Category: News
-

၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်ကကြိုတင် စီစဉ်ထားခြင်းမရှိဘဲ ရုတ်တရက် သွားရောက်
စစ်ခေါင်းဆောင် မိသားစုအတွက် အဓိက ယတြာအစီအရင်များ ပြုလုပ်ပေးနေသော ၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်ကကြိုတင် စီစဉ်ထားခြင်းမရှိဘဲ ရုတ်တရက် သွားရောက် ရခိုင်ယတြာခေါင်းလောင်း၊ တပ်နှင့် အစိုးရ အပြောင်းအလဲယတြာကိစ္စများ ပါဝင်နိုင်ဟု သုံးသပ် အကြမ်းဖက် စစ်ခေါင်းဆောင် မိသားစုအတွက် အဓိက ယတြာအစီအရင်များ ပြုလုပ်ပေးနေသော ၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်က ရုတ်တရက်သွားရောက်ခဲ့ပြီး ယင်းသွားရောက်မှုတွင် ရခိုင်ယတြာခေါင်းလောင်းကိစ္စ၊ တပ်နှင့် အစိုးရအ ပြောင်းအလဲလုပ်ရန်အတွက် ယတြာကိစ္စများ ပါဝင်နိုင်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင်က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့သို့ ဆိုင်းမဆင့်ဘုံမဆင့် ရုတ်တရက်သွားရောက်ခဲ့ကြောင်း၊ သွားရောက်ရာတွင် ၀စီပိတ် ဘုန်းကြီး ဟု အများခေါ်ကြသည့် ကောဝိဒထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်သွားရောက်ခဲ့ပြီး ဘုန်းကြီးနှင့် မင်းအောင်လှိုင်အကြား ၂ နာရီအကြာ…
-

Not Without Hope
Not Without Hope (2025) Shazam မင်းသား Zachary Levi အဓိကပါဝင်သရုပ်ဆောင်ထားပြီး သမုဒ္ဒရာအလယ်မှာ အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ရင်နင့်ဖွယ် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀၀၉ ခုနှစ်တုန်းက ကမ္ဘာကျော်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ အမေရိကန် ဘောလုံးသမားဟောင်းတွေဖြစ်တဲ့ Nickတို့သူငယ်ချင်း လေးယောက်ဟာ မက္ကဆီကိုပင်လယ်ကွေ့ထဲကို ပျော်ပျော်ပါးပါး ငါးဖမ်းထွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ သူတို့စီးလာတဲ့ လှေဟာ ပင်လယ်လယ်ခေါင်မှာ တိမ်းမှောက်သွားခဲ့တဲ့အခါ သူတို့ရဲ့ ပျော်ရွှင်စရာ ငါးဖမ်းခရီးစဉ်ဟာ ငရဲခန်းတစ်ခုလို ပြောင်းလဲသွားပါတော့တယ်။ အကူအညီမဲ့နေတဲ့ သမုဒ္ဒရာအလယ်၊ အစာရေစာပြတ်လတ်မှု၊ အအေးဒဏ်နဲ့ ရက်စက်တဲ့ မုန်တိုင်းဒဏ်တွေကို သူတို့ ဘယ်လိုရင်ဆိုင်ခဲ့ကြမလဲ။ မိသားစုဆီ ပြန်ရောက်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် အားပေးရင်း သေခြင်းတရားကို အံတုခဲ့ကြတဲ့…
-

Artiste
Artiste (2025) အနုပညာရှင် ပန်းချီဆွဲမှ အနုပညာခေါ်သလား ဇာတ်ကားတွေကြည့်မှ အနုပညာခေါ်သလား ဇာတ်ကားတွေကျ ကွင်းဆက်ကားတွေကြည့်ပေမယ့် လက်တွေ့ဘဝက serial killer ကျ ဘာလို့ရွံရှာကြတာလဲဆိုပြီး သာမန်လူတွေနဲ့ အတွေးအခေါ် ချော်ထွက်နေတဲ့ ကွင်းဆက်လူသတ်သမား အုပ်စုလိုက်ဝိုင်းဖမ်းခဲ့ကြပေမဲ့ ချော်ချော်ထွက်နေတဲ့ သူကပဲ ကံကောင်းလွန်းတာလား သူ့နာမည်က ဗစ်ကီ၊ မောင်နှမ၂ယောက်တည်း ဘဝကို အေးအေးလူလူဖြတ်သန်းနေကြတဲ့လူတွေ အချင်းချင်း ဂရုစိုက်မှုတွေနဲ့ အပြန်အလှန်ဖေးမကြသူတွေပေါ့။ ကံဆိုးရတဲ့ တစ်နေ့မှာတော့ ၂ယောက်မရှိတဲ့ အစ်မဖြစ်သူက ကွင်းဆက်သားကောင်ဖြစ်ခဲ့ရပြီး ဗစ်ကီ့ဘဝကြီးလည်း အလဲလဲအပြိုပြိုဖြစ်ခဲ့ရတာပေါ့။ ဒီကနေစလိုက်တဲ့ဇာတ်လမ်းက ဘယ်ထိခေါ်သွားနိုင်မလဲ ဘာတွေဆက်ဖြစ်သွားမလဲကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦး
-

ပုလဲနယ် NUG အခွန်ဂိတ် စီးနင်းမှု ဗိုလ်နဂါး ပြောကြားချက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပန်းရွာလမ်းဆုံရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အခွန်ဂိတ်ကို ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်း ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA) က စီးနင်းပြီး ဖမ်းဆီးတာ၊ ပစ်ခတ်တာနဲ့ လက်နက် သိမ်းယူတာတွေ ဖြစ်ပွားခဲ့ပါတယ်။ BNRA ခေါင်းဆောင် ဗိုလ်နဂါးက အဲ့ဒီ ပုလဲ ပအဖ အခွန်ကောက်တဲ့ နေရာကို အင်အားအလုံးအရင်းနဲ့ စီးနင်းတာ မဟုတ်ဘူးလို့ ပြောပါတယ်။ ပုလဲမြို့နယ် ပအဖ ဘက်ကတော့ BNRA တပ်ဖွဲ့က အခွန်ဂိတ်ကို ပစ်ခတ်စီးနင်းတာ ဖြစ်တယ်လို့ ပုလဲမြို့နယ် ပအဖ တာဝန်ခံ ဦးဇော်ထက်က ပြောပါတယ်။ “မြို့နယ် ပအဖ အခွန်ဂိတ်ကို BNRA အဖွဲ့က…
-

ကြံ့ခိုင်ရေးပါတီရှုံးနိမ့်ခဲ့သည့် ကြည့်မြင်တိုင်မှ အုပ်ချုပ်ရေးမှူးများ ထုချေလွှာတင်ရ
ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့နယ်မှ အုပ်ချုပ်ရေးမှူးများသည် ဆန္ဒမဲလာပေးသူ နည်းပါးမှုဖြင့် စစ်ကော်မရှင်ထံ ထုချေလွှာတင်ရကြောင်း ကြည့်မြင်တိုင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူက ပြောသည်။ ထိုမြို့နယ်တွင် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့၍ တဖက်လှည့်ဖြင့် ထို့သို့ ထုခြေလွှာတင်ခိုင်းဖြစ်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ဇန်နဝါရီ ၁၅ ရက်က ထုချေလွှာတင်ခိုင်းတယ်။ မြို့နယ်ထွေအုပ်ရုံးကို ခေါ်ပြောတာ။ စာထွက်တာ မဟုတ်ဘူး။ မြို့နယ် ထွေအုပ် (အေဒီ) လည်း ခရိုင်ကို တင်ရမယ် ထင်တယ်။ ရပ်ကျေးတွေတော့ တင်ရတာ သေချာတယ်။ အဓိက ထုချေလွှာမှာ မဲလာပေးသူနည်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ အမှန်တော့ ကြံ့ဖွတ်ရှုံးလို့ ငမဲ၊ ငစ( ရှုံးမဲ မဲခြင်း ) လုပ်တာပါ” ဟုလည်း အမည်မဖော်လိုသည့် ရပ်ကွက် ရုံးစာရေးတဦးက ပြောသည်။…