Category: News

  • တိုက်ပွဲဝင် အချစ်ဇာတ်လမ်း

    တိုက်ပွဲဝင် အချစ်ဇာတ်လမ်း

    ” အစ်ကို….နာသေးလား ဟင်….” အေးသီက သူ့အစ်ကို မျိုးစစ်ကို ဒဏ်ရာများအား ဆေးထည့်ပေးရင်း လှမ်းမေး၏။ မျိုးစစ် အံကို တင်းတင်းကြိတ်သည်။ ” သက်သာနေပါပြီ…. ညီမလေးရယ်…. တောက်…. ဒီကောင်ငဘ တမင်ယုတ်မာတာ…. ဒီကောင် ငါ့ကို ရန်ငြိုးထားပြီး တမင်ချောက်ချတယ်… ဆိုတာ… ငါသိတယ်…. အေးသီ….” ” အစ်ကိုရယ်…. ဒေါသမထွက်ပါနဲ့…. သူ့အကုသိုလ်နဲ့သူသွားမှာပါ….” အေးသီက ဂွမ်းကို အရက်ပျံညှစ်ချပေးရင်း ပတ်တီးစည်းပေးရင်း သူ့အစ်ကိုအား နှစ်သိမ့်သည်။ မျိုးစစ်မှာ တောက်တခေါက်ခေါက်နှင့် ငဘနှင့် ဂျပန်တွေကို စက်ဆုပ်ရွံရှာ မုန်းတီးသွားသည်။ ” နေနှင့်ဦးပေါ့ ငဘရာ…. ကံကြမ္မာဟာ ဘယ်တော့မှ မျက်နှာမလိုက်ပါဘူး….” အေးသီ မျိုးစစ်ကိုကြည့်ရင်း ပင့်သက်ကို ရှူသွင်းလိုက်သည်။ နာကျင်သော သက်ပြင်းမောကို အရှည်ကြီးချသည်။ လပြည့်ညဖြစ်သည်။…

  • နစ်နာသူ ရဲ့သူငယ်ချင်းရေးထားတဲ့စာ

    နစ်နာသူ ရဲ့သူငယ်ချင်းရေးထားတဲ့စာ

    သမီးကခု AMT မှာလက်ရှိတက်နေတာပါ ဖြစ်တာကလည်းသမီးတို့သူငယ်ချင်းပါ ဖြစ်ပုံက ၁၅ ရက်နေ့ မနက်ပိုင်း ကျောင်းသွားတည်းက သူငယ်ချင်းက နေမကောင်းပါဘူး မနေ့ညက သမီးတို့အကုန်မနက် ၃ နာရီထိ စာလုပ်ထားတော့ မနက်ကျောင်းသွားတော့ ခေါင်းမူးပြီး သူက နေလို့အဆင်မပြေဘူး နေ့လည် ထမင်းစားဆင်းရင် အဆောင်ဖက်ပြန်ပြီး နေ့တစ်ပိုင်းလောက် ပြန်အိပ်မှရမယ်ဆိုပြီး သမီးတို့ကိုပြောတယ် ဖြစ်သွားတာကလည်း သူအဲ့ဒီပြန်တဲ့ အချိန် သူ့ကို ပိုက်ဆံသိန်း၂၀ လည်းတောင်းပါတယ်ပြီးတော့ ဓာတ်ပုံတွေကောအတင်းရိုက်ပြီး သားမယားပြုကျင့်တာပါ သူငယ်ချင်းကစတည်းကနေလည်းမကောင်းတာ မို့ ဒီလိုဖြစ်တဲ့ချိန်မှာဘယ်လောက်ထိ ခံစားနေရမယ်ဆိုတာ ပြောတောင်မပြတတ်တော့ဘူး ညနေကျောင်းဆင်းသမီးတို့ပြန်လာတဲ့ချိန်မှာ ကုတင်အောက်လေးမှာ အိမ်ပြန်ချင်တယ်” ကြောက်တယ် ဆိုပြီးတစ်ကိုယ်လုံးတုန်ပြီး အဲ့စကားတွေပဲအထပ်” ပြောနေတာ သမီးတို့ဆို ဘာမှမသိသေးတာတောင် သူ့ပုံစံကိုမြင်ပြီး သနားလို့မျက်ရည်တွေပါကျတယ် နောက်တော့ ၁၆ ရက်နေ့မှာ အုပ်ကြီးတို့ ဒီကိစ္စကို…

  • ဇန်နဝါရီ ၂၁ မှစ၍ အအေးပိုမည်၊ အပူချိန် ၄ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်

    ဇန်နဝါရီ ၂၁ မှစ၍ အအေးပိုမည်၊ အပူချိန် ၄ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်

