Category: News

  • ကျောက်ဖြူ သိုင်းချောင်းပတ်ဝန်းကျင်သို့  ပြန်လည်ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်းကို AAတိုက်ခိုက်

    ကျောက်ဖြူ သိုင်းချောင်းပတ်ဝန်းကျင်သို့ ပြန်လည်ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်းကို AAတိုက်ခိုက်

    ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော စစ်ကော်မရှင်စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော်မှ တိုက်ခိုက်ရာကနေ တိုက်ပွဲဆက်လက် ပြင်းထန်နေသည်ဟု သတင်းရရှိသည်။ “သိုင်းချောင်းပတ်ဝန်းကျင်ကို အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးကာနေရာယူလာတဲ့စစ်ကြောင်းကို AA ထိုးစစ်ဆင်တိုက်ခိုက်‌တာပါ။တိုက်ပွဲပြင်းထန်နေပါတယ်။စစ်တပ်ကအင်အား ၁၅၀ လောက်ရှိမယ်ထင်ပါတယ်။ မနေ့ကဇန်နဝါရီ ၁၆ ရက်နေ့မှာဖြစ်နေတာပါ။ စစ်တပ်ဘက်က မရှုမလှ ဖြစ်နေတဲ့ အနေထားလို့ သိရပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ၎င်းစစ်ကြောင်းသည် ကျောက်ဖြူမြို့နယ် အမှတ်(၃၂)ရဲတပ်ရင်းမှ ထွက်လာသောစုပေါင်း စစ်ကြောင်းဖြစ်ပြီး ဒရုန်းပစ်ကူ၊လက်နက်ကြီးပစ်ကူများဖြင့်သိုင်းချောင်းဘက်သို့ စစ်ကြောင်း ထိုးလာခြင်းဖြစ်သည်ဟု ဆိုသည်။ “သူတို့ကတော့ စစ်ကြောင်းတစ်ခုထိုးမယ်ဆိုရင် အခုက ဒရုန်းတွေနဲ့ရော၊ မြေပြင်ကရော လက်နက်ကြီးတွေနဲ့ သူတို့ စစ်ကြောင်းထိုးမယ့် နေရာတွေကို ပစ်တယ်။ ပီးရင်နေဗီကလည်းလက်နက်ကြီးတွေနဲ့ ပစ်တယ်။ အေအေဘက်ကတော့ နေဗီက လက်နက်ကြီးတွေနဲ့ ပစ်ရင် ရှိနေတဲ့ နေရာက ရှောင်ပေးတာပေါ့။ လေယာဉ်လာရင်လည်း…

  • ဆင်ချောင်းရွာတွင် ခြင်းခတ်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

    ဆင်ချောင်းရွာတွင် ခြင်းခတ်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

    ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာတွင် ခြင်းခတ်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု မုဒိမ်းမှုများစွာ ကျူးလွန်ထားသော ပျူစောထီးခေါင်းဆောင် လင်းထင် အပါအဝင် ၁၀ ဦးသေဆုံး မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာပျူစောထီးများခြင်းခတ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် ငလင်း (ခ)လင်းထင်အပါအဝင် ၁၀ ဦးသေဆုံးပြီး ပျူခေါင်းဆောင် ငလင်း(ခ) လင်း ထင် မှာ မိန်းကလေးငယ်များကို ဖမ်းဆီးပြီး အချုပ်ခန်းအတွင်း မုဒိမ်းကျင့်နေသူဖြစ် ကြောင်း ရေစ ကြိုပကဖမှ တာဝန်ရှိသူက ပြောကြားသည်။ ဇန်နဝါရီလ ၁၅ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ရေစကြိုမြို့နယ်၊ ရေစကြို -ပခုက္ကူကားလမ်း ဘေး ဆင်ချောင်းပျူရွာ၌ ခြင်းခတ်နေသည့် ပျူစောထီးအဖွဲ့ကို ရေစကြို…

  • ရန်ကုန်တွင် ၂ ပတ်အတွင်း လမ်းသွားလမ်းလာ ၂၉ ဦးကို စစ်အုပ်စု  ဖမ်းဆီး

    ရန်ကုန်တွင် ၂ ပတ်အတွင်း လမ်းသွားလမ်းလာ ၂၉ ဦးကို စစ်အုပ်စု ဖမ်းဆီး

    ရန်ကုန်တွင် ရက်သတ္တပတ်နှစ်ပတ်တာအတွင်း လမ်းသွားလမ်းလာ လူ ၂၉ ဦးကိုစစ်အုပ်စုကပေါ်ပေါ်တင်တင် ဖမ်းဆီးနေကြောင်း သိရသည်။ လှိုင်သာယာ၊ ကျောက်တံတား၊ လှိုင်၊ သာကေတ၊ စမ်းချောင်း၊ တောင်ဥက္ကလာမြို့နယ်များရှိ လမ်းသွားလမ်းလာများအား ပေါ်တာဆွဲဖမ်းဆီးခြင်းများကို ဇန်နဝါရီလ ၁ ရက်မှစ၍ ၁၅ ရက်နေ့အထိ လုပ်ဆောင်နေကြောင်း ရန်ကုန်မြေပြင်ကင်းထောက်ကွန်ရက်အဖွဲ့(Rangoon Scout Network-RSN)မှတာဝန်ရှိသူက ပြောသည်။ ” ဒီတိုင်း လမ်းပေါ်သွားလာသူတွေ လမ်းဘေးထိုင်နေသူတွေကို ဘီယာ အရက်ပါတယ်လို့ စွပ်စွဲပြီး ဆွဲသွားတွေ တွေ့ရပါတယ်။ ဘာအကြောင်းပြချက်မှ မပေးဘဲ ဗြောင်ဆွဲသွားတာတွေလည်း ရှိတယ်ဗျ။ စုစုပေါင်း ၂၉ ယောက် သိရပါတယ်။ စစ်မှုထမ်းထဲ ပို့ခံရကြောင်း သိရတာက ငါးယောက်ပါ ။ကျန်တာတော့ အကျိုးအကြောင်း မသိရသေးပါဘူး” ဟု၎င်းကပြောသည်။ ရန်ကုန်တွင် စစ်အုပ်စုက ယခုနှစ် ဇန်နဝါရီလတွင်…

  • အမေရိကန်က ပေးမယ့် ဒေါ်လာ ၁၂၁ သန်းက ဘယ်သူ့လက်ထဲ ရောက်မှာလဲ

    အမေရိကန်က ပေးမယ့် ဒေါ်လာ ၁၂၁ သန်းက ဘယ်သူ့လက်ထဲ ရောက်မှာလဲ

    မြန်မာနိုင်ငံတွင် လက်နက် မဟုတ်သော အကူအညီအတွက် ဒေါ်လာ ၂၅ သန်း၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ် ဖော်ဆောင်ရေး ဒေါ်လာ ၁၀ သန်းနှင့် CDM စစ်သည်များအတွက်​ ဒေါ်လာ ၁ သန်းခွဲ စုစုပေါင်း ဒေါ်လာ ၁၂၁ သန်း ပေးရန် အမေရိကန်လွှတ်တော်က ဥပဒေအတည်ပြု မြန်မာနိုင်ငံတွင် လက်နက်မဟုတ်သော အကူအညီများအတွက် ဒေါ်လာ ၂၅ သန်း၊ အုပ် ချုပ်ရေးနှင့် ဖက်ဒရယ်စနစ် ဖော်ဆောင်ရေးအတွက် ဒေါ်လာ ၁၀ သန်းနှင့် CDM စစ်သည်များနှင့်အရာရှိများအတွက်​ ဒေါ်လာ ၁ သန်းခွဲ စုစုပေါင်း ဒေါ်လာ ၁၂၁ သန်း ပေးရန် အမေရိကန်လွှတ်တော်က ဥပဒေအတည်ပြုလိုက်ကြောင်း သိရှိရသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အမေရိကန်အောက်လွှတ်တော်က…

  • ကံတလူ တိုးဂိတ်ကို တော်လှန်ရေးတပ်များ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်

    ကံတလူ တိုးဂိတ်ကို တော်လှန်ရေးတပ်များ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်

    စစ်ကိုင်းမြို့အထွက် ကံတလူ တိုးဂိတ်ကို တော်လှန်ရေးတပ်များ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အထွက် ကံတလူ တိုးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ SAGAING PDF တပ်ဖွဲ့ဆီက သိရပါတယ်။ ဇန်နဝါရီ ၁၅ ရက် ညပိုင်းလောက်မှာ စစ်ကိုင်းမြို့ အထွက် မုံရွာ-မန္တလေးကားလမ်းပေါ်ရှိ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားတဲ့ ကံတလူ တိုးဂိတ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အခုလို ဝင်ရောက်ပစ်ခတ်ချိန် အထိနာသွားတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ စစ်ကိုင်းမြို့ ဖက်ကို ဆုတ်ခွာထွက်ပြေးသွားတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက တပ်စွဲထားတဲ့ အဆောက်အဦးတွေကို ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို SAGAING PDF (စစ်ကိုင်းစစ်ကြောင်း)၊ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းမြို့နယ် ပကဖ တို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာ လို့သိရပါတယ်။ အဲ့ဒီတိုက်ပွဲမှာ SAGAING…