Category: News

  • သိန္နီမြို့ကို တရုတ်အကူအညီဖြင့် ပြန်ရယူရန် စစ်ကောင်စီကြိုးပမ်းနေ

    သိန္နီမြို့ကို တရုတ်အကူအညီဖြင့် ပြန်ရယူရန် စစ်ကောင်စီကြိုးပမ်းနေ

    MNDAA ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့က ပြည်သူတွေဟာ အာဏာသိမ်းစစ်တပ်ကို မြို့ပြန်လွှဲပေးနိုင်မလားဆိုတဲ့ ကိစ္စကိုပဲ အဓိက စိတ်ဝင်စားပြီး စောင့်ကြည့်နေကြတယ်လို့ ဒေသခံတွေကေ ပြာပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ အမှတ် ၁၆ စစ်ဆင်ရေးနဲ့ ကွပ်ကဲရေးဌာနချုပ်တည်ရှိရာ သိန္နီမြို့ကို MNDAA ကိုးကန့်တပ်နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ၁၀၂၇ စစ်ဆင်ရေးမှာ တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားတာဆိုရင် ၁ နှစ်ကျော်ပြီ ဖြစ်ပါတယ်။ အဲ့ဒီသိန္နီမြို့ဟာ မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိတာကြောင့် အာဏာသိမ်းစစ်တပ်ဟာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ပြန်ရယူဖို့ လုပ်နေတာပါ။ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် MNDAA ကိုးကန့်တပ်ဟာ သိန္နီမြို့ကို စစ်တပ်လက်ထဲ ပြန်လွှဲပြောင်းပေးမလားဆိုတာကို မြို့ခံတွေက အဓိကထား စောင့်ကြည့်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ သြဂုတ် ၁၄ ရက်က အာဏာသိမ်းစစ်တပ်နဲ့ ကိုးကန့်တပ်တို့ လားရှိုးမြို့မှာ…

  • မန္တလေးမှာ ကားနဲ့ လူငါးဦးပါအဖွဲ့က အမျိုးသားတစ်ဦးကို ရိုက်နှက်ပြီး လုယက်

    မန္တလေးမှာ ကားနဲ့ လူငါးဦးပါအဖွဲ့က အမျိုးသားတစ်ဦးကို ရိုက်နှက်ပြီး လုယက်

    မန္တလေးမြို့၊ ချမ်အေးသာစံမြို့နယ်မှာ ဒီနေ့ (သြဂုတ် ၂၂ ရက် ) မနက်အစောပိုင်းကားနဲ့ လူငါးဦးအဖွဲ့က ဆိုင်ကယ်ဆီပြတ်လို့တွန်းလာတဲ့ အမျိုးသားကိုအုပ်စုဖွဲ့ရိုက်နှက်ပြီး ဆိုင်ကယ်နဲ့ ဖုန်း လုယက်သွားတယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်ဟာ ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်း ၊ ၆၂ လမ်းထောင့်မှာ ဒီမနက်အစောပိုင်း ၃ နာရီခန့်က ဖြစ်ပွားခဲ့တာပါ။ “ဆီပြတ်လို့ ဆိုင်ကယ်ကိုတွန်းနေတာ ကားနဲ့ရောက်လာပြီး သူတို့ကားပေါ်ဆွဲတင်တယ်၊ ဖုန်း Password တောင်းတယ်၊ လူကိုလည်း ရိုက်တယ်”လို့ လုယက်ခံရတဲ့ ကာယကံရှင်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ လုယက်သူတွေ ဟာ ပျုစောထီးတွေ ဆောင်းလေ့ရှိတဲ့ မြန်မာနိုင်ငံ အလံ တံဆိပ်ပါ ပြောက်ကျား လျှာထိုး ဦးထုပ်တွေဆောင်းထားတယ်လို့သိရပါတယ်။ “မင်းကိုဖမ်းမယ်၊ စစ်မှုထမ်းထဲထည့်မယ်၊ ရပ်ကွက်ရုံးခေါ်သွားမယ်ပြောတာ” လို့ လုယက်ခံရသူ ကာယကံရှင်နဲ့ နီးစပ်သူကပြောပါတယ်။…

  • MRO/CDF-Matupi က အတင်းအဓမ္မစစ်မှုထမ်းခေါ်လို့ ဒေသခံပြည်သူတွေနဲ့ စကားအခြေအတင်များ

    MRO/CDF-Matupi က အတင်းအဓမ္မစစ်မှုထမ်းခေါ်လို့ ဒေသခံပြည်သူတွေနဲ့ စကားအခြေအတင်များ

    မတူပီမြို့နယ်မှာ MRO/CDF-Matupi က အတင်းအဓမ္မစစ်မှုထမ်းခေါ်လို့ ဒေသခံပြည်သူတွေနဲ့ စကားအခြေအတင်များတဲ့ ရုပ်သံထွက်ပေါ်လာ ချင်းညီနောင် (Chin Brotherhood) အဖွဲ့ဝင် MRO/CDF-Matupi တပ်ဖွဲ့က မတူပီမြို့နယ်ထဲ ဒေသခံပြည်သူတွေကို အတင်းအဓမ္မစစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်မှုတွေရှိနေတာကြောင့် ဒေသခံပြည်သူတချို့နဲ့ စကားအခြေအတင်များတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ယက်စာမျက်နှာမှာ ထွက်ပေါ်လာပါတယ်။ Matupi Revolution News မှာ ယနေ့ဩဂုတ်လ ၂၁ ရက်နေ့မှာ အဆိုပါ ရုပ်သံဖိုင်ထွက်ပေါ်လာတာဖြစ်ပြီး ရုပ်သံထဲမှာ MRO/CDF-Matupi ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နွေဦးလင်း နဲ့ ဒေသခံပြည်သူတွေ စစ်မှုမထမ်းမနေရကိစ္စနဲ့ပတ်သက်ပြီး စကားအခြေအတင်များနေတာ တွေ့ရပါတယ်။ ဒီရုပ်သံဟာ မတူပီမြို့နယ် ဟာလ်သူးကျေးရွာမှာ ပြီးခဲ့တဲ့အပတ်က ဖြစ်ပွားခဲ့တာလို့သိရပြီး ဖြစ်စဉ်အခြေအနေကိုတော့ အသေးစိတ်မသိရပါဘူး။ MRO/CDF-Matupi တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ဩဂုတ်လဆန်ပိုင်းကစပြီး မတူပီမြို့နယ်ထဲမှာ အသက် ၁၆ နှစ်ကနေ အသက်…

  • အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်ကြီး အောင်ပြည့်စုံစိုး သေဆုံးမှု မိသားစုထံသို့ ၈ လကြာမှ စစ်တပ်က အသိပေး အကြောင်းကြား

    အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်ကြီး အောင်ပြည့်စုံစိုး သေဆုံးမှု မိသားစုထံသို့ ၈ လကြာမှ စစ်တပ်က အသိပေး အကြောင်းကြား

    အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်ကြီး အောင်ပြည့်စုံစိုး သေဆုံးမှု မိသားစုထံသို့ ၈ လကြာမှ စစ်တပ်က အသိပေး အကြောင်းကြား AA က တိုက်ခိုက်သိမ်းပိုက်လိုက်သော အမ်းမြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်ကြီး အောင်ပြည့်စုံစိုး သေဆုံးမှုကို မိသားစုထံသို့ ၈ လကြာမှ စစ်တပ်က အသိပေးအကြောင်းကြားလာကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်အုပ်ချုပ်ရေးမှူအဖြစ် တာဝန်ထမ်းဆောင်နေသည့် အငြိမ်းစား ဗိုလ်ကြီးအောင်ပြည့်စုံစိုးမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း AA က အမ်းမြို့နယ်တစ်ခုလုံးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်စဉ် စစ်တပ်နှင့်အတူ ခုခံရင်းသေဆုံးခဲ့ခြင်းဖြစ်​ကြောင်း မိသားစုနှင့်နီးစပ်သူများကဆိုသည်။ သေဆုံးသွားခဲ့သော ဗိုလ်ကြီး အောင်ပြည့်စုံစိုးတွင် ဇနီး သိမ့်သူသူအောင်နှင့် သမီးကျန်ရစ်ခဲ့ပြီး သမီးမှာ အမေရိကန်တွင် နေထိုင်ပညာသင်ကြားနေကြောင်း သိရှိရသည်။ ” သူရော၊…

  • မြင်းခြံ ပျူရွာမှ ထွက်လာသော စစ်တပ် PDF တိုက်ခိုက်ခြင်းကြောင့် ၁၀ဦး သေဆုံးဟုဆို

    မြင်းခြံ ပျူရွာမှ ထွက်လာသော စစ်တပ် PDF တိုက်ခိုက်ခြင်းကြောင့် ၁၀ဦး သေဆုံးဟုဆို

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျူစောထီးရွာမှ ထွက်လာသော စစ်တပ်ကို PDF တို့ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးကြောင်း သိရသည်။ ဩဂုတ် ၂၁ ရက်၊ နေ့ခင်း ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ဆုံရွာမှ အင်အား ၃၀ ကျော်လိုက်ပါလာသည့် ထော်လာဂျီ ၁ စီးနှင့် ဆိုင်ကယ် ၃ စီးကို PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ၁ နာရီဝန်းကျင်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားများ သေဆုံးခြင်းကို မျက်မြင်တွေ့ရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄-၁၀ တပ်ရင်းက ဩဂုတ် ၂၁ ရက် ညပိုင်း၌ သတင်းထုတ်ပြန်ထားသည်။ “ဆုံရွာနဲ့ ငါန်းမြာရဲစခန်းကူးတဲ့လမ်းမှာပါ။မြင်းခြံမြို့နယ်၊ ဆုံရွာပျူရွာကနေ ငါန်းဇွန်မြို့နယ် ငါန်းမြာရဲစခန်းဘက်ကို ပြန်တဲ့ အချိန်စစ်ကြောင်းကို…