ဂျပန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အူချီကူရာ ဟီရိုရာကီဟာ အမေရိကန် ရေတပ် စစ်ဆင်ရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ဒါရယ် ကောဒဲလ်နဲ့ နိုဝင်ဘာ ၁၈ ရက်က တွေ့ဆုံဆွေးနွေးကြောင်း ဂျပန် စစ်ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

အင်ဒို-ပစိဖိတ်ဒေသ လက်ရှိ အခြေအနေတွေပါ ဆွေးနွေးခဲ့သလို လက်တွေ့ကျကျနဲ့ အဆင့်မြင့် မယ့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင် ဆွေးနွေးခဲ့တယ်ဆိုပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး တိုးချဲ့ မြှင့်တင်ခြင်းဟာ ဂျပန်-အမေရိကန် မဟာမိတ် စွမ်းရည်တွေကို ပိုမိုအားကောင်းစေသလို ဒေသတွင်း ခြိမ်းခြောက်မှုတွေကို ဟန့်တားနိုင်မယ်ဆိုတာကို သဘောတူခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး ဒါရယ် ကောဒဲလ်ရဲ့ ခရီးစဥ်ဟာ တိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ဂျပန်-တရုတ်နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် တင်းမာလာနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဗိုလ်ချုပ်ကြီး ဒါရယ် ကောဒဲလ်ဟာ ဂျပန်ရှိ အမေရိကန် တပ်ဖွဲ့တွေနဲ့ တွေ့ဆုံခဲ့သလို ဂျပန် စစ်ဘက် အရပ်ဘက် အဆင့်မြင့် အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *