Category: News
-

ဒဏ်ရာရ စစ်သားများကို တင်ဆောင်လာသည့် ကားနှင့် လမ်းကြိတ် စက် တိုက်မိပြီး စစ်သား ၃ ဦး ထပ်မံသေဆုံး
စစ်ကိုင်း၊ ပေါက်တောစစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး ဒဏ်ရာရ စစ်သားများကို တင်ဆောင်လာသည့် ကားနှင့် လမ်းကြိတ် စက် တိုက်မိပြီး စစ်သား ၃ ဦး ထပ်မံသေဆုံး စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပေါက်တောကျေးရွာရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၇ တပ်ရင်း၊ တပ်ခွဲ ၄ – Acid (စစ်ကြောင်း) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်းမြို့နယ်၊ ပေါက်တောကျေးရွာရှိ အကြမ်း ဖက်စစ်တပ် ဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား…
-

မုံရွာ၊ တောင်မတောရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါး ပျံလွန်တော်မူ
သစ်ညိုပင်ရွာကိုလည်း စစ်တပ်က မီးရှို့မှု နေအိမ် ၂၀ ကျော်ပြာကျပြီး ငွေကျပ် သိန်း ၁၀၀၀ ကျော်ကို ခိုးယူသွား စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်မတောကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး သစ်ညိုပင်ရွာကိုလည်း စစ်တပ်က မီးရှို့မှု နေအိမ် ၂၀ ကျော်ပြာကျပြီး ငွေကျပ် သိန်း ၁၀၀၀ ကျော်ကို ခိုးယူသွားကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – မြို့နယ် ပ.လ.ဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် အစောပိုင်းတွင် မုံရွာမြို့နယ်၊ ဆည်ကြီးတောကျေးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက်…
-

ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် NUG ကို တီမောသမ္မတက တွေ့ဆုံခဲ့မှုများအပေါ် ကတိချိုးဖောက်မှုဟု စစ်တပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်
မြန်မာစစ်တပ်ကို တရားစွဲတိုင်ကြားသည့် ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် NUG ကို တီမောသမ္မတက တွေ့ဆုံခဲ့မှုများအပေါ် ကတိချိုးဖောက်မှုဟု စစ်တပ်က ပြင်းပြင်းထန်ထန် ကန့်ကွက် အာဆီယံအဖွဲ့ဝင် တီမောနိုင်ငံတွင် မြန်မာစစ်တပ်ကို တရားစွဲဆို တိုင်ကြားသည့် ချင်းလူ့အခွင့်အရေးအဖွဲ့ကို တီမောသမ္မတက တွေ့ဆုံမှုမှာ အာဆီယံပဋိညာဉ်ပါ အခြေခံမူဖြစ်သည့် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူကို အကြိမ်ကြိမ် ကတိချိုးဖောက်မှုဖြစ်ကြောင်း စစ်ကော်မရှင်က ပြင်းပြင်းထန်ထန်ထပ်မံ ကန့်ကွက်တုံ့ပြန်သည်။ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တီမောလက်စ်တေသမ္မတ မစ္စတာဟိုဆေးရာမို့စ်ဟော်တာက ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization)ကို လက်ခံတွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေး ဆွေးနွေးခဲ့သည့်သတင်းအား တီမောလက်စ်တေသမ္မတရုံး၏ website တွင် တရားဝင်ထုတ်ပြန်ထားသည်ကို စိတ်မကောင်းဖွယ်တွေ့ရှိရသည်ဟု စစ်တပ်က ထုတ်ပြန်သည်။ တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်ပါ အခြေခံမူများနှင့်အညီ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့်…
-

၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်ကကြိုတင် စီစဉ်ထားခြင်းမရှိဘဲ ရုတ်တရက် သွားရောက်
စစ်ခေါင်းဆောင် မိသားစုအတွက် အဓိက ယတြာအစီအရင်များ ပြုလုပ်ပေးနေသော ၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်ကကြိုတင် စီစဉ်ထားခြင်းမရှိဘဲ ရုတ်တရက် သွားရောက် ရခိုင်ယတြာခေါင်းလောင်း၊ တပ်နှင့် အစိုးရ အပြောင်းအလဲယတြာကိစ္စများ ပါဝင်နိုင်ဟု သုံးသပ် အကြမ်းဖက် စစ်ခေါင်းဆောင် မိသားစုအတွက် အဓိက ယတြာအစီအရင်များ ပြုလုပ်ပေးနေသော ၀စီပိတ်ဘုန်းကြီးထံသို့ မင်းအောင်လှိုင်က ရုတ်တရက်သွားရောက်ခဲ့ပြီး ယင်းသွားရောက်မှုတွင် ရခိုင်ယတြာခေါင်းလောင်းကိစ္စ၊ တပ်နှင့် အစိုးရအ ပြောင်းအလဲလုပ်ရန်အတွက် ယတြာကိစ္စများ ပါဝင်နိုင်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင်က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့သို့ ဆိုင်းမဆင့်ဘုံမဆင့် ရုတ်တရက်သွားရောက်ခဲ့ကြောင်း၊ သွားရောက်ရာတွင် ၀စီပိတ် ဘုန်းကြီး ဟု အများခေါ်ကြသည့် ကောဝိဒထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်သွားရောက်ခဲ့ပြီး ဘုန်းကြီးနှင့် မင်းအောင်လှိုင်အကြား ၂ နာရီအကြာ…
-

Not Without Hope
Not Without Hope (2025) Shazam မင်းသား Zachary Levi အဓိကပါဝင်သရုပ်ဆောင်ထားပြီး သမုဒ္ဒရာအလယ်မှာ အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ရင်နင့်ဖွယ် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀၀၉ ခုနှစ်တုန်းက ကမ္ဘာကျော်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ အမေရိကန် ဘောလုံးသမားဟောင်းတွေဖြစ်တဲ့ Nickတို့သူငယ်ချင်း လေးယောက်ဟာ မက္ကဆီကိုပင်လယ်ကွေ့ထဲကို ပျော်ပျော်ပါးပါး ငါးဖမ်းထွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ သူတို့စီးလာတဲ့ လှေဟာ ပင်လယ်လယ်ခေါင်မှာ တိမ်းမှောက်သွားခဲ့တဲ့အခါ သူတို့ရဲ့ ပျော်ရွှင်စရာ ငါးဖမ်းခရီးစဉ်ဟာ ငရဲခန်းတစ်ခုလို ပြောင်းလဲသွားပါတော့တယ်။ အကူအညီမဲ့နေတဲ့ သမုဒ္ဒရာအလယ်၊ အစာရေစာပြတ်လတ်မှု၊ အအေးဒဏ်နဲ့ ရက်စက်တဲ့ မုန်တိုင်းဒဏ်တွေကို သူတို့ ဘယ်လိုရင်ဆိုင်ခဲ့ကြမလဲ။ မိသားစုဆီ ပြန်ရောက်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် အားပေးရင်း သေခြင်းတရားကို အံတုခဲ့ကြတဲ့…