ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ကသစ်ပင်အုပ်စု တဲစုကျေးရွာ တဲစုကျောင်းအတွင်း နဂါရုံ ဘုရားပေါ်တက်၍ မာရ်နတ်သမီးများ အရတီ တဏှာ ရဂါ တို့ကဲ့သို့ မတော်မရော် ကပျက်ကချော် သာသနာငြှိုးနွမ်းအောင် အမျိူးသမီးသုံးယောက် နဂါးပူးပြ ကပြ ကိစ္စရပ်အတွက် ယနေ့ 26-2-2026 ကြာသပတေးနေ့ နေ့လည်အချိန်တွင် ပဲခူးတိုင်း ကဝမြို့နယ် မြို့နယ်သံဃနာယကရုံးသို့ အောက်ပါ အုပ်ချုပ်ရေးမှူး ကျောင်းထိုင်အပါ သက်ဆိုင်သူများအား ပဲခူးတိုင်း ကဝမြို့နယ် ကသစ်ပင်အုပ်စု တဲစုကျေးရွာ အုပ်ချုပ်ရေးမှူး- ဦးသောင်းအေး။ ဂေါပက- ဦးကျော်ဌေး ဦးဆောင်လမ်းညွှန် ဘိုးတော်ယောင်ယောင် ဓာတ်ယောင်ယောင် ဦးစံနိုင်။ ခွင့်ပြုသူ – တဲစုကျောင်းဆရာတော် ဦးပဏ်။ နဂါးရုံဘုရားပေါ်တက် နဂါးပူးပြသူ အမျိူးသမီးသုံးဦး ဦးဆောင်- ကျောင်းဆရာမ မမွန်မွန်မြင့်နှင့် အခြားအမျိူးသမီး နှစ်ဦး တဲစုရွာ။ ခေါ်ယူ တွေ့ဆုံ အတည်ပြုပြီးပါကြောင်း။ အထက် နိုင်ငံတော်အမိန့် စီမံချက် စောင့်လျှက်သာ တိုင်းအဆင့် /မြို့နယ်အဆင့် သံဃနာယက ဆရာတော်များ သာသနာရေးသက်ဆိုင်သူများ ရှေ့မှောက်တွင် လိုအပ်သလို စီမံဆောက်ရွက် သွားမည့်အကြောင်း ပဲခူး ကဝ မြို့နယ် သံဃနာယကဥက္က /ဒုဥက္ကဋ္ဌများထံမှ ဗုဒ္ဓဘာသာ ရဟန်းရှင်လူ ပြည်သူလူထုအား အသိပေးအပ်ပါကြောင်း။ မစိုးရိမ်ဖေးမလက်တွဲ “ငါတို့ဘာသာ သာသနာ စော်ကားလှချည့်ရဲ့” လို့ အုံးအုံးကြွပ်ကြွပ် ရင်ဘတ်စည်တီးပြီး ပြောတတ်ကြသူတွေ… ဒီလိုအပြုအမူတွေမှာတော့ မပတာမြေလူး မဖြစ်ကြတော့ဘူးလား? အထွဠ်အမြတ်ထားရာ မြတ်သော “သိမ် “ မို့ ရင်နာကြပါသည် မခံမရပ်ဖြစ်ကြပါသည် ဆိုတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ ခံပြင်းကြရင် 📌နဂါးပတ်ထဲက ဗုဒ္ဓမြတ်စွာဘုရား ကို အားနာစရာ ဖြစ်မနေဘူးလား နော်.. ! 📍မြေပြင်မှာ ပူးရင်း လူးရင်း ကနေ ကဲ… အခု အပေါ် တက်လာကုန်ကြလေပြီ။ အမှားကြာ အမှန်ဖြစ် မျက်စိတွေယဉ်ပါးနေတဲ့ အပြုအမူတွေမို့ လူတွေက နုုတ်ဆိတ် မဆိုင်သလို တွေ ဖြစ်ကုန်တာလား။ ဒီလိုဟာတွေကျ ခွင့်ပြုထားကြတာလား? အရေးမယူဘူးလား? ဒီလို ရူးတိုင်း ပူးတိုင်း ဒီလို တက် နန့်ခွင့် ရှိနေလား? လုပ်ခွင့်ပြုသူကော လုပ်နေကြသူတွေကော ကျောင်းထိုင်ဘုန်းကြီးကော ထိုင်ကြည့်နေသူတွေကော အကုန်အရေးယူ သင့်တာ.. နောင်ဆို အဲ့လို တက်က လာကြအုံးမှာပဲ အဲ့ဒီအခါ ကိုယ်မှာ အဝတ်ကပ်ပါနေတာကို မြင်ရရင်တောင် ကံကောင်း..! တည်လိုက်ရတဲ့ အသစ်အသစ် သော ဘုရားစေတီ နဂါးစေတီ ပြီးတော့လည်း ရိုသေကြတာလည်းမဟုတ် ထိန်းသိမ်းကြတာလည်းမဟုတ် ပူးချင် ကချင် နန့်ချင် အလှူငွေရချင်တာတွေက အဓိက ကိုဖြစ်လို့… ငါတို့ဘုရား ဟောကြားခဲ့တဲ့ တရား​တော်​တွေနဲ့ ဒါ​တွေနဲ့ လားလားမှ မဆိုင် … အတော်လေး လွဲနေတဲ့ တိုင်းပြည်!! မအေးပု။

Leave a Reply

Your email address will not be published. Required fields are marked *