Category: News

  • နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ စစ်ကော်မရှင်ကား ၁ စီးကို အသင့်စောင့်ကြိုတိုက်ခိုက်

    နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ စစ်ကော်မရှင်ကား ၁ စီးကို အသင့်စောင့်ကြိုတိုက်ခိုက်

    နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ စစ်ကော်မရှင်ကား ၁ စီးကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ဆို နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ယာဉ်ပေါ်ပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက် မနေ့က မနက် ၉ နာရီ ၃၆ မိနစ်အချိန်မှာ နေပြည်တော်-မကွေးနယ်ခြားကို ဖြတ်သန်းမောင်းနှင်လာတဲ့ အင်အား ၁၂ ဦးပါ စစ်ကော်မရှင်ကား ၁ စီးကို မကွေး-ကန်ပြားလမ်း ၁၇ မိုင် ၇ ဖာလုံ (နေပြည်တော်နဲ့ ၂၅ မိုင်ခန့်အကွာ) ဥတ္တရသီရိမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့က အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်ကားဟာ…

  • အီရန်တပ်က အိမ်နီးချင်းနိုင်ငံများရှိ အမေရိကန်စခန်း ၁၄ ခုကို တိုက်ခိုက်

    အီရန်တပ်က အိမ်နီးချင်းနိုင်ငံများရှိ အမေရိကန်စခန်း ၁၄ ခုကို တိုက်ခိုက်

    ၂၀၀ ကျော်သေဆုံးဟု ပြော အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အိမ်နီးချင်းနိုင်ငံတွေမှာ အခြေစိုက်ထားတဲ့ အမေရိကန်စခန်း ၁၄ ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင်အယောက် ၂၀၀ ထက်မနည်း သေဆုံး ဒဏ်ရာရခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာနဲ့ တက်စ်နင်မ် သတင်းဌာနတို့က ကြေညာပါတယ်။ IRGC က ကာတာနိုင်ငံ အယ်လ်အူဒိတ်စခန်းမှာ တပ်ထားတဲ့ အမေရိကန်ရဲ့ FP-132 ရေဒါကို လုံးဝဖျက်ဆီးပစ်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီရေဒါမှာ ပဲ့ထိန်းဒုံးကျည်ကြားဖြတ်နည်းပညာ တပ်ဆင်ထားပြီး ကီလိုမီတာ ၅,၀၀၀ အထိ ထောက်လှမ်းနိုင်တယ်လို့လည်း အီရန်ဘက်က ထပ်ပြောပါတယ်။ ဒေသတွင်းက အမေရိကန်၊ အစ္စရေးအခြေစိုက်စခန်းတွေနဲ့ ပိုင်ဆိုင်မှုအားလုံးဟာ အီရန်ရဲ့ တရားဝင်စစ်ရေး ပစ်မှတ်တွေဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရာချီက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌဆီ စာပေးပို့ခဲ့တယ်လို့ IRIB သတင်းမှာ…

  • စက်မှုဇုန်တွေကို မီတာခ တစ်ယူနစ် ၉၀၀ တိုးကောက်ပြီး LNG နဲ့ ၂၄ နာရီမီးပေးမယ်လို့ စစ်အုပ်စုထုတ်ပြန်

    စက်မှုဇုန်တွေကို မီတာခ တစ်ယူနစ် ၉၀၀ တိုးကောက်ပြီး LNG နဲ့ ၂၄ နာရီမီးပေးမယ်လို့ စစ်အုပ်စုထုတ်ပြန်

    စက်မှုဇုန်တွေ နဲ့ အထူးစီးပွားရေးဇုန်တွေ အတွက် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံတွေ နဲ့ ၂၄ နာရီ လျှပ်စစ်ဖြန့် ဝေပြီး မီတာခ တစ်ယူနစ် ၉၀၀ တိုးမြှင့် ကောက်ခံမယ်လို့ စစ်အုပ်စု က ထုတ်ပြန်ထားပါတယ်။ စစ်အုပ်စုရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့တာပြီး သီလဝါနဲ့ တခြား စက်မှုဇုန်တွေကိုလည်းအကြောင်းကြားထားတယ်လို့ သိရပါတယ်။ အဆိုပါ သတ်မှတ်နှုန်းထားကစက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်တွေအတွက်သာ ဖြစ်ပြီး အိမ်သုံးမီတာခနှုန်းထားတွေကိုတော့ ယခင်အတိုင်း ဆက်လက်ကောက်ခံသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။ စက်မှုဇုန်တွေအပြင် အိမ်ရာစီမံကိန်းတွေ၊ ကွန်ဒိုတွေနဲ့ ဟိုတယ်လုပ်ငန်းတွေကိုလည်း လျှပ်စစ်မီတာခ တယူနစ် ၉၀၀ ကျပ်နှုန်း ကောက်ခံသွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ထုတ်ပြန်ထားပါသေးတယ်။ “၂၄ နာရီ…

  • မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်၏အဖွဲ့သားများ စီးနင်းလာသည့်ကားကို PDF တိုက်ခိုက်၍ ငါးဦးသေဆုံး

    မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်၏အဖွဲ့သားများ စီးနင်းလာသည့်ကားကို PDF တိုက်ခိုက်၍ ငါးဦးသေဆုံး

    ညောင်ဦး-မြင်းခြံလမ်းပိုင်းတွင် မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်၏ အဖွဲ့သားများ စီးနင်းလိုက်ပါလာသည့်ကားကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က တိုက်ခိုက်၍ ငါးဦးသေဆုံးသွားကြောင်း ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် Pakokku Special Task Force က ထုတ်ပြန်ထားသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စစ်ကော်မရှင် လက်ပါးစေ မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်၏ အဖွဲ့သားများ စီးနင်းလိုက်ပါလာသည့်ကားကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ ရဲဘော်ဒီးနှင့် ရဲဘော် ဓာတ်ဗူး ဦးဆောင်သည့် ရဲဘော် (၁၀)ဦးက ညောင်ဦး-မြင်းခြံလမ်းပိုင်းတစ်နေရာအရောက်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကော်မရှင်အဖွဲ့ဝင် ငါးဦး‌သေဆုံးပြီး G4 သေနတ်တစ်လက်၊ ကာဘိုင် နှစ်လက်နှင့် ကျည်အများအပြားသိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။ တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို Pakokku…

  • အီရန်ကိုတိုက်ခိုက်မှု ချက်ချင်းရပ်ရန် တရုတ်နှင့် ရုရှား တိုက်တွန်း

    အီရန်ကိုတိုက်ခိုက်မှု ချက်ချင်းရပ်ရန် တရုတ်နှင့် ရုရှား တိုက်တွန်း

    အီရန်နိုင်ငံအား အမေရိကန်- အစ္စရေး တိုက်ခိုက်မှုအပေါ် စိုးရိမ်ကြောင်း တရုတ်၊ ရုရှားနိုင်ငံတို့က ထုတ်ဖော်ပြောဆိုခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ချက်ချင်းပြုလုပ်ရန် နှစ်ဖက်စလုံးကို တောင်းဆိုကာ တင်းမာမှုများ ရှောင်ရှားရန်နှင့် ဆွေးနွေးပွဲများပြန်လည်စတင်ရန် တိုက်တွန်းထားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးကို လေးစားသင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယမန်နေ့ကြေညာချက်တွင် ဖော်ပြထားပြီး တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းအေဂျင်စီကလည်း ယင်းတိုက်ခိုက်မှုကို “အချုပ်အခြာအာဏာပိုင် နိုင်ငံတခုအပေါ် ဗြောင်ကျကျရန်လို ကျူးကျော်ခြင်း” ဟု ဝေဖန်ထားသည်။ ထို့ပြင် ဝါရှင်တန်၏ စစ်ရေးအရ အကျပ်ကိုင်ခြင်းသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများအား ထင်ရှားစွာ ချိုးဖောက်ခြင်းဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းများမှ သွေဖည်နေကြောင်း ဆင်ဟွာက ဆိုသည်။ ရုရှားနိုင်ငံကလည်း အဆိုပါ တိုက်ခိုက်မှုအပေါ် ကြိုတင်ကြံစည်ထားသော အကြောင်းမဲ့ ကျူးကျော်တိုက်ခိုက်မှုအဖြစ်…