    တရုတ်မှ အလယ်အလတ်အဆင့် လေဖိအားများရပ်ဝန်းသစ် ဝင်ရောက်လာမည်ဖြစ်၍ ကြိုတင်ပြင်ဆင် ထားရန် ထိုင်းမိုးလေဝသဌာန (TMD) က ၂၀၂၆ ဇန်နဝါရီ ၁၉ ရက်တွင် သတိပေးချက် ထုတ်ပြန်လိုက် သည်။ ယင်းလေအေးများသည် ထိုင်းနိုင်ငံအထက်ပိုင်းနှင့် တောင်တရုတ်ပင်လယ်ပြင်သို့ ပျံ့နှံ့ရောက်ရှိလာမည် ဖြစ်ရာ ဇန်နဝါရီ ၂၁ ရက်မှ ၂၅ ရက်အတွင်း ဒေသအများစုတွင် အပူချိန် နှစ် မှ လေး ဒီဂရီစင်တီဂရိတ်အထိ သိသိသာသာ ကျဆင်းသွားနိုင်သည်။ ထိုင်းနိုင်ငံအထက်ပိုင်းတွင် ဦးစွာ အပူချိန် တ ဒီဂရီစင်တီဂရိတ် မှ သုံး ဒီဂရီစင်တီဂရိတ်ခန့်အတွင်း ကျဆင်းပြီး အေးမြသော ရာသီဥတု ဖြစ်ပေါ်မည်ဖြစ်သည်။ ထိုင်းမြောက်ပိုင်း နံနက်ပိုင်းတွင် မြူထူထပ်ပြီး အေးမြမည်ဖြစ်သည်။ အနိမ့်ဆုံးအပူချိန် ၁၁ မှ ၁၈ ဒီဂရီ…

  • ကသာကို ဆက်တိုက်ဗုံးကြဲ

    ကသာကို ဆက်တိုက်ဗုံးကြဲ

    စစ်ကိုင်းတိုင်း ကသာမြို့ကို စစ်ကော်မရှင်က နေ့စဥ် လေကြောင်းဗုံးကြဲလျက်ရှိရာ စေတီကုန်း၊ မိဿလင်၊ နတ်ရေတွင်း၊ ကြံတော၊ အောင်ပုံ စသည့် ကျေးရွာနှင့် ရပ်ကွက်များ မီးလောင်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ၂၀၂၅ ဒီဇင်ဘာ ၂၇ ရက်မှစ၍ တော်လှန်ရေးတပ်များက ကသာမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသလို စစ်တပ်ဘက်မှ Y 12၊ ဂျက်ဖိုက်တာများအပြင် ဒရုန်းများဖြင့်ပါ နေ့စဥ် ဗုံးကြဲတိုက်ခိုက်နေခြင်း ဟု ဆိုသည်။ ဒေသခံတဦးက ”မြို့တွင်းကွက်ကွက်လေးပဲ မပျက်စီးဘဲ ကျန်တော့တယ်။ စေတီကုန်း၊ မိဿလင်ဘက်ဆိုရင် ဟင်းလင်းပြင် ဖြစ်နေပြီ။ ကသာမြို့က ကြိုဆိုပါ၏ ဆိုင်းဘုတ်လောက်မှာပဲ ကောင်းတာလေး ကွက်ကွက်လေးကျန်နေတယ်။ တိုက်ပွဲက ၇ ရက်နေ့ တရက်ပဲနားပြီး ထပ်ဖြစ်နေတာ။ နေ့တိုင်းဗုံးကြဲနေတာ”ဟု ပြောသည်။ ကသာမြို့တွင်…

  • ရန်ကုန်တွင် ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်ခဲ့

    ရန်ကုန်တွင် ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်ခဲ့

    ရန်ကုန်တွင် ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီး ပြည်သူများ သိသာစွာ ခံစားခဲ့ရ၊ မိုးညိုမြို့အနီး ဗဟိုပြုသော အင်အား ၄.၅ အဆင့်ရှိ ငလျင်တစ်ခုဖြစ် ရန်ကုန်မြို့တွင် ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီး သိသာစွာ ခံစားခဲ့ရကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် ရန်ကုန်မြို့၌ ငလျင်လှုပ်ခတ်ခဲ့ပြီး မြို့နယ် အများအပြားမှ ပြည်သူများ သိသာစွာခံစားခဲ့ရကြောင်း၊ ထို့ပြင် အထပ်မြင့်တိုက်ပေါ်တွင် နေထိုင်သော ပြည်သူများလည်း လမ်းမပေါ် ပြေးဆင်းမှုများ ရှိကြောင်း သိရသည်။ “ငလျင်လှုပ်တာ အိမ်က ရမ်းနေတာ ပထမတော့ ခေါင်းမူးနေတယ်ထင်တာ ရပ်ကွက်ထဲ ငလျင်လှုပ်တယ် အော်တော့မှ အိမ်ပေါ်ကနေ ပြေးဆင်းရတယ်။ အိမ်တွေလည်း ရမ်းသွားတယ်။ အထပ်မြင့်တိုက်ပေါ်က…