သမီးကခု AMT မှာလက်ရှိတက်နေတာပါ

ဖြစ်တာကလည်းသမီးတို့သူငယ်ချင်းပါ

ဖြစ်ပုံက ၁၅ ရက်နေ့ မနက်ပိုင်း ကျောင်းသွားတည်းက သူငယ်ချင်းက နေမကောင်းပါဘူး

မနေ့ညက သမီးတို့အကုန်မနက် ၃ နာရီထိ စာလုပ်ထားတော့ မနက်ကျောင်းသွားတော့ ခေါင်းမူးပြီး သူက နေလို့အဆင်မပြေဘူး

နေ့လည် ထမင်းစားဆင်းရင် အဆောင်ဖက်ပြန်ပြီး နေ့တစ်ပိုင်းလောက် ပြန်အိပ်မှရမယ်ဆိုပြီး သမီးတို့ကိုပြောတယ်

ဖြစ်သွားတာကလည်း သူအဲ့ဒီပြန်တဲ့ အချိန် သူ့ကို ပိုက်ဆံသိန်း၂၀ လည်းတောင်းပါတယ်ပြီးတော့

ဓာတ်ပုံတွေကောအတင်းရိုက်ပြီး သားမယားပြုကျင့်တာပါ

သူငယ်ချင်းကစတည်းကနေလည်းမကောင်းတာ မို့ ဒီလိုဖြစ်တဲ့ချိန်မှာဘယ်လောက်ထိ ခံစားနေရမယ်ဆိုတာ ပြောတောင်မပြတတ်တော့ဘူး

ညနေကျောင်းဆင်းသမီးတို့ပြန်လာတဲ့ချိန်မှာ ကုတင်အောက်လေးမှာ အိမ်ပြန်ချင်တယ်” ကြောက်တယ် ဆိုပြီးတစ်ကိုယ်လုံးတုန်ပြီး အဲ့စကားတွေပဲအထပ်” ပြောနေတာ သမီးတို့ဆို ဘာမှမသိသေးတာတောင် သူ့ပုံစံကိုမြင်ပြီး သနားလို့မျက်ရည်တွေပါကျတယ်

နောက်တော့ ၁၆ ရက်နေ့မှာ အုပ်ကြီးတို့ ဒီကိစ္စကို သိသွားတယ်

သူကအိမ်ပြန်ချင်လို့ မိဘကိုဆက်သွယ်ပေးဖို့ပြောတော့ အေအေရှင်းပေးမယ်ပြောပြီး ဖုန်းမဆက်ပေးပါဘူး

သူများတွေကိုမပြောဖို့ပဲပြောပါတယ် ၁၆ ရက်နေ့ညနေကျောင်းဆင်းတော့ သူငယ်ချင်းကိုအပြင်ခေါ်သွားပါတယ်

ဘာတွက်လဲဆို ဒီကိစ္စကိုမိဘတွေကိုမပြောဖို့ သူ့တို့ရဲ့ ဂုဏ်သိက္ခာကိုကာကွယ်ပေးဖို့ ဒီကိစ္စသူများတွေသိရင် သူ့ဘဝတွက် အမဲစက်ဖြစ်နိုင်တာမို့တိုး” တိတ်” နေဖို့ အရင်ကလည်းဒီလိုကိစ္စတွေကြုံဖူးကြောင်း

သူ့သားက လူလွတ်ဆို ပေးစားမယ်တဲ့ ခုက လူလွတ်မဟုတ်တော့ပေးစားမယ်ဆို သူ့မယားငယ်ပဲဖြစ်မှာလို့မစာမနာပြောတာ

ပြီးကျတော့ ခုသိထားတဲ့သူငယ်ချင်း ၃/၄ ယောက်ကိုလည်း အဲ့နေ့က သူ့သားက ဆွဲလားရမ်းလားလုပ်လို့ သူငယ်ချင်းကကြောက်ပြီး လျှောက်ပြောတာလို့လိမ်ပြီး ပြောလိုက်

အဲ့တာ မှသူငယ်ချင်းရဲ့ သိက္ခာကိုဆယ်နိုင်မှာလို့ပြောတယ်

အဲ့လိုသူတို့ပြောတာတွေသာ လုပ်ပေးမယ်ဆို သူငယ်ချင်းရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံးပညာရေးကိုထောက်ပံ့မယ်

လိုချင်တာအကုန်ဝယ်ပေးမယ်ဆိုပြီးငွေနဲ့နှုတ်ပိတ်သတင်းဖုံးတယ်

သူငယ်ချင်းက ဖုန်းသုံးချင်တယ် ဖုန်းထုတ်ပေးဖို့ပြောတော့လည်း မိဘကိုမဆက်သွယ်ဘူးဆိုတဲ့ ကတိပေးမှ ဖုန်းပေးမယ်လို့ပြောတာ

သူငယ်ချင်း ကအဲ့ကတိပေးမှသူတို့ဖုန်းထုတ်ပေးတယ်

အိမ်ကိုလုံးဝပေးမပြန်သလို မိဘနဲ့လည်းလုံးဝအဆက်အသွယ်မလုပ်ပေးပါဘူး

အဲ့တာနဲ့သူငယ်ချင်းကသူ့မိဘတွေကိုပြောလိုက်ပြီး ၁၇ ရက်နေ့လာခေါ်တော့လည်းမသိသလိုလုပ်ပြီးပေးမပြန်ပါဘူး

မိဘတွေအတင်းခေါ်မှပေးပြန်တယ်

ပြီးအဲ့ည ကျောင်းကိုရဲတွေ များကြီးရောက်လာပြီး သူ့သားကိုလာဖမ်းတော့ ဖွက်ထားပါတယ်

ကလေးတွေကိုလည်း ဧည့်စာရင်းစစ်တာလို့ညာပါတယ်

ပြီးတော့ ကလေးတွေကို အဲ့ကိစ္စက ဆရာမကြီးနဲ့ဆရာကြီးတို့ရဲ့ကိစ္စ နင်တို့နင်တို့လုပ်စရာရှိတာဆက်လုပ် ကျောင်းလည်းပုံမှန်ပဲဖွင့်ပြီး လည်ပတ်မှာလို့လည်းပြောပါတယ်

အဆောင်မှူးဆိုရင် သူကိုယ်တိုင် သမီးမွေးထားတာတောင် ဒီကိစ္စဒီလောက်ထိဖြစ်နေတာတောင် ရီ” မော” ပါဘူး

သူငယ်ချင်းကပစ္စည်းတွေလာယူလို့သူ့ကိုဖက်ကြအားပေးကြတာကိုတောင် နင်တို့ကိုယ်နေရာကိုယ်နေဆိုပြီးဆဲဆိုပါတယ်

ကျန်တာကတော့သေချာမသိလို့ ဒါတွေကအမှန်တွေပါ

သူငယ်ချင်းက သူတို့သားနဲ့ စကားတောင်ရင်း” နှီး” မပြောဖူးပါဘူး

ဒါကို နှမချင်းမစာမနာ သားသမီးချင်းမစာမနာ ပဲ ၂ ဦးသဘောတူလို့တွေဘာတွေအာချောင်နေကြလို့ ကိုယ့်အလှည့်ကြမှ အဲ့စကားတွေထွက်ကြပါလို့ပြောချင်ပါတယ်

သမီးတို့သူငယ်ချင်းအကြောင်း သမီးတို့အသိဆုံးပါ

သမီးတို့သူငယ်ချင်းအတွက် တရားမျှတမှုကိုပဲလိုချင်ပါတယ်

တရားဥပဒေရဲ့အမြင့်ဆုံး အပြစ်ဒဏ်ကိုလိုချင်ပါတယ်

သူတို့မိသားစုက ကောက်ကျစ်လွန်းတာမို့ ငွေလမ်းခင်းခဲ့ရင်တောင် သမီးတို့ကျောင်းသူကျောင်းသားတွေက သူငယ်ချင်းဖက်ကနေအပြည့်အဝရပ်တည်သွားမှာပါ

မျှတတဲ့တရားမျှတမှူမရရင်ကျောင်းသူကျောင်းသားတွေဖက်ကလည်း လုပ်စရာရှိတာကိုလုပ်မှာပါ

ဒီတိုင်းတော့ သူငယ်ချင်းရဲ့နစ်နာမှုကို ခေါင်းငုံမခံပါဘူး


Leave a Reply

Your email address will not be published. Required fields are marked *