Category: News

  • စစ်ကောင်စီက ပူတာအိုရှိ အထိုင်တပ်ကို အင်အားဖြည့်တင်း၍  ခံစစ်အခိုင်အမာပြင်ဆင်နေ

    စစ်ကောင်စီက ပူတာအိုရှိ အထိုင်တပ်ကို အင်အားဖြည့်တင်း၍ ခံစစ်အခိုင်အမာပြင်ဆင်နေ

    ဗန်းမော်တွင် တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီက ပူတာအိုရှိ အထိုင်တပ်ကို အင်အားဖြည့်တင်း၍ ခံစစ်အခိုင်အမာပြင်ဆင်နေ ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေချိန်တွင် စစ်ကောင်စီက ပူတာအိုမြို့နယ်၊ ဆာရ်ခွမ်ဒမ်းကျေးရွာ အုပ်စု၊ ထဝါဒမ်းကျေး ရွာရှိ စစ်ကောင်စီအထိုင်တပ်ကို အင်အားဖြည့်တင်းနေကြောင်း သိရသည်။ ပူတာအိုအခြေစိုက် ခလရ ၄၆ တပ်ရင်းလက်အောက်ခံ ထောက်ပံပို့ဆောင်ရေးတပ်ခွဲ ထပခ ၉၂၇ ကို အင်အား ၁၂၀ ခန့်ဖြင့် ခံစစ်ပြင်ဆင်ထားကာ တပ်ရင်းကို သံဆူးကြိုး နှစ်ထပ်ကာရံ၍ ဆက်သွယ်ရေးတူးမြောင်းများ၊ ကတုတ်ကျင်းများပါတူးပြီး နှစ်ထပ်ဘန်ကာများ ဆောက်လုပ်ထားကြောင်း သိရသည်။ “အင်အားဖြည့်ပြီးဘန်ကာတွေပါဆောက်နေပါတယ်။ ၂ လလောက်ရှိပြီ တပ်အင်အားတွေပါတိုးချနေတာ။ နှစ်ထပ်သံစည်းရိုးတွေပါကာထားပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၄ရက်နေ့ကစတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဒီဇင်ဘာ လကုန်ပိုင်းလောက်တွင် ထဝါဒမ်းကျေးရွာ အထိုင်စခန်းကို စစ်ကောင်စီက…

  • ကျောင်းလခ ဈေးတိုးမြှင့်မှုကြောင့် မိဘများအခက်တွေ့

    ကျောင်းလခ ဈေးတိုးမြှင့်မှုကြောင့် မိဘများအခက်တွေ့

    လာမည့်ပညာသင်နှစ်အတွက် ပုဂ္ဂလိကကျောင်းနှင့် နိုင်ငံတကာကျောင်းများ ကျောင်းလခ ဈေးတိုးမြှင့်မှုကြောင့် မိဘများအခက်တွေ့ လာမည့်ပညာသင်နှစ် ၂၀၂၅- ၂၀၂၆ ခုနှစ်အတွက် ပုဂ္ဂလိက ကျောင်းများအပါအဝင် နိုင်ငံတကာ ကျောင်းများသည် ကျောင်းဝင်ကြေးနှင့် ကျောင်းလခများဈေးတိုးမြှင့်မှုကြောင့် ကျောင်းသားမိဘများ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ ပုဂ္ဂလိက ကျောင်းများနှင့် နိုင်ငံတကာကျောင်းများသည် စာသင်ကြားမှုပုံစံကျောင်းနာမည်ကြီးမှု အပေါ်မူတည်ပြီး မူလဈေးနှုန်း တစ်ဆမှ နှစ်ဆအထိ ဈေးနှုန်းပြောင်းလဲသွားကြောင်း ကျောင်းသား မိဘများထံက သိရသည်။ လက်ရှိစာသင်နှစ်ကုန်ဆုံးခြင်းမရှိသေးသော်လည်း လာမည့်စာသင်နှစ်အတွက် ကျောင်းလခများ တိုးကောက်ပြီး စာတော်သောကျောင်းသားများကိုသာလက်ခံလိုသည့်ကျောင်းများရှိကြောင်း ကောင်းထက်ကျော်ကိုယ်ပိုင်ကျောင်းတွင် ကျောင်းတက်ရောက်နေသော ကျောင်းသားမိဘများထံက သိရသည်။ “ နောက်နှစ်အတွက် ကျောင်းလခက တော်တော်များတယ်။ ငါးသောင်းကျော်တိုးတယ်။ မနှစ်ကလည်း တစ်သောင်း လောက်ဈေးတိုးသေးတယ်။ ဝင်ကြေးလည်းတိုးတယ်။ ကျောင်းသားအသစ်လည်း မဟုတ်ဘဲပေးရတယ်။ ကျောင်းသားအဟောင်းပေမယ့် သူတို့ကျောင်းအပ်ဖို့သတ်မှတ် ထားတဲ့ ရက်အတွင်း…

  • တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

    တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

    AA က သိမ်းပိုက်ထားသော မြောက်ဦးမြို့တွင် တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး ရခိုင်ပြည်တွင် AA က သိမ်းပိုက်ထားသော မြောက်ဦးမြို့အတွင်း တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးနေကြောင်း ဒေသသတင်းရင်းမြစ် Arankan Princess Media က သတင်းဖော်ပြသည်။ AA က ၎င်းသိမ်းပိုက်ထားသော မြို့ကြီးများတွင် တရားဥပေဒစိုးမိုးရေးနှင့် အုပ်ချုပ်ရေးစနစ်များ ထူထောင်လျက်ရှိရာ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး( DLEPS) ဌာနကိုလည်း တည်ထောင်ကာ မြို့ပြအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်လာသည်ကို မြင်တွေ့ရသည်။ ယခုရက်ပိုင်းအတွင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ DLEPS က ပြည်ပ အရက်၊ ဘီယာများ ကင်းစင်ရေးအတွက် အရက်ဖြန့်ဖြူးရောင်းချနေသည့် ဆိုင်နှင့်စားသောက်ဆိုင်များကို တစ်ဆိုင်ဝင်…

  • စစ်ဘေးရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် စားသောက်ကုန်များကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့၍ လိုက်လံ ခိုးယူလုယက်

    စစ်ဘေးရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် စားသောက်ကုန်များကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့၍ လိုက်လံ ခိုးယူလုယက်

    ပွင့်ဖြူတွင် လူသူမရှိတော့သော စစ်ဘေးရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် စားသောက်ကုန်များကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့၍ လိုက်လံ ခိုးယူလုယက်နေ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်း ရှောင်နေရသည့် ကျေးရွာများကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့ စိတ်ကြိုက်ဝင်ရောက် ခိုးယူနေကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ပွင့်ဖြူမြို့နယ်၊ နီမဒဲကုန်း-မဲဇလီ တစ်လျောက်တွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်း ဖက် စစ်ကောင်စီ တပ်သားများ တိုက်ပွဲများဖြစ်ပွားနေသောကြောင့် အနီးအနားရှိကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများက ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ၊ ထိုသို့ စစ်ဘေးရှောင်ရန် ပြည်သူများ တိမ်းရှောင်နေသည့် ကျေးရွာများကို စစ်တပ်နှင့် ဆက်ဆံရေး အဆင်ပြေနေသော ကြံ့ဖွတ်ပါတီဝင်များက…

  • သာပေါင်းတွင် AA ၏ ထိုးစစ်ကြောင့် ဒဏ်ရာရရှိသော စစ်သားများကို ပုသိမ် မဆရ ၄ သို့ ပို့ဆောင်စဉ် ဗိုလ်ကြီး ၁ ဦး သေဆုံး

    သာပေါင်းတွင် AA ၏ ထိုးစစ်ကြောင့် ဒဏ်ရာရရှိသော စစ်သားများကို ပုသိမ် မဆရ ၄ သို့ ပို့ဆောင်စဉ် ဗိုလ်ကြီး ၁ ဦး သေဆုံး

    မြို့မ ရဲစခန်းတွင်လည်း စခန်းမှူးဝင်းနိုင်ဦး၏ ရက်လည် ဆွမ်းသွတ်ပြုလုပ် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် AA ၏ ထိုးစစ်ကြောင့် ဒဏ်ရာရရှိသော အကြမ်းဖက် စစ်သားများကို ပုသိမ် မဆရ ၄ သို့ ပို့ဆောင်စဉ် ဗိုလ်ကြီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်တွင် သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာဘက်မှ လူနာတင်ကား ၁ စီး၊ စစ်တပ် Faw ကား ၁ စီးဖြင့် ဒဏ်ရာရ စစ်သား ၄ ဦးကို မကျီးဇင်-သာပေါင်း-လမ်းပိုင်း မှ ပုသိမ်မြို့ရှိ အမှတ် ၄ စစ်မြေပြင် ဆေးတပ်ရင်းကို အရေးပေါ်…