Category: News
-

အမေပေးတဲ့လယ်တစ်ကွက်ကို အကျိုးရှိရှိ အပြားလိုက်ရောင်းစားတတ်သူ
❝ အမေပေးတဲ့လယ်တစ်ကွက်ကို အကျိုးရှိရှိ အပြားလိုက်ရောင်းစားတတ်သူ ❞ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက တရုတ်ပြည် ချုံကင်းက ရွာသူအမျိုးသမီးတစ်ယောက်ဟာ တရုတ်နှစ်ကူးအိမ်မှာချက်စားဖို့ ဝက်ပေါ်ဖို့လုပ်သတဲ့ … ဖြစ်ချင်တော့ အဲ့ဒီ အသက် ၂၃ နှစ်ရှိ Daidai ဆိုတဲ့ အမျိုးသမီးရဲ့အဖေက အသက်ကြီးနေပြီမို့ ဝက်နှစ်ကောင်ကို မပေါ်နိုင်ဘူးဖြစ်နေတယ်။ အဲ့မှာ Daidai က TikTok လို တရုတ်ဆိုရှယ်မီဒီယာ Douyin ပေါ်တက်ပြီး “စမီးကိုချစ်ရင် ဝက်ပေါ်ဖို့ ကူနိုင်မလားရှင့်” ဆိုပြီးတင်လိုက်တာ … ဘသားချော အယောက် ၁၀၀၀ ကျော်ဟာ ချုံကင်းက Daidai တို့ရွာကို “မောင်ကြီးပေါ်ပေးမယ်” လုပ်ဖို့ ထွက်လာပါလေရောတဲ့။ 🚙🚗🛻 ရွာသေးသေးလေးကို ယောက်ျားသား အယောက် ၁၀၀၀ ကျော်လောက်က ကားအသီးသီးနဲ့ ရောက်ချလာလိုက်တာ…
-

ပဲခူး ကဝနယ် ဘုရားပေါ် နဂါးပူးကိစ္စ မြို့နယ် သံဃနာယကဆင့်ခေါ်..
ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ကသစ်ပင်အုပ်စု တဲစုကျေးရွာ တဲစုကျောင်းအတွင်း နဂါရုံ ဘုရားပေါ်တက်၍ မာရ်နတ်သမီးများ အရတီ တဏှာ ရဂါ တို့ကဲ့သို့ မတော်မရော် ကပျက်ကချော် သာသနာငြှိုးနွမ်းအောင် အမျိူးသမီးသုံးယောက် နဂါးပူးပြ ကပြ ကိစ္စရပ်အတွက် ယနေ့ 26-2-2026 ကြာသပတေးနေ့ နေ့လည်အချိန်တွင် ပဲခူးတိုင်း ကဝမြို့နယ် မြို့နယ်သံဃနာယကရုံးသို့ အောက်ပါ အုပ်ချုပ်ရေးမှူး ကျောင်းထိုင်အပါ သက်ဆိုင်သူများအား ပဲခူးတိုင်း ကဝမြို့နယ် ကသစ်ပင်အုပ်စု တဲစုကျေးရွာ အုပ်ချုပ်ရေးမှူး- ဦးသောင်းအေး။ ဂေါပက- ဦးကျော်ဌေး ဦးဆောင်လမ်းညွှန် ဘိုးတော်ယောင်ယောင် ဓာတ်ယောင်ယောင် ဦးစံနိုင်။ ခွင့်ပြုသူ – တဲစုကျောင်းဆရာတော် ဦးပဏ်။ နဂါးရုံဘုရားပေါ်တက် နဂါးပူးပြသူ အမျိူးသမီးသုံးဦး ဦးဆောင်- ကျောင်းဆရာမ မမွန်မွန်မြင့်နှင့် အခြားအမျိူးသမီး နှစ်ဦး တဲစုရွာ။…
-

တပ်ကိုယ်စားလှယ်လောင်းများ အရှက်မရှိ ရာထူးတောင်းနေဟု ဘူးလက်လှဆွေ ပြော
ကြံ့ခိုင်ရေးပါတီ မိုးထဲရေထဲရောက်ချိန်မှာ ဂူအောင်းနေပြီး ရွေးကောက်ပွဲအနိုင်ရမှ တပ်ကိုယ်စားလှယ်တချို့က စစ်တက္ကသိုလ် အပတ်စဥ် ပြောပြီး ရာထူးနေရာတွေ တောင်းတာဟာ ရှက်စရာကောင်းတယ်လို့ ကြံ့ခိုင်ရေးပါတီ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဘူးလက်လှဆွေက ဝေဖန်ပြောဆိုပါတယ်။ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဘူးလက်လှဆွေက သူအသုံးပြုနေတဲ့ Tiktok အကောင့်ကနေ ဖေဖော်ဝါရီ ၂၄ ရက်မှာ ပါတီအတွင်း ရာထူးနေရာ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး Live လွှင့် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ “တချို့က အခုမှဝင်လာတယ်ဗျ။ ကျနော်တို့ ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ လုပ်နေတုန်းက ဒီလူတွေက ဂူအောင်းနေတယ်။ အခုမှ ဝင်လာပြီးတော့ ကျနော်က ဘယ်သူနဲ့ တပတ်စဥ်တည်းပါ၊ ကျနော့်ကို ဘာရာထူးပေးပါ လာပြောတော့ ရယ်ရတယ်။ ဦးလှဆွေကြီး ဘာရာထူးယူမလဲဆိုတော့ ကျနော်က တပ်သားအဆင့်ပဲ ထားပါလို့…
-

ကျားဖြန့်ဖြိုခွင်းရန် FBI အေးဂျင့်စေလွှတ်မှု မြန်မာအပေါ် ဘယ်လိုသက်ရောက်မလဲ
လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနဲ့ အဂတိမှုတွေ တစုတစည်းတည်း ပါဝင်နေတဲ့ အရှေ့တောင်အာရှက ကျားဖြန့်ဂိုဏ်းတွေကိုဖြိုခွင်းဖို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အေးဂျင့်တွေကိုလည်း စေလွှတ်ထားတယ်လို့ အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) အဆင့်မြင့်အရာရှိက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ FBI ရဲ့ နိုင်ငံတကာစစ်ဆင်ရေးဌာနခွဲ ဒုတိယ လက်ထောက်ညွှန်ကြားရေးမှူး စကော့ ရှယ်လ်ဘီက ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၄ ရက် သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောလိုက်တာပါ။ သူ့အနေနဲ့ ငွေလိမ်စခန်းတချို့ကို ကိုယ်တိုင်သွားကြည့်ခဲ့ကြောင်းနဲ့ လက်ရှိမှာတော့ FBI အေးဂျင့်တွေကို ထိုင်းရဲတပ်ဖွဲ့ဆီ စေလွှတ်ထားကြောင်းပြောပြီး ဒါဟာ ဘယ်နိုင်ငံတခုတည်းကမှ တဦးတည်း မတိုက်ဖျက်နိုင်တဲ့ ဒေသတွင်း ပြဿနာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ ဒ့ါအပြင် FBI အနေနဲ့ ဒီရာဇဝတ်ဂိုဏ်းတွေ ဘယ်နေရာမှာပဲရှိရှိ ပြင်းပြင်းထန်ထန် လိုက်လံ…
-

ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နှင့် ဆက်ဆံရေးကောင်းတည်ဆောက်ရန် AA နှင့် စစ်ကောင်စီ သဝဏ်လွှာပို့
ရွေးကောက်ပွဲမှာ အနိုင်ရပြီး အသစ်တက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်းကြီး ဒေါက်တာ ခါလီလာရာမန်ထံကို အာရက္ခတပ်တော် (AA)ရဲ့ခေါင်းဆောင်လည်းဖြစ် ရက္ခိုင့်အမျိုးသားအဖွဲ့ (ULA)ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် BSS သတင်းဌာနက ရေးသား ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နဲ့ အာရက္ခပြည်သူ့အစိုးရတို့ကြားမှာ လက်တွေ့ကျပြီး ချစ်ကြည်ရင်းနှီးမှု လမ်းကြောင်းသစ်တခုကို ဖန်တီးကြဖို့ကိုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိုက်တွန်းထားပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသစ်အနေနဲ့ ကျနော်တို့နဲ့အတူ လက်တွေ့ ကျပြီး ရေရှည်တည်တံ့တဲ့ လက်တွေ့ ဖြေရှင်းနည်းတွေကို လက်တွဲလုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ရဲ့ လက်ရှိ ဆက်ဆံရေးကောင်းတွေကို အခြေခံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခပြည်သူ့ အစိုးရတို့အကြား ချစ်ကြည်ရင်းနှီးမှု လမ်းကြောင်းသစ်တခုကို ဖန်တီးကြဖို့ အခွင့်အရေးလည်း ရှိနေပြီ” လို့ပြောပါတယ်။…