Category: News

  • မှော်ဘီကလူအများစိတ်ဝင်စားသောခင်ပွန်းကဇနီးကိုရက်ရက်စက်စက်သတ်သွားသောအမှု

    မှော်ဘီကလူအများစိတ်ဝင်စားသောခင်ပွန်းကဇနီးကိုရက်ရက်စက်စက်သတ်သွားသောအမှု အမှုဖြစ်စဥ်မှာ ၂၄..၁..၂၀၂၆ရက်နံနက်၁၁နာရီခန့်ကရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့မရဲစခန်းတွင်ဒုရဲမှုးစန်းထွေးစခန်းမှုးတာဝန်ထမ်းဆောင်နေစဥ်ဦးခင်မောင်သန်းဆိုသူက၎င်းသည် ၂၄..၁..၂၀၂၆ရက်နံနက်၁၀နါရီခွဲအချိန်မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၊ရွာအုပ်စု၊ ဆပ်သွားတောကျေးရွာ ဖွံ့ဖြိုးရေးလမ်း းရေးလမ်း ကွန်ကရစ် လမ်းသစ်ဖွင့်လှစ်ခြင်း လုပ်ငန်းဆောင်ရွက်ပြီး၍ပစ္စည်းများသိမ်း ဆည်းနေစဉ် ဦးမင်းလွင်၊ (၅၀)နှစ်၊ဆံသ၊ တော်ဝင်လမ်း၊ ပေတရာ မြောက်ပိုင်း၊ ဆပ်သွားတော ကျေးရွာအုပ်စု၊ မှော်ဘီမြို့နယ် နေသူမှ ဖုန်းဖြင့်ဆက်သွယ်ပြီး တော်ဝင် လမ်းရှိ ၎င်း၏ နေအိမ် အနောက်ဖက်တွင် လူသတ်မှု ဖြစ်လို့ အမြန်လာပါ ဟု ပြောသဖြင့်ဦးခင်မောင်သန်းဆိုသူမှသွားရောက်ကြည့်ရှုခဲ့ရာ တော်ဝင်လမ်းရှိ အိမ်အမှတ်မရှိနေ မဟေမာန်သူ(၃၃)နှစ်၊စက်ချုပ်လုပ်ကိုင်သူအား နေအိမ် ဘုရားစင်ရှေ့ကြမ်းပြင်ပေါ်တွင် ဘုရားစင်ဘက်အား ခြေထောက်ပြု၍ မှောက်လျှက် အနေအထားဖြင့် လည်ပင်းပြတ်၊ ဝဲဘက်လက် ချောင်းများပြတ်၊ ယာဘက်လက်ကောက်ဝတ်ပြတ်၊ ယာပုခုံးပြတ်ရှ ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်းသိရသည်။ ဦးမင်းလွင်အား မေးမြန်းရာ နံနက် (၁၀)နာရီ အချိန်ခန့်တွင် ၎င်း၏…

  • မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ စာရင်းကို ဆက်လက် စုံစမ်းနေ (ရုပ်/သံ)

    မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ စာရင်းကို ဆက်လက် စုံစမ်းနေ (ရုပ်/သံ) ရန်ကုန်၊ ဇန်နဝါရီ ၂၈ မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ စာရင်းကို ဆက်လက် စုံစမ်းနေကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီ ၂၇…

  • ရွှေပြည်သာ အထက(၁)ကျောင်းမှာ ကျောင်းသားချင်းခိုက်ရန်ဖြစ်ပြီး ကျောင်းသားတစ်ဦး သေဆုံး

    ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အထက(၁)ကျောင်းမှာ ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က(ဇန်နဝါရီ ၂၇ရက်) ရွှေပြည်သာမြို့နယ် အထက (၁) ကျောင်းအတွင်း ကျောင်းသားချင်း ခိုက်ရန်ဖြစ် ထိုးကြိတ်မှုကနေ Grade-7 ကျောင်းသားဖြစ်သူ မောင်မိုးသူရိန် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။ “သူ့ထက်အတန်ကြီးကျောင်းသားက ထိုးတာ။ထိုးခံရတဲ့နေရာမှာပဲ သေသွားတာ။ကလေးက နဂိုကတည်းက နှလုံးရောဂါအခံရှိတယ်”လို့ ဖြစ်စဥ်ကို သိရှိသူက ပြောပါတယ်။ ဒါပေမယ့် ကျောင်းတာဝန်ရှိသူတွေက သေဆုံးခဲ့တဲ့ ကျောင်းသားရဲ့မိဘတွေကို ဘောလုံးကစားစဥ် အမောဖောက်သေဆုံးတယ်ဆိုပြီး ပြောဆိုထားတယ်လို့ သိရပါတယ်။ “သက်​သေ ရုပ်သံဖိုင်ရှိတယ်။ဘာမှ ငြင်းမရဘူး။တချက်ထဲ ထိုးတယ်တောင်ပါသေးတယ်။အဓိကတော့ အခု နောက်ပိုင်းကလေး နဲ့ လူငယ်တွေ ကြား အကျင့်စရိုက်တွေ အတော်ကို ပျက်စီးနေကြတယ်”လို့ ရွှေပြည်သာမြို့ခံတစ်ဦးက ပြောပါတယ်။ နောက်ထပ် ဒေသခံတစ်ဦးကလည်း “ဆရာ၊…

