Category: News

  • UNDP က နယူးယောက်အခြေစိုက်ဝန်ထမ်း ၃၀၀ ကို ဂျာမနီနိုင်ငံသို့ ရွှေ့မည်

    UNDP က နယူးယောက်အခြေစိုက်ဝန်ထမ်း ၃၀၀ ကို ဂျာမနီနိုင်ငံသို့ ရွှေ့မည်

    အမေရိကန်ပြည်ထောင်စုရဲ့ ရန်ပုံငွေဖြတ်တောက်မှုတွေအပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ဇန်နဝါရီ ၂၀ ရက်မှာ နယူးယောက်ဌာနချုပ်က ဝန်ထမ်း အယောက်၃၀၀ နီးပါးကို ဂျာမနီနိုင်ငံ ဘွန်းမြို့နဲ့ နောက်ထပ်အယောက် ၁၀၀ကို စပိန်နိုင်ငံဆီ ရွှေ့ဖို့ ဆုံးဖြတ်ချက်ကို ဂျာမနီနိုင်ငံက ကြိုဆိုခဲ့ပါတယ်။ ဒီလှုပ်ရှားမှုဟာ ပြောင်းလဲနေတဲ့ ဘဏ္ဍာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရှုခင်းကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဖို့ မိတ်ဖက်ဆက်ဆံရေးကို အားကောင်းစေဖို့နဲ့ ကမ္ဘာ့အထိခိုက်လွယ်ဆုံး လူတွေကို ပံ့ပိုးဖို့ UNDP ရဲ့ စွမ်းရည်ကို အမြင့်ဆုံးဖြစ်အောင် ဆောင်ရွက်ရေး ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ အဖွဲ့အစည်းက ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။ ကုလသမဂ္ဂစနစ်နဲ့ ဘက်ပေါင်းစုံမူတွေဟာ ဖိအားပေးခံနေရလို့ ၂ နှစ်ကြာမဲ့ လုပ်ဆောင်မှုဟာ ဂျာမနီရဲ့…

  • နှုတ်ခမ်းမွှေးအဖွဲ့ ကြမ်းနေပြီ

    နှုတ်ခမ်းမွှေးအဖွဲ့ ကြမ်းနေပြီ

    2026 Jan 20 ရက်က အယုဒ္ဓယမှာ နှုတ်ခမ်းမွှေးအဖွဲ့ အလုပ်သွား အလုပ်ပြန် မြန်မာပြည်သား မှန်သမျှကို မင်းမိုက်စရိုက်ဆန်ဆန် အဖွဲ့လိုက် ဝိုင်းကိုက်ကြပြီး အထိုးကြိတ်ခံရတဲ့ ညီလေး အလုပ်တောင် မသွားနိုင်ဘူးတဲ့ဗျာ 🥹🥹

  • အသက်မပြည့်သေးသည့် အမျိုးသမီးငယ်အား မုဒိမ်းကျင့်မှုဖြင့် ပရဟိတဥက္ကဋ္ဌကို ဖမ်းဆီး

    အသက်မပြည့်သေးသည့် အမျိုးသမီးငယ်အား မုဒိမ်းကျင့်မှုဖြင့် ပရဟိတဥက္ကဋ္ဌကို ဖမ်းဆီး

    အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တယောက်အား အဓမ္မပြုကျင့်ခဲ့မှု သံသယနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်တော်ပြုပရဟိတအသင်း ဥက္ကဋ္ဌ စိုင်းမြအောင်ကို ရဲတွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။ ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်တော်ပြုပရဟိတအသင်း ဥက္ကဋ္ဌ စိုင်းမြအောင်မှာ အသင်းသူ အသက်မပြည့်သေးတဲ့ မိန်းမငယ်တယောက်အား အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး ရဲတွေက ဇန်နဝါရီ ၁၇ ရက်မှာ ဖမ်းဆီးပြီး စစ်ဆေးနေတာလို့ မြိုခံတယောက်က ပြောပါတယ်။ “အသင်းဝင်ကလေးမလေးကို လှိုင်သာယာဘက်မှာ ပရဟိတကိစ္စ ကူညီစရာရှိတယ်လို့ လိမ်ခေါပြီး သူ့အိမ်မှာ မုဒိမ်းကျင့်တာ ၃ ကြိမ်လောက်ရှိတယ်။ ပြန်ပြောရင် သတ်ပစ်မယ်လို့ခြိမ်းခြောက်တော့ ကလေးမလေးက မပြောရဲဘူး။ ဖြစ်စဥ်က ၁ ရက်နေ့ဖြစ်တာ၊ ၁၆ ရက်မှ ကလေးမက သူမိသားစုကို ပြန်ပြောမှ အမှုဖွင့်တာ။ ၁၇ ရက်နေ့က လာဖမ်းသွားတယ်။” ရဲတွေက…

