Category: News

  • ဝိုင်းမော်တွင် နောက်ဆုံးကျန်နေသည့် စစ်ကော်မရှင်တပ်ရင်း ခလရ ၅၈ ကို KIA တိုက်စစ်ဆင်

    ဝိုင်းမော်တွင် နောက်ဆုံးကျန်နေသည့် စစ်ကော်မရှင်တပ်ရင်း ခလရ ၅၈ ကို KIA တိုက်စစ်ဆင်

    ကချင်ပြည်နယ် ၊ ဝိုင်းမော်ရှိ ကာကင်းစခန်းများ၊ ခြေကုတ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းယူလာပြီးနောက် ကျန်နေသည့် တပ်ရင်း ခလရ-၅၈ ကို တိုက်စစ်ဆင်နေကြောင်း သိရသည်။ ‎ ‎KIA သည် ခလရ ၅၈ ၏ ကာကင်းစခန်း နှစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ပထမပတ်အတွင်းက သိမ်းယူခဲ့ပြီးနောက် ဆက်လက်ထိုးစစ်ဆင်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ‎ ‎”ဝိုင်းမော်ဘက်ကို မပခ(မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကနေ လက်နက်ကြီးတွေတော့ ဆက်တိုက် ပစ်တယ်။ ခလရ ၅၈ ကလည်း ပစ်တယ်ပေါ့။ အခုတော့ တိုက်ပွဲက ခလရ ၅၈ ကို ဦးတည်လာနေတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။ ‎ ‎စစ်ကော်မရှင်သည် ဝိုင်းမော်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) မှနေ၍…

  • NUG၊ တော်လှန်ရေးအဖွဲ့များပါမှ KIA စစ်တပ်နှင့် ဆွေးနွေးမည်

    NUG၊ တော်လှန်ရေးအဖွဲ့များပါမှ KIA စစ်တပ်နှင့် ဆွေးနွေးမည်

    ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို တွေ့ဆုံဆွေးနွေးရေး စစ်တပ် ပြောဆိုကမ်းလှမ်းမှုများ မကြာခဏရှိနေသော်လည်း အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစု အားလုံးနှင့် တွေ့ဆုံဆွေးနွေးမှသာ လက်ခံမည် တုံ့ပြန်ထားကြောင်း ကချင်ပြည်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဋ္ဌ-၁ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ယခုရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုသည်။ ယင်းကို အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၌ကျင်းပသည့် ၆၅ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ် အွန်လိုင်းမှမိန့်ခွန်းပြောရာတွင် ဗိုလ်ချုပ်ကြီး ဂွန်မော်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုအား NUG နှင့်ပါ စကားပြောချင်သလားဟု မေးမြန်းထားကြောင်း ဆိုသည်။ ၎င်းက “စုစည်းညီညွတ်မှုအား လိုပါတယ်။ တစုချင်းကနေ တဖွဲ့ တဖွဲ့ကနေ တနိုင်ငံလုံးရဲ့ စုစည်းညီညွတ်တဲ့အားနဲ့ သွားရမှာ ဖြစ်ပါတယ်။ ဒီကနေ့ထိ ကျနော်တို့သွားနေတဲ့မူကတော့…

  • မောင်ဖြစ်အတွက် မဖြေဆည်နိုင်ဖြစ်နေရတဲ့ ဖွေးစိန်

    မောင်ဖြစ်အတွက် မဖြေဆည်နိုင်ဖြစ်နေရတဲ့ ဖွေးစိန်

    ဆရာဝန်တစ်ယောက် ဖြစ်ပေမယ့် အခုလိုရောဂါနဲ့ ဆုံးသွားလို့ မောင်ဖြစ်အတွက် မဖြေဆည်နိုင်ဖြစ်နေရတဲ့ ဖွေးစိန် ဖွေးစိန်လေး အကယ်ဒမီပေးပွဲ တက်နေတုန်း မောင်ဖြစ်သူဆုံးသွားတဲ့ သတင်းကို ပရိတ်သတ်တို့လည်း ကြားဖူးလောက်ပြီထင်ပါတယ်နော်… အမေဖြစ်သူခမျာလည်း တော်တော်လေးကို ဝမ်းနည်းနေရှာတာ… လူတစ်ယောက်ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေတာထက် ဖွေးစိန်တို့က မဖြေဆည်နိုင်ဖြစ်နေကြတာပါ ဘာလို့လဲဆိုတော့ သူ့မောင်လေးက ဆရာဝန်တစ်ယောက်ဖြစ်ပြီး နှလုံးရောဂါနဲ့ ကွယ်လွန်သွားလို့ပါပဲ ဆရာဝန်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဘဲဆိုတော့ ဒီလိုရောဂါတွေနဲ့ ကွယ်လွန်တတ်ပါတယ်နော်… ဒါပေမဲ့ သူ့ကိုယ်သူ ဆေးစစ်တာ ဆေးသောက်တာ ကာကွယ်တာတွေ သေချာမလုပ်လို့လား မသိဘူးနော်… ဒါမျိုးကြီး ရုတ်တရက်ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ…မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်… ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ မောင်လေးဖြစ်သူ ဧဒင်ဦးရဲ့ ဈာပနအခမ်းအနားမှာ မြင်တွေ့ရတဲ့ ဖွေးဖွေးနဲ့ မိခင်ကြီး…

  • ကျောက်ဖြူ ရေတပ်ဌာနချုပ်ကို AA ထိုးစစ်ဆင်၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က စစ်ကူအမြောက်အမြားပို့

    ကျောက်ဖြူ ရေတပ်ဌာနချုပ်ကို AA ထိုးစစ်ဆင်၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က စစ်ကူအမြောက်အမြားပို့

    ကျောက်ဖြူ ရေတပ်ဌာနချုပ်ကို AA ထိုးစစ်ဆင်၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က စစ်ကူအမြောက်အမြားပို့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်စခန်းဌာနချုပ်ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်က စစ်ကူအမြောက်အမြားပို့နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ယခု ဖေဖော်ဝါရီလဆန်းပိုင်းက လက်ရှိအချိန်ထိ ဓညဝတီသို့သွားသည့် သစ်ပုတ်တောင်လမ်းကွဲတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်နေကြောင်း သိရသည်။ “ကျောက်ဖြူ သစ်ပုတ်တောင် ရေတပ်အနီး အထိတိုက်ပွဲ ပြင်းထန်နေတယ်။ စကစ က လေကြောင်း၊ ရေကြောင်းကတဆင့် အင်အား ၆၀၀ လောက်ထပ်ဖြည့်ထားတယ်လို့ သိရပါတယ်။ ရဲတပ်ရင်း(၃၂)ဘက်ကတော့ တိုက်ပွဲအခြေအနေ မထူးသေးပါဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ စစ်ကော်မရှင်ဘက်က အထိနာနေ၍ ထိုသို့ စစ်ကူအင်အားအများအပြားပို့နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ အာရက္ခတပ်တော်(AA)အနေဖြင့် ယခင်က ကျောက်ဖြူမြို့နှင့် ရမ်းဗြဲမြို့ကြား ထိုးစစ်ဆင်ရာမှ ဓညဝတီရေတပ်စခန်းဌာနချုပ်သို့…

  • ဘဏ်အကောင့်ပိတ်ခံရသူတွေ ဆက်တိုက် ဖမ်းဆီးခံနေရ

    ဘဏ်အကောင့်ပိတ်ခံရသူတွေ ဆက်တိုက် ဖမ်းဆီးခံနေရ

    ညှိမယ်ဆို အနည်းဆုံး ကျပ်သိန်း ၁,၀၀၀ တောင်း ယခင်က KBZ Pay အပိတ်ခံထားရသူတွေကို PSMS နည်းပညာနဲ့ ဆက်တိုက်ဖမ်းဆီးနေပြီး ဖမ်းဆီးခံရပြီးမှ ညှိုနှိုင်းမယ်ဆိုပါက အနည်းဆုံးကျပ်သိန်း ၁‌‌,၀၀၀ က စတင်တောင်းရမ်းနေတယ်လို့ ‌‌ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ မန္တလေးမြို့ကနေ ပြင်ဦးလွင်မြို့ကို အလုပ်ကိစ္စနဲ့သွားတဲ့ အမျိုးသမီးတစ်ဦး ယခုရက်ပိုင်းမှာ ထပ်မံဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ၅၀(ည)နဲ့ အမှုဖွင့်ခံလိုက်ရတယ်လို့ သိရပါတယ်။ ဒီအမျိုးသမီးဟာ သာမန်စီးပွားရေးလုပ်ကိုင်နေသူဖြစ်ပြီး ၂၀၂၁ က ကမ္ဘောဇဘဏ်အကောင့်အပိတ်ခံထားရတာ ဧည့်စာရင်းကို PSMS နည်းပညာနဲ့ စစ်တပ်က တိုက်စစ်ပြီး ပြင်ဦးလွင်မြို့ကဟိုတယ်တစ်ခုမှာ စစ်တပ်က ဖမ်းဆီးသွားတာလို့ သိရပါတယ်။ လက်ရှိ မြို့ တွေပေါ်မှာဖမ်းဆီးတဲ့ အမှု ၁၀၀ မှာ ၈၀ ဟာ KBZ ဘဏ်အကောင့်အပိတ်ခံရသူတွေဖြစ်ပြီး…