည်။ မြဝတီမြို့ရှိ သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့ ၏ ဆက်ဆံရေးရုံးများနှင့် စစ်အုပ်စု တပ်မ ၂၂ တပ်မမှူးတို့ ဇန်နဝါရီ(၁၉)ရက်နေ့က တွေ့ဆုံမှုတွင် ထိုသို့ ညွှန်ကြားလိုက်ခြင်းဖြစ်သည်ဟု သိရသည်။ စစ်အုပ်စု တပ်မမှူး ညွှန်ကြားစာအရ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ၊ ငြိမ်းချမ်းရေးကောင်စီ-PC နှင့် BGF တို့၏ မြဝတီမြို့တွင်းရှိ တပ်ဖွဲ့ဝင်တစ်ဦးချင်းစာရင်းကို ဇန်နဝါရီ(၂၄)ရက်နောက်ဆုံးထား ထံပို့ဆောင်ရမည်ဖြစ်ပြီး မြို့လုံခြုံရေးအတွက် လက်နက်ကိုင်(၃)ဖွဲ့လုံး စစ်အုပ်စုနှင့်ပူး ပေါင်းဆောင်ရွက်ရမည်ဟုပါ ဆိုထားသည်။…
-

နဘားရွာက မီးရထား CDMဝန်ထမ်း ၈ဦးကို ပကဖအဖွဲ့က ဖမ်းဆီးရိုက်နှက်စစ်ဆေး
အင်းတော်မြို့နယ်၊ နဘားရွာက မီးရထား CDMဝန်ထမ်း ၈ဦးကို ပကဖအဖွဲ့က ဖမ်းဆီးရိုက်နှက်စစ်ဆေးပြီး အကျယ်ချုပ်ချထား အင်းတော်မြို့နယ်၊ နဘားကျေးရွာက CDM မီးရထားဆေးမှူးနဲ့ဝန်ထမ်း စုစုပေါင်း (၈)ဦးကို အင်းတော်အရှေ့ခြမ်းတိုက်နယ် ပြည်သူ့ကာကွယ်ရေး(ပကဖ)အဖွဲ့က ဖမ်းဆီးရိုက်နှက်စစ်ဆေးပြီးနောက် အကျယ်ချုပ်ချထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ နဘားကျေးရွာရဲ့ ဓာတ်ပုံတွေပျံ့နှံ့လာတာကြောင့် လုံခြုံရေးသတင်းပေါက်တယ်ဆိုတဲ့သံသယနဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီလောက်မှာ CDM ဝန်ထမ်းတွေကို ဖမ်းဆီးပြီးရိုက်နှက်စစ်ဆေးခဲ့ကြောင်း နဘားကျေးရွာဒေသခံသုံးဦးက အတည်ပြုပြောဆိုပါတယ်။ “ဖမ်းတာက နဘားဘက်ကနေသတင်းပေါက်တယ်ဆိုပြီး စွပ်စွဲပြီး သံသယနဲ့ ဖမ်းသွားတာ။ ပေါက်တာကို သေချာရှာမစစ်ပဲနဲ့ အသလွတ်ကြီး ဖမ်းသွားတာ။ အဲ့ထဲမှာ မီးရထားဆေးမှူးက ပညာတတ်တော့ သူတို့(ပကဖ)ကို ချက်နဲ့ လက်နဲ့ ဒဲ့ပြောတော့ အဲ့လိုပြောရမလားဆိုပြီး မျက်နှာကိုလက်သီးနဲ့ တစ်ချက်ထိုးတယ်။…
-

“လာရဲတဲ့ PDF လာခဲ့” ဟု စိန်ခေါ်ထားသော စစ်တပ်ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် လင်မယား ပစ်ခတ်ခံရပြီး သေဆုံး
တောင်တွင်းကြီးတွင် ကြံ့ဖွတ်ပါတီ ဆိုင်းဘုတ်ထောင်၍ “လာရဲတဲ့ PDF လာခဲ့” ဟု စိန်ခေါ်ထားသော စစ်တပ်ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် လင်မယား ပစ်ခတ်ခံရပြီး သေဆုံး မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ကြံ့ဖွတ်ပါတီ ဆိုင်းဘုတ်ထောင်၍ “လာရဲတဲ့ PDF လာခဲ့” ဟု စိန်ခေါ်ထားသော စစ်တပ် ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် လင်မယားကို ပစ်ခတ် တိုက်ခိုက်ခံရပြီး ၂ ဦးလုံးသေဆုံးခဲ့ကြောင်း မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုချောင်ဖုန်းက ပြောဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် တောင်တွင်းကြီးမြို့နယ်၊ တလုတ်ကုန်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် မြင့်စိန်နှင့် မယား လှကြည်တို့ကို ၎င်းတို့ နေအိမ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာ ၂…
-

