Category: News

  • သရုပ်​ဆောင်​ကောင်းလွန်းသူ​တွေလွဲခဲ့တဲ့ စစ်တပ်အကယ်ဒမီ

    သရုပ်​ဆောင်​ကောင်းလွန်းသူ​တွေလွဲခဲ့တဲ့ စစ်တပ်အကယ်ဒမီ

    ဒီနှစ်စစ်တပ်က​ပေးတဲ့ အကယ်ဒမီက ပရိသတ်ရစေချင်တဲ့သရုပ်ဆောင်တွေ မရကြပါ။ အမှိုက်ကိုလက်နဲ့မကျုံးဘဲ မျက်နှာနဲ့ကျုံးသလားတောင်ထင်ရတဲ့ စည်ပင်သာယာဇာတ်ကားနဲ့ မြင့်မြတ်၊ သူများယောကျ်ားကို လု၊ မိခင်ကိုပြန်ပြောတဲ့ဇာတ်ရုပ်နဲ့ ရတနာဗို၊ အရက်သမားအချောင်နေအချောင်စားအဖြစ် ပီပြင်လို့ဆုရတဲ့၊ သားနဲ့ချွေးမထောင်ထဲရောက်နေတဲ့ နေမျိုးအောင်၊ Kpay မှားရောက်ရင် ပြန်လွှဲမပေးတတ်တဲ့ ပရဟိတမိခင်ကြီး ခိုင်နှင်းဝေတို့ဟာ ရသင့်ရထိုက်ပါရဲ့လား။ မြန်မာရုပ်ရှင်အနုပညာရှင်တွေထဲက အကယ်ဒမီ ပေးသင့်ပေးထိုက်သူတွေဟာ တော်တော်များများ ရှိနေတဲ့အတွက် ကျွန်တော်သာအကဲဖြတ်ဝင်ဆိုရင် ရွှေစင်ရုပ်တု ရာချီလုပ်ပြီး ပေးပစ်ချင်မိတယ်။ သရုပ်ဆောင်တွေ သိပ်ကောင်းကြတာကိုး။ ရစေချင်တဲ့သူတွေထဲ ကိုရာဇာကြီးလည်းပါတယ်။ ကိုရာဇာဆိုတာ ရာဇာနေဝင်းပါ။ အာဏာသိမ်းကာလအစောပိုင်းက ကိုရာဇာကြီး လက်သီးလက်​မောင်းတန်း ပြောခဲ့တဲ့စကားတွေများ သိပ်မိုက်တာ။ “ကျွန်တော်တို့ ဘယ်တော့မှ မကျေနပ်ဘူး။ ဘယ်တော့မှ ကြောက်မယ့်ကောင်တွေ မဟုတ်ဘူး။ အနုပညာသမားကို ဘယ်တော့မှ မခြိမ်းခြောက်နဲ့။ ဘယ်တော့မှမကြောက်ဘူး။”တဲ့။ ကိုရာဇာကြီးရဲ့စကားလုံးတွေ မာန်ပါလွန်းလို့ ကျွန်တော်တောင်…

  • ပြည်သူ ရွေးကောက်ခြင်းမရှိဘဲ လွှတ်တော်တက်မည့် စစ်တပ်ကိုယ်စားလှယ်စာရင်း ထုတ်ပြန်

    ပြည်သူ ရွေးကောက်ခြင်းမရှိဘဲ လွှတ်တော်တက်မည့် စစ်တပ်ကိုယ်စားလှယ်စာရင်း ထုတ်ပြန်

    ရွေးကောက်ပွဲအပြီးလုပ်မဲ့ လွှတ်တော်အတွက် ဗိုလ်ချုပ်တယောက် ဦးဆောင်တဲ့ စစ်သား ကိုယ်စားလှယ်စာရင်းကို စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၇ ရက်ညမှာ ထုတ်ပြန်လာပါတယ်။ စုစုပေါင်း အယောက် ၄၄၀ ရှိမဲ့ ပြည်သူ့လွှတ်တော်အတွက် စစ်ခေါင်းဆောင်က ပေးပို့လာတဲ့ စစ်သား အယောက် ၁၁၀ စာရင်းကို စိစစ်ပြီးလို့ ကြေညာတာလို့ ဆိုပါတယ်။ စာရင်းအရ ဗိုလ်ချုပ် ရဲကျော်သူက ဦးဆောင်ပြီး ဗိုလ်မှူးချုပ် ၁၀ ယောက်၊ ဗိုလ်မှူးကြီး ၁၈ ယောက်ပါပြီး ဒီထဲမှာ အမျိုးသမီး ၃ ယောက် ပါပါတယ်။ ပြီးတော့ အမျိုးသမီး ၄ ယောက်အပါအဝင် ဒုတိယဗိုလ်မှူးကြီး ၄၂ ယောက်၊ ဗိုလ်မှူး ၃၉ ယောက်နဲ့ ဗိုလ်ကြီး ၁၂ ယောက် ပါဝင်တာကို…

  • ဂုဏ်ထူးဆောင်ဘွဲ့ကြောင့် ရန်ကုန်တက္ကသိုလ်ဂုဏ်ထိခိုက်ရ ဟုဆို

    ဂုဏ်ထူးဆောင်ဘွဲ့ကြောင့် ရန်ကုန်တက္ကသိုလ်ဂုဏ်ထိခိုက်ရ ဟုဆို

    သမိုင်းအစဉ်အလာကြီးခဲ့သည့် ရန်ကုန်တက္ကသိုလ်က တိုင်းပြည်အာဏာကို လက်နက်ဖြင့်သိမ်းခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဆိုကာ ဂုဏ်ထူးဆောင်ဘွဲ့ ချီးလိုက်ခြင်းက တက္ကသိုလ်ဂုဏ်သိက္ခာကို ထိခိုက်စေပြီး သမိုင်းတွင်မည့် အမည်းစက်တခုဖြစ်ကြောင်း အများက ဝေဖန်ကြသည်။ တိုင်းပြည်ကို အကျပ်အတည်းအောက်ရောက်စေသည့် စစ်တပ်အာဏာသိမ်းခဲ့သည့် ၅ နှစ်တာအတွင်း နိုင်ငံသည် အဘက်ဘက်မှ ဆုတ်ယုတ်ပျက်စီးနေသည်မှာ အများ အသိဖြစ်သော်လည်း ပညာရေးဝန်ကြီး ဒေါ်ချောချောစိန်နှင့် ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခချုပ်တို့ ပေးအပ်သည့် ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှုပါရဂူဆိုသည်မှာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျှက်ရှိသည်ဟု ဆိုကြသည်။ သို့သော် ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်ကမူ မိမိတို့နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုအခက်အခဲများကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျစီမံခန့်ခွဲဖြေရှင်းနိုင်ခဲ့သည့် စွမ်းဆောင်ချက်အပြင် နိုင်ငံကြီးများ အားပြိုင်မှုအကြား မိမိနိုင်ငံအကျိုးစီးပွားကို ကာကွယ်ပြီး သံတမန်ဆက်ဆံရေးနည်းဖြင့် ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံကြီးများ…

  • တော်လှန်ရေး အောင်ပွဲ အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ် ညွှန်ကြား

    တော်လှန်ရေး အောင်ပွဲ အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ် ညွှန်ကြား

    တော်လှန်ရေး အောင်ပွဲ အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ် ညွှန်ကြား စစ်အာဏာရှင် တော်လှန်ရေး အောင်ပွဲ အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ်က မှာကြားလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်မှူးကြီးများ အစည်း အဝေး (၁/၂၀၂၆) တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ်က ထိုသို့ မှာကြားလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း စစ်ရေးရည်မှန်းချက်များ ချမှတ်ခဲ့ရာတွင် တပ်တည်ဆောက်ရေးလုပ်ငန်းများကို အားစိုက်လုပ်ဆောင်ပြီး အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် စစ်ရေး ပြင်ဆင်မှုလုပ်ငန်းစဉ်များ ချမှတ်ထားကြောင်း သိရှိရသည်။ ယင်းအပြင် ၂၀၂၅…

  • ဗန်းမော်တိုက်ပွဲတွင် စစ်ကော်မရှင်တပ် ထိုးစစ်မဆင်နိုင်တော့

    ဗန်းမော်တိုက်ပွဲတွင် စစ်ကော်မရှင်တပ် ထိုးစစ်မဆင်နိုင်တော့

    ဗန်းမော်တိုက်ပွဲတွင် စစ်ကော်မရှင်တပ် ထိုးစစ်မဆင်နိုင်တော့ဘဲ တပ်မိသားစုဝင်များကိုပါ စကခ အတွင်း စုပြုံရွှေ့ပြောင်းထားရ ‎ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိုးစစ်အရှိန်မြှင့်တင်လိုက်သည့် ဗန်းမော်မြို့တိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှာ တန်ပြန်ထိုးစစ်ဆင်နိုင်ခြင်း မရှိတော့ဘဲ လာရောက်တိုက်ခိုက်မှုများကိုသာ ခံစစ် အသေဖြင့် ခုခံနေရကြောင်း သိရသည်။ ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၂၁ အတွင်းသို့ အင်အားလျော့နည်းလာသည့် တပ်ရင်းအသီးသီးမှ တပ်မိသားစုဝင်များကိုပါ ရွှေ့ပြောင်းစုစည်းထားရကြောင်း စစ်ရေးသတင်း ရင်းမြစ်များထံမှ သိရသည်။ ‎”အရင်လို တန်ပြန်ထိုးစစ်တွေ မလုပ်နိုင်တော့ဘူး။ KIA လာတိုက်တာကိုပဲ အသည်းအသန် ခုခံရတဲ့ အနေအထားဖြစ်နေပြီ” ဟု CDMဗိုလ်ကြီးဇင်ယော်က ပြောသည်။ ‎ဗန်းမော်ရှိ စစ်ကော်မရှင်၏ ခလရ ၄၇၊ စစန ၆၄၁၊ ထပရ ၉၃၃တပ်များမှာ အင်အားလျော့နည်းသွားပြီး KIA ထိုးစစ်ဆင်မှုကို အပြင်းအထန်ခုခံနေရသည်။စစ်ကော်မရှင်၏…