Category: News
-

စစ်ကောင်စီက ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်မထုတ်တော့
စစ်ကောင်စီက ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်မထုတ်တော့ဘဲ မြန်မာ ကြူအာ (MMQR) ငွေပေးငွေယူ စနစ်ကို စတင်လိုက်ပြီး ဘတ်ဂျက်လိုငွေပြမှုနှင့် စီမံကိန်းအသုံးစရိတ်များတွင် ဒီဂျစ်တယ်ငွေကြေး အစားထိုးသုံးမည် အကြမ်းဖက်စစ်ကောင်စီက ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်ထုတ်ရန် မလိုအပ်တော့သည့် ဒီဂျစ်တယ်ငွေပေးချေမှု မြန် မာ ကြူအာ (MMQR)စနစ်ကို စတင်အသုံးပြုပြီး ဘတ်ဂျက်လိုငွေပြမှု ၊စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၏ လစာ အပါအဝင်နိုင်ငံတော်ပရောဂျက်များ၏ အသုံးစရိတ်အထိ ယင်းစနစ်ကို သုံးမည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာကြူအာ (MMQR)စနစ်ကို NLD အစိုးရလက်ထက်က စတင်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သော်လည်း အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ချက်ချင်းအကောင်အထည်ဖော်ရန် တွန်းအားပေးခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မင်းအောင်လှိုင်ကိုယ်တိုင် မြန် မာ ကြူအာ…
-

ရေးမြို့နယ် ကျောင်းရွာလမ်းမကြီးတစ်ခုကို ရေးဘီလူးတပ်ခွဲ ၂ က တက်ရောက်စစ်ဆေး
ဝန်ထမ်းနှင့် စစ်တပ်အနွှယ်ဝင်များ ဖမ်းမိပါက ပြန်လွှတ်ပေးမည်မဟုတ်ဟုဆို မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာလမ်းမကြီးတစ်ခုကို ရေးဘီလူးတပ်ခွဲ ၂ က တက်ရောက်စစ်ဆေးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ ၅၉၁ တပ်နှင့် ၅၈၃ တပ်များကို ဂရုမစိုက်၍ ကျောင်းရွာလမ်းမကြီးပေါ်တွင် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ရေးဘီလူး အဖွဲ့ထံမှ သိရှိရသည်။ ” စကစ အသိုင်းအဝိုင်းဘက်က ဖမ်းမိတာမျိုးတော့ မရှိဘူး။ မိခဲ့မယ်ဆိုရင် အစစ်အဆေးပြုလုပ်တဲ့ ကာလတွေတိုင်း ဒီနေရာမှ မဟုတ်ဘူး ဝန်ထမ်းအပေါင်းအပါနဲ့ စကစ မျိုးနွှယ်စုတွေ ဖမ်းမိခဲ့မယ်ဆိုလို့ရှိရင် ရေးဘီလူးတပ်ရင်းက ပြန်လွှတ်မှာ မဟုတ်ဘူး။ စစ်တပ်အသိုင်းအဝိုင်းက မိသားစုဝင်တွေ ရွှေ့ပြောင်းတာရှိရင်လည်း ကျွန်တော်တို့ကို အဆိုးမဆိုနဲ့”ဟု ရေးဘီလူးအဖွဲ့ခေါင်းက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်ဘက်မှ တော်လှန်ရေးဘက်တော်သားများ ၊…
-

သဲကုန်းမြို့ပေါ် တယ်သီးပင် ရပ်ကွက် ဆရာအတတ်သင် ၁ လမ်းရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၄ ဦး သေဆုံး
ပဲခူးတိုင်း၊ သဲကုန်းမြို့ပေါ် တယ်သီးပင် ရပ်ကွက် ဆရာအတတ်သင် ၁ လမ်းရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သားများနှင့်တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ကာ နေရာတွင်ပင် အကြမ်းဖက်စစ်သားများ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ ၃ နှင့် တပ်ခွဲ ၅…
-

သရက်ချောင်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၁၇ ရက်ကြာ တိုက်ခိုက်မှု စစ်သား ၂၅ ဦး သေဆုံး
သရက်ချောင်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၁၇ ရက်ကြာ တိုက်ခိုက်မှု စစ်သား ၂၅ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံး၊ လက်နက် ၄ လက် သိမ်းဆည်းရရှိ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များအကြား ၁၇ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၅ ဦး သေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီခန့်အချိန်မှ စတင်၍ သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာလမ်းဆုံကို အကြမ်းဖက် စစ်တပ်က…
-

ကျွန်းစုတွင် ပျူစောထီးအဖွဲ့ဝင် ၁ ဦးက ညီအရင်းကို သေနတ်ဖြင့်ပစ်သတ်
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ကျွဲခရိုင်ကျေးရွာအုပ်စု၊ သဇင်ရွာမှာ ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ် ၂ နာရီခွဲလောက်က အစ်ကိုဖြစ်သူက ညီအရင်းဖြစ်သူကို စကားများပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ နီးစပ်ရာမိသားစုဝင်တွေဆီက သိရပါတယ်။ အစ်ကိုဖြစ်သူ ကိုခက်ခဲက သဇင်ရွာရဲ့ ပျူစောထီးတယောက်ဖြစ်ပြီး လက်နက်ကိုင်ဆောင်ခွင့် ရတာ တလခန့်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ နီးစပ်ရာ မိသားစုဝင်တယောက်က “အစ်ကိုဖြစ်တဲ့သူက သူ့မိဘအိမ်ကိုလာရင်း ညီဖြစ်သူနဲ့ စကားများပြီး သေနတ်နဲ့ ပစ်သတ်လိုက်တာ။ ကျည်က တင်ပါးကနေ ဆီးအိမ်ကို ဖောက်ဝင်သွားတယ်” လို့ ပြောပါတယ်။ ကျူးလွန်သူ ကိုခက်ခဲကို သဇင်ရွာရဲတွေက ညနေဘက်မှာ ဖမ်းဆီးခဲ့ပြီး ကျွန်းစုမြို့ကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညီဖြစ်သူ ကိုမြင့်သူရဲ့ အလောင်းကိုတော့ မြိတ်မြို့ကို ပို့ဆောင်ပြီး စစ်ချက်ယူနေတယ်လို့…