  • ICJ ကြောင့် လေသံပြောင်းသွားသည့် မဘသများ

    ICJ ကြောင့် လေသံပြောင်းသွားသည့် မဘသများ

    ယမန်နေ့ကျင်းပသည့် ရန်ကုန်မြို့လယ်စုဝေးပွဲတွင် အတိတ်က ရိုဟင်ဂျာဆန့်ကျင်ပွဲများနည်းတူ ဦးဝင်းကိုကိုလတ် နည်းတူ ဦးသုစိတ္တလည်း တက်ရောက်ဟောပြောခဲ့သည်။ အမျိုးသားရေးသမားအမည်ခံ စစ်တပ်ထောက်ခံရေးသမားတို့သည် ၎င်းတို့၏အစဉ်အလာအတိုင်း ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့တွင် ယမန်နေ့ နေ့လယ်ပိုင်းက စုဝေးခဲ့ကြပြီးသည်။ စစ်တပ်၏ခွင့်ပြုချက်ဖြင့် ကျင်းပခဲ့သည့် အနည်းဆုံး လူ ၅၀၀ ခန့်ပါဝင်သော ထိုစုဝေးပွဲသည် နိုင်ငံတကာတရားရုံး ICJ တွင် ဂမ်ဘီယာကတရားစွဲထားသည့် ရိုဟင်ဂျာတို့ကိုလူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် တရားရင်ဆိုင်နေရသည့် စစ်ကော်မရှင်ကိုယ်စားလှယ်များကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ စုဝေးပွဲကို ‘အမျိုးသားရေးသမား’ ဟု ၎င်းကိုယ်၎င်း မကြာခဏရည်ညွှန်းလေ့ရှိသည့် ဦးဝင်းကိုကိုလတ်က ဦးဆောင်သည်။ ဦးဝင်းကိုကိုလတ်သည်ဆယ်စုနှစ်နှင့်ချီကြာ ရိုဟင်ဂျာနှင့် မွတ်ဆလင်မုန်းတီးရေး လှုပ်ရှားမှုများကို ဦးဆောင်သူဖြစ်ပြီး နာမည်ဆိုးဖြင့် ကျော်ကြားသည့် မဘသ ဘုန်းတော်ကြီးများနှင့် မွတ်ဆလင်မုန်းတီးရေး ဘုန်းကြီး ဦးဝီရသူ၏ တပည့်ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း စစ်တပ်ထောက်ခံရေးသမား၊…

  • ၁၅ နှစ်အောက် ဆိုရှယ်မီဒီယာသုံးခွင့် ပိတ်ရန် ပြင်သစ်အောက်လွှတ်တော် အတည်ပြု

    ၁၅ နှစ်အောက် ဆိုရှယ်မီဒီယာသုံးခွင့် ပိတ်ရန် ပြင်သစ်အောက်လွှတ်တော် အတည်ပြု

    ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းရဲ့ ထောက်ခံမှုနဲ့ တင်သွင်းတဲ့ အသက် ၁၅ နှစ်အောက်တွေ ဆိုရှယ်မီဒီယာသုံးစွဲခွင့် ပိတ်ပင်ရေး ဥပဒေကြမ်းကို ပြင်သစ်အောက်လွှတ်တော်က ဇန်နဝါရီ ၂၆ ရက်မှာ အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေကြမ်းကို ထောက်ခံမဲ ၁၁၆ မဲ၊ ကန့်ကွက်မဲ ၂၃ မဲနဲ့ အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး အထက်လွှတ်တော်မှာပါ ထပ်မံအတည်ပြုပြီးရင်တော့ ဥပဒေအဖြစ် တရားဝင် အသက်ဝင်လာမှာပါ။ ဥပဒေသာ အတည်ဖြစ်လာရင် ၁၅ နှစ်အောက် ကလေးတွေဟာ Snapchat၊ Instagram နဲ့ TikTok လို လူမှုကွန်ရက်တွေကို သုံးစွဲခွင့်ရတော့မှာ မဟုတ်ပါဘူး။ သမ္မတ မက်ခွန်း ကတော့ ဒါဟာ “အဓိကခြေလှမ်းတရပ်” ဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး “ကျုပ်တို့ကလေးတွေရဲ့ ဦးနှောက်တွေဟာ ရောင်းကုန်မဟုတ်ဘူး” လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ လာမဲ့…