အီရန်နိုင်ငံတောင်ပိုင်း မီနက်မြို့ရှိ မိန်းကလေးကျောင်းကို အစ္စရေးက တိုက်ခိုက်မှုကြောင့် ကျောင်းသားလူ ၅၀ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြသည်။

642754656 1407489114723844 4454290905957920945 N

အီရန်နိုင်ငံတောင်ပိုင်း Minab မြို့မှာရှိသော မိန်းကလေးမူလတန်းကျောင်းကို အစ္စရေးနှင့် အမေရိကန် တပ်များက တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၅၀ ဦးအထိ ရှိလာပြီး လူပေါင်း ၆၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အီရန်နိုင်ငံပိုင် IRNA သတင်းအေဂျင်စီ က ဖော်ပြသည်။

643758467 1407489111390511 4854075460779254248 N

အဆိုပါ သတင်းဌာနများ၏ ဖော်ပြချက် အရ တိုက်ခိုက်ခံရချိန်တွင် ကျောင်းသူ ၁၇၀ ခန့် စာသင်ကြားနေကြောင်း သိရသည်။

ယင်းကျောင်းသည် မိန်းကလေးငယ်များကို သီးခြားသန့်သင်ကြားနေသော မူလတန်းကျောင်းတစ်ကျောင်း ဖြစ်ပြီး ဗုံးကြဲခံရမှုကြောင့်ဒဏ်ရာရှိသူများကို ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

643776339 1407489124723843 6883090182340313775 N

အစ္စရေး တိုက်ခိုက်မှုကြောင့် အီရန်ကာကွယ်ရေးဦးစီးချုပ် သေဆုံး

642818950 938275551928501 4042475874346341125 N

အီရန်စစ်တပ်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူ အမီယာ ဟာတာမီ ဟာ ဖေဖော်ဝါရီ ၂၈ ရက်က အစ္စရေး တိုက်ခိုက် မှုအတွင်း သေဆုံးသွားကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်နိုင်ငံအပေါ် ပူးပေါင်းစစ်ဆင်ရေးတွေ အရှိန်အဟုန်ပြင်းစွာ ဆင်နွှဲ နေစဉ် အတွင်း အီရန်စစ်တပ်အတွက် အလွန်ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုထပ်မံ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါ တယ်။

644456072 938275555261834 6757837724802850409 N

ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ အမီးယာ ဟာတာမီ လုပ်ကြံ သတ်ဖြတ် ခံလိုက်ရပြီဖြစ်ကြောင်း အစ္စရေးနဲ့ နိုင်ငံ တကာသတင်းဌာနတွေမှာလည်း အရေးပေါ် သတင်းဖော်ပြခဲ့ကြပါတယ်။

ထွက်ပေါ်လာတဲ့ မှတ်တမ်းတွေအရ တီဟီရန် မြို့တော်ရှိ လူနေရပ်ကွက် လမ်းမတစ်ခုပေါ်မှာ သွားလာနေတဲ့ သူ့ရဲ့ ယာဉ်တန်းကို အစ္စရေး လေတပ် (IAF) က ဒရုန်း ဒါမှမဟုတ် တိကျတဲ့ ဒုံးကျည်တွေသုံးပြီး ပစ်မှတ်ထား တိုက် ခိုက်ခဲ့တာ ဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *