Category: News

  • အရိုင်းအစိုင်းများ ဝိုင်းရံသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟု V V Chen ပြောဆို

    အရိုင်းအစိုင်းများ ဝိုင်းရံသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟု V V Chen ပြောဆို

    လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး အသားပေး ပြောဆိုသူ ဘလော့ဂါ ဗီဗီချန်းသည် ဒေါ်အောင်ဆန်းစုကြည် ၏ နောက်လိုက်များသည် အရိုင်းအစိုင်းများဟု သူ၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားလိုက်သည်။ ဘလော့ဂါ အဖြစ် လူသိများပြီး အာဏာသိမ်း စစ်ကောင်စီ ပြုလုပ်သော ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာကနေ ရှုံးနိမ့်ခဲ့သည် ဗီဗီချမ်း (ခေါ်) နန်းဆုသဇင်အောင်သည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မတ် ၃၁ ရက်နေ့က ယင်းကဲ့သို့ ရေးသားခဲ့ခြင်း ဖြစ်သည်။ ဗီဗီချမ်း၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် “မေစုရဲ့ နောက်လိုက်တွေဟာ အရိုင်းအစိုင်းတွေ အများစုဖြစ်ပါတယ်။ ဒါကြောင့် အရိုင်းအစိုင်းတွေ ဝန်းရံတဲ့ ခေါင်းဆောင် မေစု ဖြစ်ပါတယ်။ ဒါဟာ အမှန်တရားဖြစ်ပါတယ်။ ဒါ့ကြောင့် အနာဂတ်မှာ အရိုင်းအစိုင်းကင်းစင်တဲ့ လူမှုဝန်းကျင်ကို ထိန်းကျောင်းတည်ဆောက်နိုင်တဲ့ လူသားတစ်ယောက် ဖြစ်ရလိုပါတယ်”…

  • အီရန်အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးပြီဟု အမေရိကန်သမ္မတ ထရမ့် ပြော ၊ ရုပ်အလောင်းကို အပျက်အစီးများ အကြားတွင် ရှာဖွေတွေ့ရှိဟု အစ္စရေးဆို

    အီရန်အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးပြီဟု အမေရိကန်သမ္မတ ထရမ့် ပြော ၊ ရုပ်အလောင်းကို အပျက်အစီးများ အကြားတွင် ရှာဖွေတွေ့ရှိဟု အစ္စရေးဆို

    အီရန်အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးပြီဟု အမေရိကန်သမ္မတ ထရမ့် ပြော ၊ ရုပ်အလောင်းကို အပျက်အစီးများ အကြားတွင် ရှာဖွေတွေ့ရှိဟု အစ္စရေးဆို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အမြင့်ဆုံးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီသည် စနေနေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပြီဆိုသည့် သတင်းများမှာ “မှန်ကန်သည်” ဟု မိမိယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ NBC သတင်းဌာနနှင့် ပြုလုပ်ခဲ့သော တိုတောင်းသည့် ဖုန်းအင်တာဗျူးတစ်ခုတွင် သမ္မတထရန့်က ခါမေနီသေဆုံးမှုသတင်းနှင့် ပတ်သက်၍ “အဲဒီသတင်းဟာ မှန်ကန်တဲ့သတင်းဖြစ်တယ်လို့ ကျနော်တို့ ခံစားရပါတယ်” ဟု ဖြေကြားခဲ့သည်။ ၎င်း၏ ပြောကြားချက်အရ အီရန်၏ ထိပ်သီးခေါင်းဆောင်ပိုင်း အမြောက် အမြားသည်လည်း အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။ “သမိုင်းမှာ အယုတ်မာဆုံးဆိုတဲ့ လူတွေထဲက တစ်ယောက်ဖြစ်တဲ့ ခါမေနီကတော့ သေသွားပါပြီ။…

  • ညောင်ဦးမှာ စစ်ကော်မရှင်ကားကိုကြားဖြတ်တိုက်ခိုက်၊ ၄ ဦးသေဆုံး

    ညောင်ဦးမှာ စစ်ကော်မရှင်ကားကိုကြားဖြတ်တိုက်ခိုက်၊ ၄ ဦးသေဆုံး

    ကားပျက်စီးပြီး လက်နက်နဲ့ကျည်တွေကို PDF သိမ်းဆည်း မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဝါးခင်းကြီးကျေးရွာအနီး ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်းမှာ စစ်ကော်မရှင်ကားပစ်ခံရပြီး ၄ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းခဲ့တယ်လို့ Pakokku Special Task Force သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်မနက် ၇ နာရီခွဲမှာ ညောင်ဦးဘက်ကနေ ကျောက်ပန်းတောင်းဘက်ကို ခမရ ၄၁၅ က အင်အား ၅ ဦးလိုက်ပါလာတဲ့ စစ်ကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ “ပစ်ခတ်မှုက မိနစ် ၂၀ လောက်ဖြစ်တယ်။ ပစ်ခတ်မှုဖြစ်ပြီးတော့ ၁ ယောက်ကတော့လွတ်သွားတယ်။ ရဲဘော်တွေကတော့ အထိအခိုက်မရှိဘူး။ ကားကတော့စုတ်ပြတ်သတ်သွားတယ်။ လမ်းဘေးကွင်းပြင်ထဲ ထိုးကျသွားတာ။ ကားပေါ်မှာသေတာ ၂ ယောက်။ ခေါင်းခန်းထဲမှာ ၁ ယောက်၊…

  • အစ္စရေး တိုက်ခိုက်မှုကြောင့် အီရန်က ကျောင်းသူ ၅၀ ဦး ထက်မနည်း သေဆုံးဟု ဆို

    အစ္စရေး တိုက်ခိုက်မှုကြောင့် အီရန်က ကျောင်းသူ ၅၀ ဦး ထက်မနည်း သေဆုံးဟု ဆို

    အီရန်နိုင်ငံတောင်ပိုင်း မီနက်မြို့ရှိ မိန်းကလေးကျောင်းကို အစ္စရေးက တိုက်ခိုက်မှုကြောင့် ကျောင်းသားလူ ၅၀ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြသည်။ အီရန်နိုင်ငံတောင်ပိုင်း Minab မြို့မှာရှိသော မိန်းကလေးမူလတန်းကျောင်းကို အစ္စရေးနှင့် အမေရိကန် တပ်များက တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၅၀ ဦးအထိ ရှိလာပြီး လူပေါင်း ၆၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အီရန်နိုင်ငံပိုင် IRNA သတင်းအေဂျင်စီ က ဖော်ပြသည်။ အဆိုပါ သတင်းဌာနများ၏ ဖော်ပြချက် အရ တိုက်ခိုက်ခံရချိန်တွင် ကျောင်းသူ ၁၇၀ ခန့် စာသင်ကြားနေကြောင်း သိရသည်။ ယင်းကျောင်းသည် မိန်းကလေးငယ်များကို သီးခြားသန့်သင်ကြားနေသော မူလတန်းကျောင်းတစ်ကျောင်း ဖြစ်ပြီး ဗုံးကြဲခံရမှုကြောင့်ဒဏ်ရာရှိသူများကို ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ အစ္စရေး တိုက်ခိုက်မှုကြောင့်…

  • စကားများရန်ဖြစ်ကြရာမှအလုပ်ရှင်အားသတ်လိုက်မိသောအလုပ်သမား

    စကားများရန်ဖြစ်ကြရာမှအလုပ်ရှင်အားသတ်လိုက်မိသောအလုပ်သမား

    အမှုဖြစ်စဥ်မှာ ၇..၁..၂၀၂၆ရက်နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့မရဲစခန်းတွင် ဒုရဲအုပ် တာဝန်ထမ်းဆောင်နေစဥ် မောင်သန်းထိုက်အောင်(၂၁)နှစ်၊ စျေးရောင်း၊ သဂ်ဟလမ်း၊ စျေးကြီးရပ်ကွက် လှည်းကူးမြို့နယ်နေသူ ရောက်ရှိလာကာ ၎င်းသည် ၆.၁.၂ဝ၂၆ ရက်နေ့ ည(၁၉:၀၀)အချိန်ခန့် နေအိမ်တွင်ရှိနေစဉ် ကျွန်းကလေးကျေးရွာအနောက်ပိုင်း ကစ်ကေမစ်ရှင်ဗလီရှေ့ရှိ ၎င်း၏ဇနီးဖြစ်သူ မသီရိကလျာထွန်း၊ (၂၃)နှစ်၊ မှီခို၊ သင်္ဂဟလမ်း၊ ဈေးကြီးရပ်ကွက်၊ လှည်းကူးမြို့နယ်နေသူ၏ ဖခင်ဖြစ်သူ ဦးစိုးထွန်းဦး(၅၀)နှစ်၊ ပုလင်းအခွံရောင်းဝယ်ရေး ကုန်သည်လမ်း၊ ဈေးကြီးရပ်ကွက်၊ လှည်းကူး မြို့နေသူသည် ၎င်း၏ အလုပ်သမားဖြစ်သူ ရဲထွန်းမင်း(၂၆)နှစ်၊ ကျတမ်း၊ ၈/၁မြို့မရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ လှည်းကူးမြို့နေသူနှင့် ပုလင်းအခွံများအတွင်းထည့်သည့်ကိစ္စဖြင့်ပတ်သက်၍ တစ်ယောက်တစ်ခွန်းစကားများကြရာမှ ရဲထွန်းမင်းသည်ဦးစိုးထွန်းဦးအား ဓါတ်ဆီဖြင့်ပက်၍ မီးရှို့လိုက်သဖြင့် ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာ များရရှိခဲ့ပြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံးကြီးသို့ရောက်ရှိနေကြောင်း၊ ဒေါ်ခင်စန္ဒာလွင်၊(၅၃)နှစ်၊ မှီခို၊ ကုန်သည်လမ်း၊ ဈေးကြီးရပ်ကွက်၊ လှည်းကူးမြို့နေသူမှ…