Category: News
-

ဗျူဟာမှူး ဗိုလ်မှူးလှမျိုးထွဋ် ဒဏ်ရာအပြင်းထန်ရတာကြောင့် တီးတိန်မှာဆေးကုနေရ
ကနေဒီတောင်တိုက်ပွဲကို ဦးဆောင်နေတဲ့ ဗျူဟာမှူး ဗိုလ်မှူးလှမျိုးထွဋ် ဒဏ်ရာအပြင်းထန်ရတာကြောင့် တီးတိန်မှာဆေးကုနေရ ချင်းတပ်ဖွဲ့တွေ ကနေဒီတောင်ကုန်းကို ပြည်လည်သိမ်းပိုက်ပြီးနောက် တာဝါတိုင်ကုန်း စစ်အုပ်စုစခန်းကို ဆက်လက်ထိုးစစ်ဆင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပေါ်က စစ်အုပ်စုသိမ်းပိုက်ထားတဲ့ ကနေဒီတောင်ကုန်းကို တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့သလို စစ်အုပ်စုဘက်က တိုက်ပွဲမှာ ဦးဆောင်ကွပ်ကဲတဲ့ စစ်အုပ်စုခြေလျင်တပ်ရင်း ခလရ -၂၆၉ ဗျူဟာမှူး ဗိုလ်မှူးလှမျိုးထွဋ် ဒဏ်ရာအပြင်းထန်ရကာ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုတပ်တွေက အောက်တိုဘာ ၂၉ ရက်နေ့ကတည်းက ကလေး – နတ်ချောင်း- ဝေဘူလမြို့ကနေ စစ်ကြောင်းတစ်ကြောင်း၊ တီးတိန်မြို့ပေါ်ကနေ စစ်ကြောင်းတစ်ကြောင်း ကလေးမြို့ ကလေး -တီးတိန်-လမ်းလမ်းမကြီးကနေ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း အင်းအား ၇၀၀ ခန့်ပါတဲ့…
-

နမခတိုင်းမှူးနှင့် တပ်မ-၃၃ ဒုတပ်မမှူးကို အချုပ်ချစစ်ဆေးနေ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးအား အကျယ်ချုပ်ဖြင့် ခုံရုံးဖွဲ့စစ်ဆေးနေသည့်အပြင် တပ်မ-၃၃ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇင်မျိုးဦးကိုလည်း အချုပ်ချစစ်ဆေးနေကြောင်း စစ်တပ် CDM သတင်းအရင်းအမြစ်က ပြောသည်။ ၎င်းတို့နှစ်ဦး အချုပ်ချစစ်ဆေးခံရသည့် အကြောင်းရင်းများအနက် ဟုမ္မလင်းဒေသ ရွှေလုပ်ကွက်များထံ ကန့်သတ်ကုန် ပစ္စည်းများအား လာဘ်ငွေရယူပြီး တင်သွင်းခွင့်ပေးခြင်းနှင့် စစ်ဆေးရေးဂိတ်များတွင် ကုန်ကားများထံမှ ပိုက်ဆံရယူကာ ဖြတ်သန်းခွင့်ပေးခြင်းများ ပါဝင်ကြောင်း သိရသည်။ နမခတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးသည် အလုပ်သင်ဗိုလ်သင်တန်း (တေဇ- ၂၆)မှဖြစ်ပြီး တပ်မ ၁၁ လောက်ကိုင်ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်၊ ကျောက်မဲ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်တို့တွင် တပ်မမှူးတာဝန်ယူခဲ့ကာ ၂၀၂၄ သြဂုတ် ၃ ရက်၌ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)နှင့် ပူးပေါင်းတပ်များ အရှေ့မြောက်တိုင်းစစ်ဌာ…
-

ဂျပန် စစ်ဦးစီးချုပ်နှင့် အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး တွေ့ဆုံ
ဂျပန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အူချီကူရာ ဟီရိုရာကီဟာ အမေရိကန် ရေတပ် စစ်ဆင်ရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ဒါရယ် ကောဒဲလ်နဲ့ နိုဝင်ဘာ ၁၈ ရက်က တွေ့ဆုံဆွေးနွေးကြောင်း ဂျပန် စစ်ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသ လက်ရှိ အခြေအနေတွေပါ ဆွေးနွေးခဲ့သလို လက်တွေ့ကျကျနဲ့ အဆင့်မြင့် မယ့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင် ဆွေးနွေးခဲ့တယ်ဆိုပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေး တိုးချဲ့ မြှင့်တင်ခြင်းဟာ ဂျပန်-အမေရိကန် မဟာမိတ် စွမ်းရည်တွေကို ပိုမိုအားကောင်းစေသလို ဒေသတွင်း ခြိမ်းခြောက်မှုတွေကို ဟန့်တားနိုင်မယ်ဆိုတာကို သဘောတူခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး ဒါရယ် ကောဒဲလ်ရဲ့ ခရီးစဥ်ဟာ တိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ဂျပန်-တရုတ်နဲ့ နှစ်နိုင်ငံ…
-

ရွေးကောက်ပွဲဝင်မည့် ပါတီကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်များ ဆက်တိုက်ဖျက်ဆီးခံရ
အာဏာသိမ်းစစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းက ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ကြော်ငြာ ဆိုင်းဘုတ်တွေ ဆက်တိုက် ဖျက်ဆီးခံနေရတယ်လို့ ပါတီဝင်တွေဆီက သိရပါတယ်။ ရန်ကုန်မှာ အလုံ၊ သင်္ဃန်းကျွန်း၊ သန်လျင်နဲ့ ရွှေပြည်သာမြို့မှာ ကြံ့ခိုင်ရေး၊ ပြည်သူ့ရှေ့ဆောင်နဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်တွေ ဆက်တိုက် ဖျက်ဆီးခံရတယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီဝင်တယောက်က ပြောပါတယ်။ “ရန်ကုန်မှာ ကြံ့ခိုင်ရေးရော၊ ဦးကိုကိုကြီးပါတီရော ကျနော်တို့ ပီသုံးလုံးပါတီရော ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာ။ အလုံမှာဆို ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း နေအိမ်ကို ခဲနဲ့ထုပြီး မဲမပေးဖို့ အော်ဆဲသွားတာတောင် ရှိတယ်။ ပါတီတိုင်း ဖြစ်နေတာ။” မန္တလေးတိုင်း၊ စဥ့်ကိုင်နဲ့ ပြည်ကြီးတံခွန်မြို့နယ်မှာ ကြံ့ခိုင်ရေးပါတီက ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်တွေ နိုဝင်ဘာ ၁၄…
-
ကမ္ဘာလုံးပြိုပျက်ပြီးနောက် နတ်ရေကန်စခန်းကို AA က စနိုက်ဘာ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုပိုလုပ်လာ
(အကြမ်းဖက်စစ်တပ်မှ သေဆုံးသူနှင့်ထွက်ပြေးသူများယခင်ကထက်ပိုရှိလာ) နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကကမ္ဘာလုံးကိုအာရက္ခတပ်တော်က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ဖြိုဖျက်ပြီးနောကAA က စနိုက်ဘာများ၊လက်နက်ကြီးများဖြင့်၎င်းစခန်းအား တိုက်ခိုက်မှုပိုပြုလုပ်နေသည်ဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ် တစ်ဦးက နိရဉ္စရာကို ပြောသည်။ “ကမ္ဘာလုံးက ဒီလ၁၆ ရက်နေ့က လက်နက်ကြီးကျည် ထိမှန်ပြီး ပြိုသွားပြီ။ AAကနိုဝင်ဘာ ၁၇ ရက်နေ့ကတည်း စနိုက်ဘာနဲ့အာပီဂျီလိုလက်နက်ကြီးတွေနဲ့ စတင်ပြီးတိုက်ခိုက်မှုတွေကိုပိုပြုလုပ်နေပါတယ်”ဟု ပြောသည်။ ယခုကဲ့သို့AA စတင်တိုက်ခိုက်နေခြင်းကြောင့် အကြမ်းဖက်စစ်တပ်မှ သေဆုံးမှုများလည်းရှိလာပြီးနောက်ဆက်တွဲအကျိုးရလဒ်အနေဖြင့် စစ်သားများ ထွက်ပြေးမှုလည်းပိုများလာနေသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။ “အခုလို စစ်သားတွေ နတ်ရေကန်တောင်ပေါ်မှာ ပိတ်မိနေတာလနဲ့ချီရှိလာပြီးမှ နတ်ရေကန်ကိုစကိုင်တဲ့သဘောပါ။ စစ်တပ်က အကျအဆုံးနဲ့ ထွက်ပြေးမှုပိုများလာသလို တစ်ဖက်မှာလည်း လေကြောင်းကနေ ယခင်ကထက်ပိုမိုဗုံးကြဲချလာတယ်” ဟု ပြောသည်။ နိုဝင်ဘာ ၁၆ ရက်နေ့ကလေထီးဖြင့် ချပေးသော ပစွည်းထုတ်များကိုကောက်ယူပြီးကမ္ဘာလုံးထဲတွင်သိုလှောင်ရန်ပြင်ဆင်နေချိန်၌ AAမှလက်နက်ကြီးများ၊ဒရုန်းဗုံးများဖြင့် ချိန်ကိုက်ပစ်ခတ်တိုက်ခိုက်သောကြောင့် စစ်သားများသေဆုံးမှုရှိပြီးထိုအထဲတွင် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးလည်းပါဝင်သည်ဟုအာဏာပိုင်များနှင့် နီးစပ်သူပဒါန်းဒေသခံတစ်ဦး၏ ပြောကြားချက်အရသိရသည်။…