မတူပီမြို့နယ်မှာ MRO/CDF-Matupi က အတင်းအဓမ္မစစ်မှုထမ်းခေါ်လို့ ဒေသခံပြည်သူတွေနဲ့ စကားအခြေအတင်များတဲ့ ရုပ်သံထွက်ပေါ်လာ
ချင်းညီနောင် (Chin Brotherhood) အဖွဲ့ဝင် MRO/CDF-Matupi တပ်ဖွဲ့က မတူပီမြို့နယ်ထဲ ဒေသခံပြည်သူတွေကို အတင်းအဓမ္မစစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်မှုတွေရှိနေတာကြောင့် ဒေသခံပြည်သူတချို့နဲ့ စကားအခြေအတင်များတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ယက်စာမျက်နှာမှာ ထွက်ပေါ်လာပါတယ်။
Matupi Revolution News မှာ ယနေ့ဩဂုတ်လ ၂၁ ရက်နေ့မှာ အဆိုပါ ရုပ်သံဖိုင်ထွက်ပေါ်လာတာဖြစ်ပြီး ရုပ်သံထဲမှာ MRO/CDF-Matupi ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နွေဦးလင်း နဲ့ ဒေသခံပြည်သူတွေ စစ်မှုမထမ်းမနေရကိစ္စနဲ့ပတ်သက်ပြီး စကားအခြေအတင်များနေတာ တွေ့ရပါတယ်။
ဒီရုပ်သံဟာ မတူပီမြို့နယ် ဟာလ်သူးကျေးရွာမှာ ပြီးခဲ့တဲ့အပတ်က ဖြစ်ပွားခဲ့တာလို့သိရပြီး ဖြစ်စဉ်အခြေအနေကိုတော့ အသေးစိတ်မသိရပါဘူး။
MRO/CDF-Matupi တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ဩဂုတ်လဆန်ပိုင်းကစပြီး မတူပီမြို့နယ်ထဲမှာ အသက် ၁၆ နှစ်ကနေ အသက် ၄၀ ကြား ပြည်သူအားလုံး စစ်မှုထမ်းရမယ်လို့ အမိန့်ထုတ်ပြန်ထားပြီး စစ်မှုမထမ်းလိုသော ပြည်သူတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
Video credit-


Leave a Reply