သတင်းသမားများနှင့် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ရန် နှိုးဆော်နေသည့် စစ်လော်ဘီ KO CHIT(MDY) ဆိုတာဘယ်သူလဲ

စစ်တပ်နဲ့ ၄င်းရဲ့လော်ဘီတွေ ဝါဒဖြန့်ရာမှာ အားကိုရာ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ တယ်လီဂရမ်မှာ KO CHIT(MDY) ဆိုတဲ့ စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်တစ်ခုရှိပါတယ်။

အဆိုပါ KO CHIT(MDY) တယ်လီဂရမ်ချန်နယ်ကို လူပေါင်း ၃သောင်း၊၅ထောင်ကျော်က ချိတ်ဆက်ထားတာကို တွေ့မြင်ရပါတယ်။

KO CHIT (MDY) ချန်နယ်ဟာ စစ်တပ်လော်ဘီချန်နယ် တစ်ခုတင်မဟုတ်ပဲ သတင်းထောက်တွေ ၊ စစ်တပ်ကိုဆန့်ကျင်တဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီဖို့ နေရပ်လိပ်စာတွေ၊ဖုန်းနံပါတ်တွေ၊Kpay၊ Wave အစရှိတာတွေကို ၄င်း channel မှာတင်ပြီး ဖမ်းဆီးဖို့ နှိုးဆော်နေသလို ဖမ်းဆီခံရသူတွေလည်း အမြောက်အများရှိခဲ့ပါတယ်။

KO CHIT (MDY) တယ်လီဂရမ်ချန်နယ်ကိုတည်ထောင်သူကတော့ မန္တလေး သွေးသောက်အဖွဲ့ခေါင်းဆောင် မဘသအဖွဲ့ဝင် ချစ်ကိုကို ဆိုသူဖြစ်ပါတယ်။

KO CHIT (MDY) တယ်လီဂရမ်ချန်နယ် တည်ထောင်သူ ချစ်ကိုကိုဆိုသူဟာ အရင်က ခင်ညွန့်ရဲ့ထောက်လှမ်းရေးပြုတ်ဖြစ်ပြီး ဦးသိန်းစိန်နဲ့ NLD အစိုးရလက်ထက်မှာတော့ စရဖသတင်းပေးတစ်ဦးဖြစ်ခဲ့သလို မဘသ အဖွဲ့ဝင် ၊ တပ်ထောက်ခံပွဲများဦးဆောင် ဆန္ဒပြခဲ့သူ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် မန္တလေးမှာ လက်ရှိ ပျူစောထီးနဲ့ ပြည်သူ့စစ် (ပသစ)၊ သွေးသောက်အဖွဲ့ခေါင်းဆောင်လုပ်ကာ NLD ပါတီဝင်များနဲ့ စစ်တပ်ကို ဆန်ကျင့်တဲ့အရပ်သားပြည်သူတွေကို လိုက်လံသတ်ဖြတ်နေတဲ့ အ‌ဓိကတရားခံ ဖြစ်ကြောင်း စုံစမ်းသိရှိထားရပါတယ်။

ချစ်ကိုကို(ခ)ချစ်ကိုမှာ သားတစ်ဦးရှိပြီး ၄င်းရဲ့သားဟာ လက်ရှိစစ်ဗိုလ်တစ်ဦးဖြစ်ကာ အရက္ခပြည်အတွင်း လက်နက်ကြီးထိမှန်းပြီး ခြေထောက် ဒဏ်ရာရပြီး နားနေရကြောင်း သိရှိရပါတယ်။

KO CHIT (MDY) တယ်လီဂရမ်ချန်နယ်ကနေ အခုနောက်ဆုံး ရန်ကုန်ခေတ်သစ်ရဲ့ ပဲ့ကိုင်သူ သတင်းသမား ကိုသာလွန်ဇောင်းထက်ရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေရဲ့လိပ်စာတွေကို လာရောက်ပေးကြဖို့ နှိုးဆော် ခြိမ်းခြောက် ရေးသားထားတာကို တွေ့ရပါတယ်။

ရန်ကုန်ခေတ်သစ်ရဲ့ ပဲ့ကိုင်သူ သတင်းသမား ကိုသာလွန်ဇောင်းထက်ကတော့ “စစ်တပ်ရော စစ်တပ်ထောက်ခံသူတွေဟာ သူတို့ဘယ်လို အဆင့်အတန်း၊ ဘယ်လိုစရိုက် ရှိစေတယ်ဆိုတာကို သူတို့ရဲ့ လုပ်ရပ်နဲ့ အပြုအမူတွေကပဲ သက်သေပြနေတာပါပဲ”လို့ ၄င်းရဲ့ခြိမ်းခြောက်ခံရမှုနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပါတယ်။

ပြီးခဲ့တဲ့နှစ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်သူတွေက ပန်းသပိတ်ပြုလုပ်ကြရာမှာ ချစ်ကိုကိုရဲ့ သတင်းပေးမှုနဲ့ ဖမ်းဆီးဖို့နှိူးဆော်မှုတွေကြောင့် အရပ်သားပြည်သူ အမြောက်များ ဖမ်းဆီးထောင်ချ ခံခဲ့ရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *