ကချင်ပြည်နယ် ၊ ဝိုင်းမော်ရှိ ကာကင်းစခန်းများ၊ ခြေကုတ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းယူလာပြီးနောက် ကျန်နေသည့် တပ်ရင်း ခလရ-၅၈ ကို တိုက်စစ်ဆင်နေကြောင်း သိရသည်။

‎KIA သည် ခလရ ၅၈ ၏ ကာကင်းစခန်း နှစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ပထမပတ်အတွင်းက သိမ်းယူခဲ့ပြီးနောက် ဆက်လက်ထိုးစစ်ဆင်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။



‎”ဝိုင်းမော်ဘက်ကို မပခ(မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကနေ လက်နက်ကြီးတွေတော့ ဆက်တိုက် ပစ်တယ်။ ခလရ ၅၈ ကလည်း ပစ်တယ်ပေါ့။ အခုတော့ တိုက်ပွဲက ခလရ ၅၈ ကို ဦးတည်လာနေတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

‎စစ်ကော်မရှင်သည် ဝိုင်းမော်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) မှနေ၍ အင်အားများဖြည့်တင်းကာ လေကြောင်းပစ်ကူများပြုလုပ်လျက်ရှိသော်လည်း ‎ဝိုင်းမော်၊ မိုင်းနားဒေသရှိ ကာကင်းများနှင့် ခြေကုတ် စခန်းများကို KIAက ဆက်တိုက်သိမ်းယူနေပြီး ဒရုန်း၊ လက်နက်နှင့် စစ်ကော်မရှင်အလောင်းများပါ သိမ်းဆည်းရမိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎ဝိုင်းမော်စစ်မျက်နှာတွင် စစ်ကော်မရှင်က ဗျူဟာမှူးအဆင့်ထက်မနိမ့်သည့် စစ်ဗျူဟာတစ်ခုနှင့် ခံစစ်ဆင်နေခြင်းဖြစ်ပြီး မပခမှ စစ်ကူများထပ်မံပို့ဆောင်မည့် အစီအမံရှိနေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြော သည်။



KIAသည် ဝိုင်းမော်‎မြို့အစွန် ရွှေညောင်ပင်အခြေစိုက် ခမရ ၃၂၁အထိ သိမ်းယူပြီးနောက် နယ်မြေခံ တပ်ရင်းများကိုပါသိမ်းယူရန် တိုက်စစ်ဆင်နေကြောင်း သိရသည်။

‎ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ရက်နေ့ကလည်း လမြန်ကျေးရွာအနီးတွင် ခမရ-၃၁၈ မှ လှုပ်ရှားမှုရှိလာ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်မှ တပ်ဖွဲ့ဝင် လေးဦးသေဆုံးကာ လက်နက်အချို့ ရရှိခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ဝိုင်းမော်မြို့ စောင့်တပ် လို့ခေါ်တွင် နေတဲ့ ၊ ဝိုင်းမော် အထွက် မဒိန် ကျေးရွာ အနီးမှာ အထိုင် ချထား တဲ့ ခလရ (၅၈) တပ်ရင်း က မြို့ပြေးတပ် ဖြစ်ဖို့ နီးသထက် နီးကပ်လာနေပါပြီ ။

ကာကင်းများ အားလုံး KIA ဦးဆောင်တဲ့ ပူးပေါင်း တပ်ဖွဲ့ တွေက သိမ်းပိုက်ထိန်းချုပ် ထားပြီး ခလရ (၅၈) ကို ဝိုင်းပတ် ပိတ်ဆို့ တဖြည်းဖြည်း ချဉ်းကပ် တိုက်ခိုက် နေတဲ့ အခြေအနေ ပါ ။

ဒီရက်ပိုင်း အတွင်း တပ်ရင်းထဲက VIP မိသားစုတွေ မြစ်ကြီးနား မပခ ဘက်ကို အဆောတလျင် ပြောင်းရွေ့ နေတယ်လို့ လဲ ဆိုပါတယ် ။

တိုက်ပွဲကတော့ နေ့စဉ် ပြင်းထန်နေတယ်လို့ ဆိုနိုင်ပါတယ် ။


Leave a Reply

Your email address will not be published. Required fields are marked *