Category: News
-

စစ်ကော်မရှင်တပ်သားအလောင်းများကို ပုသိမ်၌ ညအချိန် တိတ်တဆိတ် သင်္ဂြိုဟ်နေရ
သာပေါင်းတိုက်ပွဲတွင် သေဆုံးသည့် စစ်ကော်မရှင်တပ်သားအလောင်းများကို ပုသိမ်၌ ညအချိန် တိတ်တဆိတ် သင်္ဂြိုဟ်နေရ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ သေဆုံးခဲ့သော စစ်ကော်မရှင် တပ်သားအလောင်းများကို ပုသိမ်မြို့တွင် ညအချိန်မတော် တိတ်တဆိတ် သင်္ဂြိုဟ်နေရကြောင်း သိရသည်။ ပုသိမ်မြို့၊ ရွှေမြင်တင်သုဿန်သို့ သာပေါင်းတိုက်ပွဲမှ ကျဆုံးစစ်ကော်မရှင်တပ်ဖွဲ့ဝင် အလောင်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်၊ ည ၈ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် မော်တော်ယာဉ် သုံးစီးဖြင့် သယ်ယူလာပြီး သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းအထူးတပ်ဖွဲ့ – ပုသိမ်ထံမှ သိရသည်။ “သာပေါင်းတိုက်ပွဲမှာ AA နဲ့ ဧရာဝတီ PDF တွေနဲ့ ရင်ဆိုင်တွေ့ပြီး သေကုန်တဲ့ စစ်သားအလောင်းတွေကို ဖောကားတွေနဲ့ အလုံအုပ်ပြီး သယ်လာတာ။ အဲဒါတွေကို လာသင်္ဂြိုဟ်ကြတာပါ”…
-

တရုတ်ဇီဝနည်းပညာကုမ္ပဏီတွင် ပေါက်ကွဲမှုဖြစ်ပွား လူ ၈ ဦး သေဆုံး
တရုတ်နိုင်ငံမြောက်ပိုင်း၊ ရှန်ရှီပြည်နယ်၊ စူးကျိုးမြို့ရှိ ဇီဝနည်းပညာကုမ္ပဏီတခုတွင် စနေနေ့ နံနက် အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားရာ လူ ရှစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက တနင်္ဂနွေနေ့တွင် အတည်ပြုခဲ့သည်ဟု Global Times က ဖော်ပြလိုက်သည်။ ယင်းဝမ်းနည်းဖွယ်ဖြစ်ရပ်နှင့်ပတ်သက်၍ တရားဝင်စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ပြီး အခင်း ဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေသည်။ ပေါက်ကွဲမှုသည် ရှန်ရင်ခရိုင်ရှိ ကုမ္ပဏီ၏ ထုတ်လုပ်ရေးအလုပ်ရုံတခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယင်း နေရာမှာ ခရိုင်အုပ်ချုပ်ရေးရုံးစိုက်ရာမြို့နှင့် ၄၀ ကီလိုမီတာကျော် ကွာဝေးသော တောင်ထူထပ်သည့်ဒေသတွင် တည်ရှိကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက သီတင်းပတ်ကုန်တလျှောက်လုံး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း အခင်းဖြစ်ပွားရာနေရာတွင် အဝါရောင်မီးခိုးတန်းများ ထွက်ပေါ်နေသည်ကို မြင်တွေ့နေရဆဲဖြစ်သည်။ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက် ၉…
-

ဝိုင်းမော်တွင် နောက်ဆုံးကျန်နေသည့် စစ်ကော်မရှင်တပ်ရင်း ခလရ ၅၈ ကို KIA တိုက်စစ်ဆင်
ကချင်ပြည်နယ် ၊ ဝိုင်းမော်ရှိ ကာကင်းစခန်းများ၊ ခြေကုတ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းယူလာပြီးနောက် ကျန်နေသည့် တပ်ရင်း ခလရ-၅၈ ကို တိုက်စစ်ဆင်နေကြောင်း သိရသည်။ KIA သည် ခလရ ၅၈ ၏ ကာကင်းစခန်း နှစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ပထမပတ်အတွင်းက သိမ်းယူခဲ့ပြီးနောက် ဆက်လက်ထိုးစစ်ဆင်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ”ဝိုင်းမော်ဘက်ကို မပခ(မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကနေ လက်နက်ကြီးတွေတော့ ဆက်တိုက် ပစ်တယ်။ ခလရ ၅၈ ကလည်း ပစ်တယ်ပေါ့။ အခုတော့ တိုက်ပွဲက ခလရ ၅၈ ကို ဦးတည်လာနေတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။ စစ်ကော်မရှင်သည် ဝိုင်းမော်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) မှနေ၍…
-

NUG၊ တော်လှန်ရေးအဖွဲ့များပါမှ KIA စစ်တပ်နှင့် ဆွေးနွေးမည်
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို တွေ့ဆုံဆွေးနွေးရေး စစ်တပ် ပြောဆိုကမ်းလှမ်းမှုများ မကြာခဏရှိနေသော်လည်း အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစု အားလုံးနှင့် တွေ့ဆုံဆွေးနွေးမှသာ လက်ခံမည် တုံ့ပြန်ထားကြောင်း ကချင်ပြည်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဋ္ဌ-၁ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ယခုရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုသည်။ ယင်းကို အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၌ကျင်းပသည့် ၆၅ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ် အွန်လိုင်းမှမိန့်ခွန်းပြောရာတွင် ဗိုလ်ချုပ်ကြီး ဂွန်မော်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုအား NUG နှင့်ပါ စကားပြောချင်သလားဟု မေးမြန်းထားကြောင်း ဆိုသည်။ ၎င်းက “စုစည်းညီညွတ်မှုအား လိုပါတယ်။ တစုချင်းကနေ တဖွဲ့ တဖွဲ့ကနေ တနိုင်ငံလုံးရဲ့ စုစည်းညီညွတ်တဲ့အားနဲ့ သွားရမှာ ဖြစ်ပါတယ်။ ဒီကနေ့ထိ ကျနော်တို့သွားနေတဲ့မူကတော့…
-

မောင်ဖြစ်အတွက် မဖြေဆည်နိုင်ဖြစ်နေရတဲ့ ဖွေးစိန်
ဆရာဝန်တစ်ယောက် ဖြစ်ပေမယ့် အခုလိုရောဂါနဲ့ ဆုံးသွားလို့ မောင်ဖြစ်အတွက် မဖြေဆည်နိုင်ဖြစ်နေရတဲ့ ဖွေးစိန် ဖွေးစိန်လေး အကယ်ဒမီပေးပွဲ တက်နေတုန်း မောင်ဖြစ်သူဆုံးသွားတဲ့ သတင်းကို ပရိတ်သတ်တို့လည်း ကြားဖူးလောက်ပြီထင်ပါတယ်နော်… အမေဖြစ်သူခမျာလည်း တော်တော်လေးကို ဝမ်းနည်းနေရှာတာ… လူတစ်ယောက်ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေတာထက် ဖွေးစိန်တို့က မဖြေဆည်နိုင်ဖြစ်နေကြတာပါ ဘာလို့လဲဆိုတော့ သူ့မောင်လေးက ဆရာဝန်တစ်ယောက်ဖြစ်ပြီး နှလုံးရောဂါနဲ့ ကွယ်လွန်သွားလို့ပါပဲ ဆရာဝန်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဘဲဆိုတော့ ဒီလိုရောဂါတွေနဲ့ ကွယ်လွန်တတ်ပါတယ်နော်… ဒါပေမဲ့ သူ့ကိုယ်သူ ဆေးစစ်တာ ဆေးသောက်တာ ကာကွယ်တာတွေ သေချာမလုပ်လို့လား မသိဘူးနော်… ဒါမျိုးကြီး ရုတ်တရက်ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ…မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်… ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ မောင်လေးဖြစ်သူ ဧဒင်ဦးရဲ့ ဈာပနအခမ်းအနားမှာ မြင်တွေ့ရတဲ့ ဖွေးဖွေးနဲ့ မိခင်ကြီး…