Category: News

  • ရန်ကုန်မှာ ကြံ့ခိုင်ရေးရုံးကို ဗုံးနဲ့ တိုက်ခိုက်

    ရန်ကုန်မှာ ကြံ့ခိုင်ရေးရုံးကို ဗုံးနဲ့ တိုက်ခိုက်

    ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ ကြံ့ခိုင်ရေးရုံးကို မနေ့ညက ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်က ထုတ်ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုမှာ ကြံ့ခိုင်ရေးရုံးဂိတ်ရှိ စစ်သားနှစ်ဦးက ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ပြကြွက်ထုတ်ပြန်ချက်အရ သိရပါတယ်။ မြို့ပြကြွက်တာဝန်ရှိသူက “ စခ ၂ ပြည်သူစစ် ၂ နှစ်ဦး ထိခိုက်တယ်လို့ သတင်းရတယ်” လို့ ပြောပါတယ်။ မြို့ပြကြွက်အနေနဲ့ စစ်အုပ်စု၏ အကြမ်းဖက်သွေးစွန်းမှုများကို တရားဝင်ဖြစ်ရေး အသည်းအသန်ကြိုးပမ်းမှုများကို တားဆီးရန် နဲ့ စစ်အုပ်စု၏ပြည်သူအပေါ် မတရားဖမ်း ဆီးစစ်မှုထမ်းခိုင်းနေမှုများကို လက်တုန့်ပြန်တိုက်ခိုက်သွားမည်ဖြစ်တဲ့အတွက် စစ်အုပ်စု အလိုကျဘောမနေမှုများကို ရပ်တန့်ကြရန် သတိပေးတယ်လို့ ထုတ်ပြန်ထားပါတယ်။ Photo – မြို့ပြကြွက်

  • KK Park စီးနင်းမှုနောက်ကွယ် BGF ဘာတွေဆက်ကြံစည်နေလဲ

    KK Park စီးနင်းမှုနောက်ကွယ် BGF ဘာတွေဆက်ကြံစည်နေလဲ

    ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် KK Parkအွန်းလိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်းသည် အကြမ်းဖက် စစ်ကောင်စီတပ်နှင့်BGFတပ်တို့အကြားညှိနိုင်းကာစီးနင်းမှုတစ်ရပ်လုပ်ဆောင်ခဲ့သည်။ KK Park ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့်အလုပ်ရုံတွင် BGFတပ်ဖွဲ့များမှ လုံခြုံရေးအကြောင်းပြချက်ဖြင့် အဓိကကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများလုံခြုံသည့်နေရာသို့အသီးသီးပြောင်းရွေ့ထားသည်ဟုလည်း စုံစမ်းသိရှိရသည်။ ကျားဖြန့်လုပ်ငန်းချုပ်နှောင်မှုမှလွတ်မြောက်ရန် ကြိုးစားနေသူသာမန်လုပ်သားများသည် ဒီဖြစ်စဉ်အခင်းအကျင်းအပေါ် လွတ်မြောက်မှုလမ်းစတစ်ခုအဖြစ် အသုံးချကာ လွတ်မြောက်ရာ ဒေသနှင့်နီးစပ်ရာထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည်မှာ ၁၄၀၀ ဦးထက်မနည်းရှိသည်။ ထိုင်းနိုင်ငံနဲ့နယ်နိမိတ်ထိစပ်နေသည့် မြန်မာနှင့်ကမ္ဗောဒီးယားနိုင်ငံမှ ကျားဖြန့်လုပ်ငန်းသည် အိမ်ရှင်နိုင်ငံ ခရိုနီအပါအဝင် တရုတ်စီးပွားရေးသမားများနှင့် ထိုင်းနိုင်ငံစီးပွားရေးသမားအချို့လည်း လျှို့ဝှက်ပတ်သက် ဆက်နွယ်နေသည်ဟု ထိုင်းနိုင်ငံဆိုင်ရာအစိုးရအဖွဲ့အစည်းနဲ့နီးစပ်သည့် သတင်းအရင်းမြစ်များမှသုံးသပ် ပြောဆိုမှုများရှိနေသည်။ ၎င်းလုပ်ငန်းများ ပပျောက်နိုင်ဖို့ရာ အင်မတန်ခက်ခဲပြီး အိမ်နီးချင်း ထိုင်းနိုင်ငံအစိုးရအနေဖြင့် ဝိုင်းဝန်းကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ဟု အဆိုပါသတင်းအရင်းမြစ်များမှသုံးသပ်ပြောဆိုထားသည်။ ကရင်ပြည်နယ်တွင် ကျားဖြန့်လုပ်ငန်းအား အဓိက စတင်ဝင်ရောက်လုပ်ကိုင်သည့် တရုတ်လူမျိုး ရှိကျိကျန်းသည် အွန်လိုင်းကျားဖြန့်လုပ်ငန်းထူထောင်ရာမှာ ကရင်နယ်ခြားစောင့်တပ်(BGF)၊အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်စစ်တပ်တို့နဲ့ပါဝင်ပတ်သက်မှုများရှိနေသည်ဆိုတာ မမှားလောက်ပေ။ KK Park စီးနင်းမှုသည်…

  • အိမ်ဖောက်ဝင်လာတဲ့ သူခိုးကို ရဲလက်အပ်ခဲ့တဲ့ ကေပေါ့ပ် အဆိုတော် နာနာ

    အိမ်ဖောက်ဝင်လာတဲ့ သူခိုးကို ရဲလက်အပ်ခဲ့တဲ့ ကေပေါ့ပ် အဆိုတော် နာနာ

    အိမ်ထဲ ဖောက်ထွင်း ဝင်လာတဲ့ သူခိုးကို တောင်ကိုးရီးယား ကေပေါ့ပ် အဆိုတော် နာနာနဲ့ သူ့အမေက ပြန်ခုခံ ဖမ်းချုပ်ပြီး ရဲလက်အပ်ခဲ့တယ်လို့ တောင်ကိုရီးယား သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဂူရီမြို့မှာရှိတဲ့ နာနာရဲ့အိမ်ထဲ အသက် ၃၀ ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖောက်ထွင်း ဝင်လာပြီး နာနာတို့သားအမိကို လက်နက်ပြ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၃၄ နှစ်အရွယ် နာနာ (အမည်ရင်း အင်မ်ဂျင်းအာ) နဲ့ သူ့အမေက ရဲတွေ ရောက်လာတဲ့အချိန်အထိ သူခိုးကို ဖမ်းချုပ်ထားနိုင်ခဲ့တယ်လို့ နာနာရဲ့အေဂျင်စီက သတင်းမီဒီယာတွေကိုပြောပြပါတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်ချိန်မှာတော့ သူ့အမေ သတိမေ့သွားခဲ့ပြီး နာနာရော အမေပါ ဆရာဝန်နဲ့ ပြခဲ့ရတယ်လို့ ယွန်ဟပ် သတင်းဌာနမှာ ဖော်ပြထားပါတယ်။ အိမ်ထဲ ဖောက်ထွင်းဝင်လာတဲ့ သူခိုးက…

  • အယ်ဂျာဇီးရား သတင်းဌာနဆီ ပေါက်ကြားသွားတဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးဆိုင်ရာ PowerPoint ဖိုင်တွေနဲ့ အချက်အလက်များ

    အယ်ဂျာဇီးရား သတင်းဌာနဆီ ပေါက်ကြားသွားတဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးဆိုင်ရာ PowerPoint ဖိုင်တွေနဲ့ အချက်အလက်များ

    အယ်ဂျာဇီးရားသတင်းဌာနဆီပေါက်ကြားသွားတဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးဆိုင်ရာ PowerPoint ဖိုင်တွေနဲ့ အချက်အလက်တွေအရ ရန်ကုန်တမြို့လုံးအနှံ့ တပ်ဆင်ထားတဲ့ CCTV တွေရဲ့ နေရာတွေကို တွေ့ရှိရပါတယ်။ မြို့ပြပျောက်ကြားအဖွဲ့တွေကို နှိပ်ကွပ်ဖို့ အသည်းအသန်ကြိုးစားခဲ့တဲ့ စစ်‌ကောင်စီရဲ့ ဌာနတွင်းအချက်အလက်တွေလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် စစ်ကြောရေးစခန်းတွေမှာသာမက သာမာန်တပ်ရင်းရုံးရှေ့မှာတင် ပြည်သူနှစ်ဦးကို သံကြိုးနဲ့ မ-သေ-မ-ချင်း ရိုက်နှက်သ-တ်ဖြ-တ်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်သံဖိုင်လည်း ပါဝင်ပါတယ်။ ဒီဖိုင်ကို အဲ့တပ်မှာ တာဝန်ကျပြီး အခု အလင်းဝင်လာတဲ့ စစ်သားတဦးက အယ်ဂျာဇီးရားဆီ ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ်ရုပ်သံတခုမှာတော့ မတရားစစ်မှုထမ်းဆွဲခေါ်ခံရတဲ့ လူငယ်တဦးက စစ်မှုထမ်းသင်တန်းတက်နေစဉ်နဲ့ ရှေ့တန်းလွှတ်တဲ့အချိန်တွေမှာ ခိုးရိုက်ထားတဲ့ ရုပ်သံတွေလည်း ပါဝင်ပါတယ်။ စစ်ကောင်စီက တရုတ်နဲ့ ရုရှားဆီကနေ လက်နက်တွေကို ရရှိနေပြီး ရုရှားကတော့ ယူကရိန်းစစ်ပွဲနဲ့တင် လုံးပန်းနေရလို့ လက်ရှိမှာ တရုတ်အစိုးရဟာ…

  • Jesters: The Game Changers

    Jesters: The Game Changers

    Jesters: The Game Changers (2019) ​ဒီတစ်​ခေါက်ဇာတ်လမ်း​လေးက​တော့ ၂၀၁၉ခုနှစ်မှာ ပြသခဲ့တဲ့ ဒါရိုက်တာ Kim Joo-Ho ​ရေးသားရိုက်ကူးထားပြီး ဆယ်ဂျိုဘုရင်နဲ့ သစ္စာခံ​တော်ဝင်မှူးမတ်​ခြောက်ဦးအ​ကြောင်းကို အ​ခြေခံပြီး ရိုက်ကူးထားတဲ့ သမိုင်း​နောက်ခံဟာသဇာတ်မြူးကား​လေးတစ်ကားဖြစ်ပါတယ်။ အဓိကဇာတ်​ဆောင်​တွေက​တော့ Cho Jin-Woong, Park Hee-Soon, Son Hyun-Joo, Ko Chang-Seok, Kim Seul-Gi, Yoon Park, Kim Min-Sukတို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း တူဖြစ်သူနဲ့ သစ္စာခံ အမတ်​ခြောက်ဦးကို သတ်ပြီး ထီးနန်းကို လုယူခဲ့တဲ့ ဆယ်ဂျိုဘုရင်အ​ကြောင်းကို ​ရေးသားထားတဲ့ ​’တော်ဝင်မှူးမတ်​ခြောက်ဦး’ဆိုတဲ့ စာအုပ်ဟာ ပြည်သူလူထုကြားထဲ ပျံ့နှံ့​နေတာ​ကြောင့် ဆယ်ဂျိုဘုရင် (Park Hee-Soon) က ဒီကိစ္စကို ​ဖြေရှင်းဖို့ အကြံ​ပေးအမတ်ချုပ် ဟန်​မြောင်ဟွယ် (Son…