Category: News

  • ပသစ ကျားဖြန့်တွေ ဖမ်းဆီးခံခဲ့ရတဲ့ ရှင်မင်းမြတ်

    ပသစ ကျားဖြန့်တွေ ဖမ်းဆီးခံခဲ့ရတဲ့ ရှင်မင်းမြတ်

    ရဲတပ်ဖွဲ့သို့ တိုင်ကြားစာ (ဖြစ်စဉ်ဖော်ပြချက်) ကျွန်ုပ် အောင်ကျော်စိုး (မှတ်ပုံတင်အမှတ် ၁၃/ကလတ(နိုင်) ၀၄၄၁၈၅) သည် အောက်ပါအတိုင်း ဖြစ်ပွားခဲ့သော အမှုအခင်းအား တရားဝင် တိုင်ကြားလိုပါသည်။ မိတ်ဆွေတစ်ဦး၏ မိတ်ဆွေမှတဆင့် မိတ်ဆွေ၏ မိတ်ဆွေဟု ဆိုသူတစ်ဦးက မင်္ဂလာပွဲဆိုင်ရာ ကိစ္စဖြင့် ဖိတ်ကြားခဲ့ပါသည်။ ထိုသူအား ယုံကြည်မှုဖြင့် လက်ခံခဲ့ပြီး ၎င်းတို့ဘက်မှ ရန်ကုန်မှ မန္တလေးသို့ လေယာဉ်လက်မှတ်ကို ကြိုတင်စီစဉ်ပေးခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်အနေဖြင့် လုံခြုံရေးအတွက် သတိမပြုနိုင်ခဲ့ပါ။ ၎င်းတို့၏ စီစဉ်မှုအရ 2026 ဇန်နဝါရီလ 4 ရက်နေ့တွင် ရန်ကုန်မှ မန္တလေးသို့ လေယာဉ်ဖြင့် ခရီးသွားခဲ့ပြီး မန္တလေးမြို့ရှိ Magic Hotel တွင် တည်းခိုစေခဲ့ပါသည်။ 5 ရက်နေ့ မနက် 5:30 အချိန်တွင် မူဆယ်မြို့သို့…

  • ICJ ၏ ကြားဖြတ်အစီအမံများကို မြန်မာစစ်အုပ်စုက မလိုက်နာကြောင်း ဂမ်ဘီယာရှေ့နေများ လျှောက်လဲ

    ICJ ၏ ကြားဖြတ်အစီအမံများကို မြန်မာစစ်အုပ်စုက မလိုက်နာကြောင်း ဂမ်ဘီယာရှေ့နေများ လျှောက်လဲ

    နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ချမှတ်ထားသည့် ကြားဖြတ်အစီအမံ (Provisional Measures) များကို မြန်မာစစ်ကော်မရှင်တပ်က လိုက်နာမှုမရှိဘဲ ဆက်လက်ချိုးဖောက်နေကြောင်း ဂမ်ဘီယာရှေ့နေများက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် ကြားနာစစ်ဆေးမှုတွင် အထောက်အထားသစ်များဖြင့် လျှောက်လဲခဲ့ကြသည်။ ဂမ်ဘီယာရှေ့နေ အာစလန်ဆူလေမန်က မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသေးသော ရိုဟင်ဂျာ ၆၀၀,၀၀၀ သိန်းခန့်မှာ စစ်တပ်၏ ဖိနှိပ်မှုနှင့် လူမျိုးရေးခွဲခြားအုပ်ချုပ်သောစနစ်အောက်တွင် ဒုက္ခခံစားနေရကြောင်း တရားရုံးသို့ တင်ပြခဲ့သည်။ ၎င်းတို့သည် တင်းကျပ်သော ခွဲခြားဆက်ဆံမှုများ၊ သွားလာခွင့်ကန့်သတ်ချက်များအပြင် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများပါ ပိတ်ဆို့ခံထားရသည်ဟု ဆိုသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ရိုဟင်ဂျာ ၅,၀၀၀ ကျော်ကို စစ်တပ်က အတင်းအဓမ္မ စစ်သားစုဆောင်းခဲ့ပြီး အာရက္ခတပ်တော်…

  • လင်ယောက်ျား ဖမ်းဆီးခံထားရမှုအပေါ် ဝမ်းသာပျော်ရွှင်ကြောင်း သီတာယုမွန်ပြော

    လင်ယောက်ျား ဖမ်းဆီးခံထားရမှုအပေါ် ဝမ်းသာပျော်ရွှင်ကြောင်း သီတာယုမွန်ပြော

    မန္တလေးတိုင်း၊ ‎မြင်းခြံခရိုင် ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ ယောက်ျား ဒုတိယပျူစောထီး ခေါင်းဆောင်ကို မြင်းခြံ အမှတ် (၃) တပ်ရင်းမှ ဖမ်းဆီးထားပြီး လင်ယောက်ျား ဖမ်းဆီးခံထားရမှုအပေါ် ဝမ်းသာပျော်ရွှင်ကြောင်း သီတာယုမွန်က သူမရဲ့ လူမှုကွန်ရက်မှတဆင့် ပြောဆိုလိုက်ပါတယ်။ သီတာယုမွန်ရဲ့ ယောက်ျားစိန်လွင်ကို မူးယစ်ဆေးဝါး၊ လိင်စိတ်ကြွဆေးဝါးများနဲ့အတူ မနေ့က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံ အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ ယောကျာ်းဖြစ်သူကို PDF တို့ ဖမ်းဆီးထားသော်လည်း မြင်းခြံပျူခေါင်းဆောင် သီတာယုမွန် ထမင်းစားမပျက် မြင်းခြံပျူစောထီးခေါင်းဆောင် သီတာယုမွန်သည် ယောကျာ်းဖြစ်သူကို PDFတပ်ဖွဲ့က ဖမ်းဆီးထားသော်လည်း ထမင်းစားမပျက်ကြောင်းသိရသည်။ ဇန်နဝါရီ ၁၄ရက်၊ နံနက် ၉နာရီခန့်တွင် မန္တလေးတိုင်း၊ မြင်းခြံ-ပုဂံညောင်ဦး လမ်းပိုင်းတစ်နေရာတွင် ပုဂံသို့ အပန်းဖြေခရီးထွက်လာသည့်…

  • စစ်တွေမြို့ ခလရ ၂၃၂ တပ်ရင်းဂိတ်တွင်တပ်ကြပ်ကြီး စံဝင်းနှင့် တပ်ကြပ် ပြည့်စုံအောင်တို့ စကားများ ရန်ဖြစ်ရာမှ လက်ပစ်ဗုံးဖြင့် ပစ်

    စစ်တွေမြို့ ခလရ ၂၃၂ တပ်ရင်းဂိတ်တွင်တပ်ကြပ်ကြီး စံဝင်းနှင့် တပ်ကြပ် ပြည့်စုံအောင်တို့ စကားများ ရန်ဖြစ်ရာမှ လက်ပစ်ဗုံးဖြင့် ပစ်

    စစ်တွေမြို့ ခလရ ၂၃၂ တပ်ရင်းဂိတ်တွင်တပ်ကြပ်ကြီး စံဝင်းနှင့် တပ်ကြပ် ပြည့်စုံအောင်တို့ စကားများ ရန်ဖြစ်ရာမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် ၂ ဦးလုံး သေဆုံး ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ခလရ ၂၃၂ တပ်ရင်းဂိတ်တွင် အကြမ်းဖက် စစ်သား ၂ ဦး စကားများ ရန်ဖြစ်ရာမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်စဉ် ၂ ဦးလုံး ဗုံးစထိမှန်ပြီး သေဆုံးခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်ကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။ မကြာသေးမီ ယခုဇန်နဝါရီလအတွင်း စစ်တွေမြို့ အခြေစိုက် ခလရ ၂၃၂ တပ်ရင်းရှိ ဂိတ် ၂ တွင် ခွဲတပ်ကြပ်ကြီး စံဝင်းနှင့် တပ် ကြပ် ပြည့်စုံအောင် တို့ ၂ ဦး…

  • ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီ ဖျက်သိမ်းခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရ

    ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီ ဖျက်သိမ်းခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရ

    နိုင်ငံခြားသံရုံးက ပုဂ္ဂိုလ်တချို့နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်တို့ ခွင့်ပြုချက်မရှိဘဲ တွေ့ဆုံခဲ့တယ်လို့ဆိုပြီး စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ မနေ့က ဇန်နဝါရီ ၁၄ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်မယူဘဲ နိုင်ငံခြားသံရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့လို့ဆိုကာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ (စ) နဲ့ ငြိစွန်းတယ်လို့ ဖော်ပြထားပြီး ပုဒ်မ ၁၂ အရ အရေးယူသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီတွေအနေနဲ့ ပြည်ပအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ရှိရင် စစ်အုပ်စုရွေးကောက်ပွဲကော်မရှင်ထံ ကြိုတင်အသိပေးရမယ်လို့ ပြောဆိုထားပေမယ့် ဒေါ်သက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ အသိပေးအကြောင်းကြားခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ…