Category: News
-

ပြည်သူများကို ဖမ်းဆီး သ-တ်ဖြတ်ရန် နှိုးဆော်နေသည့် စစ်လော်ဘီ KO CHIT(MDY) ဆိုတာ
သတင်းသမားများနှင့် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ရန် နှိုးဆော်နေသည့် စစ်လော်ဘီ KO CHIT(MDY) ဆိုတာဘယ်သူလဲ စစ်တပ်နဲ့ ၄င်းရဲ့လော်ဘီတွေ ဝါဒဖြန့်ရာမှာ အားကိုရာ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ တယ်လီဂရမ်မှာ KO CHIT(MDY) ဆိုတဲ့ စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်တစ်ခုရှိပါတယ်။ အဆိုပါ KO CHIT(MDY) တယ်လီဂရမ်ချန်နယ်ကို လူပေါင်း ၃သောင်း၊၅ထောင်ကျော်က ချိတ်ဆက်ထားတာကို တွေ့မြင်ရပါတယ်။ KO CHIT (MDY) ချန်နယ်ဟာ စစ်တပ်လော်ဘီချန်နယ် တစ်ခုတင်မဟုတ်ပဲ သတင်းထောက်တွေ ၊ စစ်တပ်ကိုဆန့်ကျင်တဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီဖို့ နေရပ်လိပ်စာတွေ၊ဖုန်းနံပါတ်တွေ၊Kpay၊ Wave အစရှိတာတွေကို ၄င်း channel မှာတင်ပြီး ဖမ်းဆီးဖို့ နှိုးဆော်နေသလို ဖမ်းဆီခံရသူတွေလည်း အမြောက်အများရှိခဲ့ပါတယ်။ KO CHIT (MDY) တယ်လီဂရမ်ချန်နယ်ကိုတည်ထောင်သူကတော့ မန္တလေး သွေးသောက်အဖွဲ့ခေါင်းဆောင်…
-

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ရှစ်ဦးသည် လက်နက်များယူ ထွက်ပြေးသွားဟုဆို
ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ရှစ်ဦးသည် လက်နက်များယူထွက်ပြေးသွားကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။ ယနေ့(မတ်လ ၃ ရက်) နံနက် ၃နာရီခန့်က စစ်သုံပန်း ရှစ်ဦးသည် အစောင့်ရဲဘော်များ၏ လက်နက်များ လုယူကာ မင်းတပ်မြို့နှင့် ထိစပ်နေသည့် ယောဒေသသို့ ထွက်ပြေးသွားခြင်းဟု သတင်းရရှိသည်။ စစ်သုံ့ပန်းရှစ်ဦးသည် ထွက်ပြေးစဥ် လမ်းမှာတွေ့သည့် ပြည်သူ နှစ်ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်းလည်း ယောဒေသရှိ စစ်ရေးသတင်းရင်းမြစ် ကိုမင်းဒဿက အသိပေးသည်။ “သုံ့ပန်းတွေပြေးတာ ဖြစ်နိုင်တယ်တဲ့ ။သတင်းပို့ချက် မရောက်လာသေးဘူး။မြို့ထဲကအဖွဲ့တော့ မဟုတ်ဘူး ။ဘယ်တပ်ရင်းဖက်ကလည်းဆိုတာ အတည်ပြုခိုင်းထားတယ်”ဟု CDF မင်းတပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဒေသတွင်း ပုံမမှန်သည့်ဖြစ်စဥ်နှင့် ဒေသခံမဟုတ်သူဟု ယူဆရသူများကို တွေ့ပါက နီးစပ်ရာပြည်သူ့တော်လှန်ရေးအဖွဲ့များထံ ဆက်သွယ်အကြောင်းကြားရန် ကိုမင်းဒဿက တိုက်တွန်းသည်။ ထို့အပြင်…
-

မြင်းခြံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ရက် ဆက်တိုက် တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုများပြား
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုများပြားကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မတ်လ ၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာမြောက်ဘက်၌ PDF တပ်ဖွဲ့ဝင်များက ဘန်ကာတစ်ခုတည်ဆောက်ပြီး စစ်မြှူခဲ့ရာ မြင်းခြံမြို့ ပျူစောထီးခေါင်းဆောင် သီ တာယုမွန်ပါ အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးရောက်ရှိလာပြီး ယင်းဂိတ်ကို ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ ဂိတ်စခန်းဖျက်ဆီးနေစဉ် နောက်ပိုင်းမှ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ စောထီးများ ထိခိုက်သေဆုံးမှုများပြီး စစ်ကူခေါ်ခဲ့ကြောင်း သိရသည်။ “မြင်းခြံဘက်ကနေ လယ်သစ်ကပျူတွေနဲ့ပေါင်းပြီး ခြေလျင်စစ်ကြောင်းထိုးလာတာ၊ လမ်းမှာ PDF အဖွဲ့တွေ၊ မဟာမိတ်အဖွဲ့တွေနဲ့ချထားတဲ့ဂိတ်ပေါ့၊…
-
ကျောက်ဖြူတိုက်ပွဲဖြစ်ချိန်တွင် အင်အားပြန်ခေါ်၍မရဘဲ စစ်အင်အားလိုအပ်ချက်ကြောင့် ဗျာများနေ
စစ်ကောင်စီက စစ်တွေတိုက်ပွဲသို့ ထုတ်နုတ်တပ်များပို့ထားရ၍ ကျောက်ဖြူတိုက်ပွဲဖြစ်ချိန်တွင် အင်အားပြန်ခေါ်၍မရဘဲ စစ်အင်အားလိုအပ်ချက်ကြောင့် ဗျာများနေ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၏ မြို့အစွန်ကျသည့် ဓညဝတီရေတပ်ဌာနချုပ်နှင့် ရဲတပ်ရင်းတို့သည် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကို ခံနေရပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။ စစ်တွေမြို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေရာ အဆိုပါ တိုက်ပွဲသို့ ကျောက်ဖြူမြို့နယ်မှ ကြည်းတပ်အင်အား ဖြည့်တင်းထားသည့်အတွက် ကျောက်ဖြူတိုက်ပွဲဖြစ်ပွားချိန်တွင် အင်အားလိုအပ်ချက်ကြောင့် စစ်ကောင်စီတပ်များ ဗျာများနေကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။ “စစ်တွေကို ကြည်းတပ်အင်အားဖြည့်တယ် ဆိုပေမယ့် ခြေလျင်ခြေမြန်တပ်ရင်းတွေ ထိထိရောက်ရောက် ဖြည့် တင်းထားတာမရှိဘူး။ ကျောက်ဖြူမှာလည်း ရှိတဲ့ သုံးတပ်က အခွံသာသာပဲကျန်တာ။ မြို့တော်နှစ်ခုလုံး တိုက်ပွဲဖြစ်လာတော့ စစ်အင်အားလိုအပ်ချက်တော်တော်များနေတယ်”ဟု တပ်သတင်းရင်းမြစ်က ပြောသည်။ ကျောက်ဖြူတွင် ခြေလျင်၊ ခြေမြန်တပ်ရင်းများဖြစ် သည့် ခလရ-၃၄၊ ခမရ-၅၄၂၊…
-

ဧရာဝတီတိုင်းတွင် စစ်မှုထမ်းရန်အမည်စာရင်းပါသည်ဟုဆိုကာ လူငယ်အချို့ကို ခရီးသွားလာခွင့်ပိတ်ပင်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်တွင် စစ်မှုထမ်းရန်အကျုံး၀င်သည့် လူငယ်များကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ အကြောင်းကြားစာအိတ်များပေးပိုပြီး ခရီးသွားလာခွင့် ပိတ်ပင်ကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။ မြို့နယ် စစ်မှုထမ်းခေါ်ယူရေးအဖွဲ့မှ စစ်မှုထမ်းစာရင်းသွင်းရန် အကြောင်းကြားစာအိတ်များကို ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့်ပေးခိုင်းပြီး စာရင်းပါသူများကို လေးလအတွင်း ခရီးသွားခွင့်မပြုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ “ရွာမှာဆိုစာအိတ် ငါးအိတ် ရောက်တယ်။ အဲ့မှာပါတဲ့လူငယ်တွေကို မြို့နယ်ရုံးကို ခေါ်တယ်၊ ခေါ်တဲ့အချိန် စစ်မှုထမ်းမယ်ဆိုပြီးခံ၀န်ထိုးရတယ်။ ခရီးထွက်ခွင့်လည်းမပေးတော့ဘူး။ ထွက်ပြေးရင်လည်း မိဘတွေကို ဖမ်းမယ်လို့ ခြိမ်းခြောက်တယ်”ဟု စစ်မှုထမ်းရန် အကြောင်းကြားခြင်းခံရသော မိသားစု၀င်တစ်ဦးမှ ပြောသည်။ ယခင်က စစ်မှုထမ်းခေါ်ရန် သတ်မှတ်ခံထားရသည့် ရပ်ကွက်၊ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများမှ လူစားထိုးရန်ငွေကြေးကေက်ခံပြီး ဖြေရှင်းခဲ့သော်လည်း ယခု ဖေဖော်ဝါရီလမှစတင်ပြီး မြို့နယ်မှ စာအိတ်ဖြင့်တိုက်ရိုက်စာရင်းသွင်းသည့်စနစ်ကို ပြောင်းလဲလာကြောင်းသိရသည်။ စစ်ကောင်စီက ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင် အားလုံလောက်မှုမရှိတော့သည့်အတွက်…