  • ထိုင်းရောက်မြန်မာတို့ အထူးသတိထား လိုက်နာရမယ့်အချက်များ

    ထိုင်းရောက်မြန်မာတို့ အထူးသတိထား လိုက်နာရမယ့်အချက်များ

    ထိုင်းရောက်မြန်မာများလိုက်နာရန် အကြံပြုချက် -ထိုင်း-မြန်မာကြား ပြင်ပတွင်​ရော၊ လူမှုကွန်ယက်မှာပါ အမုန်းစကားပြောဆိုခြင်းမပြုရန် -အော်ဟစ်ဆူညံစွာ ပြောဆိုနေထိုင်တာမျိုး မလုပ်ကြရန် (ထိုင်းနိုင်ငံသားအများစုဟာ တိတ်ဆိတ်စွာနေထိုင်ကြလေ့ရှိပြီး ဆူညံတာကိုမကြိုက်ဘဲ တိုင်ကြားတတ်ကြပါတယ်) -လမ်းဘေးနေရာတွေမှာ အရက်၊ ဘီယာ သောက်စားတာမျိုးမလုပ်ရန် -ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်မှုရေးဆိုင်ရာကိစ္စရပ်တွေကိုပါဝင်ပတ်သက်ခြင်းမပြုကြရန် -တရားဥပဒေနဲ့မညီတဲ့ ဘယ်ကိစ္စမှာမဆို ပါဝင်ပတ်သတ်ခြင်းမပြုရန် -ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ ဒေသန္တရစည်းကမ်းတွေကို သိရှိပြီးလေးစားလိုက်နာကြရန် -အိမ်ရှင်လူမှုအသိုင်းအဝိုင်းရဲ့ တန်ဘိုးထားမှု၊ လူနေမှုပုံစံတွေနဲ့အညီ သဟဇာတဖြစ်စွာ လိုက်လျောညီထွေ နေထိုင်ကြရန် -ထိုင်းစကား​ပြောတတ်လျှင် ပိုအဆင်​ပြေတာ​ကြောင့် ထိုင်းစကား​ပြောတက်​အောင်ကြိုးစားသင့် -သက်ဆိုင်ရာနယ်မြေရှိ ‌ရွှေ့ပြောင်းလုပ်သားအရေးကူညီသူများ၏ ဖုန်းနံပါတ်နှင့် Line ID များ မှတ်သားထားရန် -ထိုင်းအစိုးရ ထုတ်ပြန်ချက်များအား အဆက်မပြတ်သိရှိ​အောင် သတင်းဖတ်ရှု၊ နားစွင့်နေရန် -ပတ်စ်ပို့၊ ပန်​ရောင်းကတ်စတဲ့ စာရွက်စာတမ်းအထောက်အထား​တွေကို အမြဲတမ်းယူဆောင်ရန်

  • မဲဆောက်တွင် ဧရာဝတီမ ဟု လူသိများသည့် အွန်လိုင်းဆယ်လီ LGBT လုယက်သတ်ဖြတ်ခံရ

    မဲဆောက်တွင် ဧရာဝတီမ ဟု လူသိများသည့် အွန်လိုင်းဆယ်လီ LGBT လုယက်သတ်ဖြတ်ခံရ

    ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ‘ဧရာဝတီမ’ ဟု လူသိများသည့် မြန်မာအွန်လိုင်းဆယ်လီ LGBT တစ်ဦး အဓမ္မပြုကျင့် လုယက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ မဲဆောက်မြို့၊ မယ်တောင်နယ်မြေ၊ TK ကြီးရပ်ကွက်ရှိ ယာခင်းတစ်ခုအတွင်း သတ်ဖြတ်စွန့်ပစ်ထားသည့် ၎င်း၏ရုပ်အလောင်းကို ယနေ့ ဇန်နဝါရီ ၂၀ ရက်၊ နေ့လယ်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ‘ဧရာဝတီမ’ သည် ဇန်နဝါရီ ၁၉ ရက် ည ၁၂ နာရီကျော်အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် ၎င်းနှင့် နီးစပ်သူများက လူမှုကွန်ရက်တွင် လူပျောက်ကြောင်း အကူအညီတောင်းခံထားသူ ဖြစ်သည်။ ရုပ်အလောင်းကို တွေ့ရှိချက်အရ အဓမ္မ ပြုကျင့်ပြီး ဝါးရင်းတုတ်ဖြင့် ရိုက်နှက်သတ်ဖြတ်ထားသည့် ဒဏ်ရာများ တွေ့ရှိရကာ ၎င်းနှင့်အတူပါသွားသည့် iPhone 17 Pro Max နှစ်လုံး၊ ရွှေဆွဲကြိုး၊…