ဗိုလ်မှူးချုပ် သန့်ထင်စိုးအတွက် စစ်တပ်အရာရှိငယ်အချို့ စမူဆာ လိုက်ရောင်းပေးနေရ
ဟိုပုံးကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုးအတွက် စစ်တပ်အရာရှိငယ်အချို့ စမူဆာ လိုက်ရောင်းပေးနေရ စစ်မှုထမ်းလူသစ်များကို လေ့ကျင်သင်ကြားပေးသည့် စစ်ကောင်စီ၏ ကျောင်းတစ်ကျောင်းဖြစ်သည့် ရှမ်းတောင်၊ ဟိုပုံးမြို့မှာရှိတဲ့ စစ်တပ် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သန့်ထင်စိုးက ကျောင်းအတွင်း မုန့်ဆိုင်ဖွင့်ထားရာ ၎င်းလက်အောက်ရှိ စစ်တပ်အရာရှိငယ်အချို့က ကျောင်းအုပ်ကြီးရောင်းသည့် စမူဆာကို စစ်မှုထမ်းသင်တန်းသားများထံ လိုက်လံရောင်းချပေးနေရကြောင်း ဟိုပုံးကျောင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။ ကိုးကန့်တပ်ဖွဲ့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် ဗိုလ်မှူးချုပ်သန့်ထင်စိုးသည် ကျောင်းအတွင်း စစ်မှုထမ်းသင်တန်းသားများ၏ လစာထဲမှ အားကစားဝတ်စုံ၊ အဝတ်အစား၊ ပေါက်တူး၊ ရေချိုးစီးဖိနပ်စသည့် ပစ္စည်းများ အကြောင်းပြကာ ဖြတ်တောက်နေသည့်အပြင် ကျောင်းအတွင်း မုန့်ဆိုင်ဖွင့်ပြီး ပေါင်မုန့်ကြက်ဥကြော်၊ ဂျုံလုံးကြော်စသည်တို့ကို မဝယ်မနေရ ရောင်းချကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ကျောင်းအုပ်ကြီး စမူဆာ၊ ကျောင်းအုပ်ကြီး ပေါင်မုန့်ကြက်ဥကြော်၊…
-

နာရေးအိမ်ကို စစ်တပ်ဗုံးကြဲ
ဗန်းမော်မှာ နာရေးအိမ်ကို စစ်တပ်ဗုံးကြဲပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး အများအပြားဒဏ်ရာရ ဗန်းမော်မြို့ရဲ့ဧရာဝတီမြစ်တစ်ဘက်ကမ်းမှာ ဒေသခံပြည်သူတွေက နာရေးအခမ်းအနားတစ်ခုအတွက် ဆုတောင်းပွဲလုပ်နေစဉ် အာဏာသိမ်းစစ်တပ်က ဗုံးကြဲလို့ ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင်ပြည်သူ ၂၀ ဦးမနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ကောင်ဂျာရွာအုပ်စု၊ ထီးလင်းကျောင်းရှေ့မှာ ဇန်နဝါရီ ၂၂ ရက်ညနေပိုင်းပြုလုပ်နေတဲ့ဆုတောင်းပွဲကို ညနေ ၄နာရီ ၃၀မိနစ်ခန့်မှာ စစ်တပ်ကဗုံးကြဲသွားတာလို့ ကချင်သတင်းရင်းမြစ်တွေကပြောပါတယ်။ “ဗန်းမော်နယ်ကိုဒီနေ့၄ကြိမ် ဗုံးကြဲတာပါ။ထီလင်းကျောင်းရှေ့မှာက ဒေသခံတွေ ဆုတောင်းပေးလုပ်နေတာ။အဲဒီနေရာကိုကြဲသွားတာ။ ရုပ်အလောင်း တချို့တစ်စစီပဲ။ သေဆုံးတာ ၂၀ထက် မနည်းပါဘူး။ စိစစ်နေဆဲပါပဲ”လို့ ၎င်းကပြောပါတယ်။ ဒါအပြင်ဒဏ်ရာရသူအရေအတွက်လည်းများပြားပြီး အရေးပေါ်ဆေးကုသမှုတွေပြုလုပ်နေတယ်လို့ဒေသခံအချို့ပြောပါတယ်။ ဗန်းမော်မြို့ပေါ်မှာတိုက်ပွဲပြင်းထန်နေပေမယ့် စစ်ကောင်စီဗုံးကြဲတဲ့ကောင်ဂျာကျေးရွာအုပ်စုမှာ တိုက်ပွဲလုံးဝရှိမနေဘူးလို့ ဆိုပါတယ်။ ကျေးရွာမှာဒေသခံတွေအပြင် စစ်ဘေးရှောင်ပြည်သူတွေလာရောက်ခိုလှုံနေကြတာလည်းရှိတယ်လို့သိရပါတယ်။ ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ အသေးစိတ် မသိရသေးဘဲ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ထံလည်း ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီ ဗုံးကြဲတဲ့နေရာဟာဒေသခံတစ်ဦးကွယ်လွန်လို့ မနက်ဖြန်မှာ…